HAPPY NEW YEAR 2009!!!!!!!!!!!!!


HAPPY NEW YEAR..........
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ် ခင်ဗျာ။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်တို့ နဲ့ အစဉ်ထာဝရ ပြည့်စုံပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/31/2008 06:37:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Internet Privacy Cleaner Software


Internet Privacy Cleaner Software လေးပါ။ အလွယ်တကူ ရှင်းပစ်နိုင်ပါတယ် Browser ထဲကိုဝင်ပြီးရှင်းနေရင်လည်း အချိန်ကုန်တယ် ၊Temporary Files
တွေကိုဖျက်နေရင်လည်းကြာတယ်ဆိုရင်..ဘာတွေလုပ်ဆောင်နိုင်လည်း ဆိုတာကတော့ ......


# Downloaded Program Files
# Internet Explorer Cookies
# Internet Explorer Typed URLs
# Internet Explorer Cache
# Internet Explorer Browsing History
# Last Opened Programs List
# Mozilla Firefox Cache
# Mozilla Firefox Cookies
# Run commands List
# Temporary Directory
# Temporary Internet Files
# WinRAR Recent Files စတာတွေကို Erase လုပ်ပေးနိုင်ပါတယ်။
Software ကိုတော့ ဒီမှာ Download ယူပါခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:33:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Speed up Flip 3D Effect in WindowsVista

 

 

Window Vista မှာပါနေတဲ့ Flid 3D Effect တွေကို လက်ရှိသုံးနေကျထက် မြန်အောင်လုပ်နိုင်သလို နှေးအောင်လည်းပြင်ဆင်နိုင်ပါတယ်။Flid 3D Effect ဆိုတာကတော့ Alt +Tab , Window Key +Tab နဲ့ တွဲပြီးနှိပ်မယ်ဆိုရင် တွေ့ ရမယ့် Window Vista ရဲ့ Effect တွေဖြစ်ပါတယ်။ကျွန်တော် Vista အတွက် Registry Post ရေးတာနည်းပါတယ်။ ရေးမယ်လို့ လုပ်မှ ကွန်ပျုတာက မရှိ၊ InterNet ကမရနဲ့ လုံးထွေးနေတာပါ။အရေးထဲ ဘလောဂ့် အဟောင်းက Password Hack ခံရလို့  ရေးထားတဲ့ Post တွေကို Recover ပြန်လုပ်နေတာနဲ့ တော်တော်စိတ်ညစ်နေတာဗျာ။အခုတော့ စာပြန်ရေးတော့မယ်။ ဘလော့အသစ်တော့ လုပ်ပြီးပြီပေါ့ဗျာ ၊အရင်က peacefulforever.com ဆိုတော့ အခု အသစ်ပြန်လုပ်တော့ .net နဲ့ Domain ပြန်ယူထားတယ်၊မရသေးဘူးဗျာ ၃ရက်စောင့်ရဦးမယ်လေ။ Happy New Year အမှီတော့ Domain အသစ် ၊Template အထိုင်ကျမယ်ထင်တယ်ဗျာ။
လေရှည်နေတာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အသိတွေအားလုံးက အရင်ဘလော့ကိုပဲ သိကြတာလေ ။ Flid 3D Effect အတွက်Registry ကိုစပြီး ပြင်ကြည့်ရအောင်ရအောင်။

အရင်ဆုံး Start > Run > regedit >Ok ပေးလိုက်ပါ။ HKEY_CURRENT_USER>>Software>>Microsoft>>Windows>>DWM ကိုရောက်ရင်
ညာဘက် Panel မှာ R_Click >New > DWORD (32-Bit) ဒါမှမဟုတ် (64-Bit) ကိုယူလိုက်ပါ။ Name ကိုတော့ speedup3DWindows လို့ ပေးပြီး၊
Value Data ကိုတော့ 4 to 9 ကြားထဲက ကြိုက်သလို ထည့်ပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အမြန်ကို မှုတည်ပြီး ထည့်ပေးပါ။ စက်ကို Restart ပေးလိုက်ပါ။
 
 

အရင်သုံးနေကြထက် ပိုပြီးမြန်ဆန်လာခြင်း၊ပိုပြီးနှေးသွားတယ် ဆိုတာတွေကို တွေ့ ရမှာပါ။ ကိုယ်ထည့်တဲ့ Value Data ပေါ်မှုတည်ပါလိမ့်မယ်။
DWORD (32-Bit) ဒါမှမဟုတ် (64-Bit)  ဆိုတာကိုတော့ ဂရုစိုက်ပေးပါ။ကိုယ်စက်က 32 ဆိုရင် 32 ,64 ဆိုရင် 64 ရွေးပေးပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:15:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

အလွမ်းတွေနဲ့ ဆောင်တစ်ည

သူပျော်နေတာကို ၊ငါဝမ်းသာပါတယ်....
သူဝမ်းနည်း နေရင်တော့ ငါမပျော်နိုင်ဘူး....
ဘာတွေပဲ ဖြစ်ဖြစ် သူပျော်နေတာကို မြင်ချင်တယ်.....
ပျော်ရွှင်မှုတွေဆိုတာကလည်း လိုချင်းတိုင်းရတဲ့ အရာမှ မဟုတ်တာကို ....
ငါကတော့ ပျော်ရွှင်မှုဆိုတာကို မျက်ကွယ်ပြုရင် ဒီနေ့ ရက်တွေဆို ကြောက်နေခဲ့မိတယ်.....
ငါဆိုတာကတော့ ရှင်ပါတယ် အေးစက်မာကျောနေတဲ့ သံမဏိမဟုတ်တာတော့ သေချာတယ်.....
အလွမ်းဆွေတွေ၊ အမှတ်တရတွေကို မမေ့နိုင်သမျှတော့ ငါက အေးစက်စက် ထမင်းကြမ်းခဲကတောင်... ငါ့ထက်ပိုပြီး ပြည့်စုံနေဦးမယ်......ဒါပေမယ့် ငါတက်နိုင်သလောက် ပြုံးနေဦးမှာပါ....သူပျော်နေတာကို.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 10:21:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

REVO Uninstaller


ကွန်ပျူတာတွေ မှဖြစ်တက်တဲ့ Unstrall လုပ်လို့ မရတာတွေကို ဖြေရှင်းနိုင်ပါတယ်။ Revo Uninstaller မှာတော့ Auto Run Manager,Window Tool,Junk File Cleaner တွေပါဝင်ပါတယ်။ Browser Cleaner, Microsoft Office Cleaner, Window Cleaner,Drive Scan တွေပါဝင်လို့ အသုံးပြုရတာ နှစ်သက်မှုရှိမယ် ထင်ပါတယ်။ ဆော့ဝဲက Freeware ဖြစ်ပါတယ်။

အသုံးဝင်မယ် ဆိုရင်တော့ Download ရယူနိုင်ပါတယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 05:51:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Window Vista Performance Analysis Tools Book


Window Vista နဲ့ ပတ်သတ်တဲ့ အသုံးဝင်မယ် အချက်အလက်လေးတွေကို ဖော်ပြပေးထားတဲ့ စာအုပ်လေးပါ။ စာမျက်နှာကတော့ မများပါဘူး၊ ဒါပေမယ့် သိသင့်တယ်ဆိုတာတွေကို ဒီစာအုပ်ထဲမှာပါရင် OK ပြီပေါ့ဗျာ။ Microsoft ကထုတ်တာဖြစ်ပါတယ်။ Window Vista ကိုအသုံးပြုနေတဲ့ သူတွေ အတွက်တော့ အဆင်ပြေစေမှာပါ...စာအုပ်လေးကို လိုအပ်တယ်ဆိုရင် ဒီမှာ DOWNLOAD လုပ်ယူနိုင်ပါတယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 11:35:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

USB Drive များတွင် FAT Format မှ NTFS Format သို့ ပြောင်းခြင်း

USB Drive တွေကို FAT ကနေ NTFS Format ကိုပြောင်းတဲ့ ပုံစံလေးပါ။ ပြောင်းရတာကလည်း ရိုးရှင်းလွယ်ကူပါတယ် ။USB Drive အများစုကတော့ FAT Format နဲ့ ဖြစ်ပါတယ်။ ဘာလို့ FAT ကသုံးလို့ ရနေတာပဲ NTFS ကိုဘာလို့ ပြောင်းမှာလည်းလို့ မေးရင် နောက်ပိုင်းမှာ ကျွန်တော်တို့  DVD ,CD Drive တွေပျက်သွားခဲ့ရင်သော် လည်ကောင်း၊ Window Vista ကို Bootable Intaller အဖြစ် အသုံးပြုချင်ရင်လည်း အသုံးပြုလို့  ရအောင်ဖြစ်ပါတယ်။ USB Drive တွေကို FAT ကနေ NTFS Format ကိုပြောင်းမယ်ဆိုရင်..




My Computer ကို Right Click > Manage ကတဆင့် Device Manager ဆိုတာကို ရွေးပေးပါ။ Device Manager ကိုရောက်ပြီဆိုရင် ကိုယ့်ရဲ့ USB Drive ကိုရှာပါ။ ကိုယ့်ရဲ့ USB Drive ကဘယ်မှာရှိလဲဆိုတော့ Disk Drives ဆိုတာရဲ့ အောက်က generic storage device USB device မှာရှာပါ။ တွေ့ ပြီဆိုရင် Right Click > Properties > Policies Tab မှာ optimize for performance နေရာမှာ Click ပေးပြီး OK ဆိုရင် အဆင်ပြေပါပြီ။ My Computer ကို ပြန်ဖွင်ပြီး ကိုယ့်ရဲ့ USB Drive ရဲ့ Format ကို Properties ကပြန်ကြည့်ရင် NTFS Format နဲ့ တွေ့ ရမှာဖြစ်ပါတယ်။


အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 10:05:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

How to cool off an Overheating Laptop

ကိုယ့်ရဲ့ Laptop ကို Overheat မတက်စေချင်ရင် အောက်မှာပြထားတဲ့ ပုံလေးတွေ အတိုင်းသုံးရင် အဆင်ပြေမယ်ပေါ့ဗျာ။

 
 


Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 01:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Increase External USB Hard Drive Speed

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ Hard Drive နည်းနေတယ်ဆိုရင် USB External Hard Drive တွေကိုအသုံးပြုကြပါတယ်။ အလွယ်တကူ ယူဆောင်လို့ လည်းအဆင်ပြေတဲ့ အတွက် အသုံးများလာတဲ့ သဘောဖြစ်ပါတယ်။ အများအားဖြင့် Laptop တွေမှာ အသုံးပြုတာကို တွေ့ ရပါတယ်။ DATA တွေကိုအများအပြား သိမ်းဆည်းထားလိုခြင်း၊ အလွယ်တကူ မည်သည့် ကွန်ပျုတာနဲ့ မဆို ချိတ်ဆက်အသုံးပြုနိုင်ခြင်းတွေက USB External Hard Drive တွေကိုအသုံးများလာစေပါတယ်။ ကိုယ့်ရဲ့ ကွန်ပျုတာမှာ USB External Hard Drive ကို ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင် USB External HardDrive ရဲ့  Speedကို တိုးမြင်ချင်တယ်၊အရင်ကထက်ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။Window Vista မှာဆိုရင်လည်း အောက်မှာ ဖော်ပြထားတဲ့အဆင့်လေးတွေ အတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။


- My Computer ကို Right Click ပေးပြီးတော့ Manage ဆိုတာကို Click ပေးလိုက်ပါ။
-Device Manager ဆိုတာကို Click လုပ်ပါ။
-Device Manager ကို Click လုပ်ပြီးရင် ကိုယ့်ရဲ့ USB External Hard Drive ကို ရှာပါ။
-ကိုယ့်ရဲ့ USB External Hard Drive ကိုတွေ့ ပြီဆိုရင် Right Click နဲ့ Properties ကိုရွေးပေးပါ။
-Properties မှာရှိတဲ့ Policies Tab လေးကို Click ပေးလိုက်ပါ။ Optimize for performance ဆိုတာကို Select လုပ်ပေးပါ။
“Enable write caching on the disk” and “Enable advanced performance” ဆိုတဲ့ အကွက်လေးတွေကိုလည်း အမှန်ပေးလိုက်ပေါ့ဗျာ။

ပြီးပြီဆိုရင်တော့ Restart ပေးလိုက်ရင် မိမိ တပ်ဆင်ထားတဲ့ USB External Hard Drive ရဲ့ လုပ်ဆောင်ချက်တွေ အရင်ကထက် ပိုမို မြန်ဆန်လာမှာပါ။
အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 12:47:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Window Vista Cleaner

Window Vista အတွက် Registy Cleaner လေးပါ။ အသုံးဝင်မယ် ထင်ပါတယ်။ Free Version ဖြစ်တဲ့အတွက် မိမိနှစ်သက်သလောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူပါတယ်။ Registry ကို ဘာလို့ ဒီလိုလုပ်တယ်ဆိုတာကို အရင်ပိုစ့်တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကျွန့် တော့်အရင်ရေးပြီး သွားပြီးဖြစ်ပါတယ် ခင်ဗျာ။ အသုံးပြုချင်တဲ့ သူတွေအတွက် တင်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော် အရင်သုံးပြီးသွားပါပြီ Window ကောင်းစွာ အလုပ်လုပ်ပါတယ်။ မကောင်းရင် ကျွန်တော် ဒီပိုစ့်ကိုရေးဖို့  Computer မရှိတော့မှာ ဖြစ်ပါတယ်။Smile

ဆော့ဝဲလေးကိုတော့ အောက်မှာ ယူနိုင်ပါတယ်။

http://www.free-windows-registry-cleaner.com/free_windows_registry_cleaner.html

WHY DO YOU NEED A REGISTRY CLEANER FOR WINDOWS?
* When the registry problems in a Windows Vista-based PC keeps on rising, the time to boot the system considerable increases and this situation sometimes doesn’t even support the best of hardware configurations.
* Erroneous registry can affect the most basic commands making them respond very slowly.
* If there are registry errors, you may find files, which were up to the mark a few days back, either not performing at all or behaving erratically. This, many a times, leads to unexpected crashing problems in your system.
* Registry problems can also sometimes make you lose control over your system. In such cases you have to take the help of a registry cleaner for recovery.
* The registry problems also affect Web-browsing as they hamper the Web-browser to get the desired system response.
* Registry problems also many times leads to unexpected closing of various software applications running in your system, as the applications start responding to your commands very slowly or stop responding at all.
However, there remains the question that how Windows Registry becomes erroneous. The primary reason for the errors in Windows Registry is the continuous use of it, which subsequently makes the growth of the registry uncontrollable and thereby slows down your system. Windows Registry also changes whenever you install new software in your system, uninstall existing software, create a new user or use the chat programs for communication. Thus, Windows Registry can encounter problems due to various incorrect entries, unused keys, adware or spyware keys, or inconsistent growth of the size of the registry. These problems affect the performance of your system and to recover from it you need a registry cleaner for the Windows.

အပေါ်က ရေးထားတာတွေကတော့ ကူးချထားခြင်းဖြစ်ပါတယ်။ Laughing

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 12:44:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

ကျွန်တော့် သူငယ်ချင်း ဂျပန်မလေး ဘလောဂ့်လေးတောင် ၅ လ တင်းတင်းပြည့်ပြီပဲလေ...အော် ဘာလိုလိုနဲ့  အချိန်တွေ အချိန်တွေ တော်တော်ကို အကုန်မြန်နေပါလား... သူရေးတဲ့  post တွေကလည်း ၂၀၀ ပြည့်ပြီလေ...တော်တော်ကို ကြိုးစားပန်းစား ရေးထားတာကို၊ သူ့ ကြိုက်တဲ့  Teddy Bear အရုပ်လေးနဲ့ အတူ သူ့ ရဲ့ ဓာတ်ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ ဂျပန်မလေးရေ ကျောင်းသွားရင် တစ်ခါတည်း ယူသွားလို့ ရအောင် ကျောပိုးအိပ်လေးပါ လက်ဆောင်ပေးလိုက်တယ်နော်...သူငယ်ချင်း ဂျပန်မလေး အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးရင် ဒီထက်မက စာတွေ၊ အတွေ့ အကြုံတွေကို မျှဝေပေးနိုင်ပါစေ ခင်ဗျာ။
ဂျပန်မလေး ကျောင်းမသွားပဲ post ရေးအပြီး အပန်းဖြေနေစဉ်ပုံပါ... :P
ဒါကတော့ ကျွန်တော် လက်ဆောင်ပေးလိုက်မဲ့  ကျောပိုးအိပ်ပါ။ အရုပ်ပါပါသည်၊ကျောင်းရောက်ရင် ဆော့ဖို့  :D

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

No Title (ခေါင်းစဉ်မရှိ)


ချစ်သူရေ....ငါနင့်ကို စိတ်ပူတယ်ဟာ....ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စိုးရိမ်တဲ့ စိတ်လေးကိုတော့ အသိအမှတ်ပြုပေးပါ။ ငါကတော့ နင့်ကို အမြဲတမ်း ချစ်နေဦးမှာပါ။ နင့်ရဲ့ စိတ်ထဲမှာ တစ်ယောက်ထဲ ဆိုတဲ့စိတ်ကို မေ့ထားလိုက်ပါ။ နင်မိုးရေထဲမှာ တစ်ယောက်ထဲ ဖြစ်နေလို့  နင့်မှာ ထီးမရှိခဲ့ရင် ငါမှာရှိတဲ့ လက်ဝါးနှစ်ဖက်နဲ့  နင့်ကိုထီးအဖြစ် မိုးပေးပါရစေ။ အပြည့်အ၀ လုံခြုံမှုကို မပေးနိုင်ရင်တောင် ငါနင့်ကိုချစ်တဲ့ စိတ်ကြောင့် နင်နွေးထွေးနေမှာပါ။ နင့်ဘေးမှာ ငါနေချင်တဲ့ စိတ်ကိုတော့ ငါဘယ်တော့မှ ပြင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင် နင်အတွက် လုံခြုံမယ် ထင်တဲ့ ထီးတစ်လက်ကို ရှာလိုက်ပါ။ အခက်အခဲ ရှိလာရင်တော့ ငါ့ရဲ့ လက်ဝါးနှစ်ဖက်အောက်ကို ၀င်လာလည့်ပါ၊ ငါနင့်ကို နွေးထွေးစွာ ကြိုဆိုနေပါ့မယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ရက်ပေါင်း ၇၁၄ ရက်

နင်နဲ့ စတွေ့ ခဲ့တဲ့ အချိန်လေးကို ပြန်ရောက်တော့မယ်... ဒါပေမယ့် အရင်ကလို ပျော်ရွှင်မှုတွေကို ပြန်လည်တမ်းတ လို့ မရတော့ဘူးလေ.....နင်နဲ့ ငါ အရမ်းကို ကွာဝေးစေခဲ့ပြီလေ ကံတရားဆိုတာကြီးက ကံကိုပဲ အပြစ်မပြောပါဘူး ငါတို့ နှစ်ယောက်ကိုက မထားသင့်တဲ့ ပြိုင်ဆိုင်မှုတွေကို ထားခဲ့တာကို ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုငါ အသက်လောက်ကို ချစ်ခဲ့တာပဲလေ ပိုပြောတယ်လို့  ဆိုရင်လည်း ငါနင့်ကို ပြန်လည်ငြင်းဆန် နေမှာမဟုတ်ဘူးနော်၊............

ငါဘယ်လောက်ချစ်ခဲ့တယ် ဆိုတာကို နင် ကငါ့ထက်ပိုပြီး သိမယ်ထင်တယ် ငါနင့်ကို
အခုချိန်မှာ ဘယ်လောက်ပဲ ချစ်ပါတယ် လို့ ပဲပြောပြော အရာရာက နောက်ကျနေခဲ့ပြီလေ ငါ နင့်ကို ချစ်တယ်ဆိုတာကတော့ ငါ့ကိုငါ ယုံမှားဖွယ် မရှိတာတော့ ငါသိတယ်...ထားလိုက်ပါတော့လေ..........
ရက်ပေါင်း ၇၁၄ ရက်အတွင်းမှာ ငါတို့ တွေ မထင်မှတ်တဲ့ ကိစ္စတွေ ပြဿနာတွေ အလွမ်းတွေ အဆွေးတွေနဲ့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လေ ...

နင်ပျော်ရွှင်ပါစေ လို့ ငါအမြဲတမ်း ဆုတောင်းနေမှာပါ ...ငါ နင့်ကို ဘယ်တော့မှ မမုန်းပါဘူး စိတ်သဘောထာခြင်း မတိုက်ဆိုင်လို့ သာ ငါတို့ တွေ ဝေးခဲ့ရတာပါ ငါ့ရင်ထဲမှာ နင့်အတွက် အမုန်းဆိုတာကို ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ပါဘူး ....ငါ နင်နဲ့ စတွေ့ တည်းက အချစ်တွေ နဲ့ စပြီး အချစ်တွေနဲ့ အဆုံးသတ်ချင်တယ် လို့ ပြောခဲ့တယ်နော်...ဘာတွေပဲ ဖြစ်ဖြစ်ငါနင့်ကို ချစ်ခဲ့ပါတယ်။.........ငါနင့်ကိုမေ့ဖို့ ဆိုတာ လည်း မဖြစ်နိုင်သေးလို့  ငါ့ကိုသတိရ ခွင့်လေးတော့ ပေးကွာ၊ ဒဏ်ရာဆိုတာ ပျောက်သွားမယ် ဆိုရင်တောင် အမာရွတ်လေးတော့ ထင်ကျန်နေခဲ့တယ်လေ...ငါရလိုက်တဲ့ ဒဏ်ရာက ရင်ထဲမှာပါ........
မိုးပြေး(၁၀.၁၀.၂၀၀၈)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:06:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

TAG ခေါင်းစဉ်က ဖြစ်သလို ၊ ကြုံသလိုစားခြင်းတဲ့....

ကျွန်တော်သည် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး အပျင်ထူ၍ နေစဉ် Cbox ထဲမှာ TAG ထားတယ်လို့  လာပြောမှပဲ သိတော့တယ်။ သူများတွေကရေးပြီးနေပါပြီ၊ အဲဒါကို ရွှေမင်းသမီး MEGUMI ကရုပ်ရှင်ရုံမှာ ရုပ်ရှင်ကောင်းသောကြောင့် ကြိတ်ကြိတ်တိုး အားပေးနေသရောင် ရေးပြီး ဆိုတာကို ကွင်းစကွင်းပိတ်နဲ့ တောင်ရေးလိုက်သေးတယ်။ မရှိတဲ့ဂုဏ်တွေကို မြင့်ပေးသေးတယ် အပေါ်ဆုံးကနေပြီး အပျင်းကြီးတဲ့ မိုးပြေးတဲ့ဗျာ.. ကဲဒါနဲ့ ပဲလိုရင်းကို မရောက်တော့ဘူး...TAG ထားတာကလည်း ကြုံသလိုစားခြင်းဆိုပဲ...
အရင်ဆုံးအနေနဲ့  ငယ်ငယ်တည်းက ကြိုက်တဲ့ ဟင်းမဟုတ်တဲ့ မပါမဖြစ်စားချင်တာကတော့ ငပိရည်ရယ် တို့ စရာရယ်ဆိုပါတော့ဗျာ.. ကြိုက်မှာပေါ့ဗျ ရွာသားကိုဗျာ... :D အသားဆိုရင်တော့ အမဲသားကိုတော့ မစားဖြစ်ဘူးဗျ ရှောင်ထားတယ် ထင်နေဦးမယ် မရှောင်ဘူးဗျ မစားချင်တာ ... ငါးဟင်းဆိုရင်တော့ ထုံးစံအတိုင်းမစားဘူးပေါ့ဗျာ ရွာသားဆိုတော့ နည်းနည်းတော့ဂျီးများတယ်.. ;) မစားတော့ အိမ်ကငါးကိုကြော်ကျွေးမလား မှတ်တယ်၊မထင်နဲ့ မကြော်ကျွေးပါဘူး.. :( မိန်းမရရင်တော့ ငါးကြော်ခိုင်းရမယ်..ဟီး :L ဟင်းသီးဟင်းရွက်ကတော့ ကြော်မလား ချက်မလား မကျက်တကျက်လား အကုန်ကြိုက်တယ်။ အထူးသဖြင့် ကန်စွန်းရွက်ကြော်ပေါ့ဗျာ။ သိကြတဲအတိုင်းပဲ ကန်စွန်းပလိန်းလေးနဲ့  Grand လေးနဲ့ ဆို မကောင်းပေဘူးလားဗျာ။ သူများတွေကတော့ ပြောကြပါတယ် ထမင်းစားရင် အရည်သောက်လေးပါမှ စာလို့ ဝင်တာဆိုပဲ။ ကျွန်တော်ကတော့ ဘာမှမရှိရင် ဆီနဲ့ ဆားနဲ့ ဆိုရင်လည်း စားလို့ ဝင်တယ်..စားပြီးရင် အချိုတည်းရအောင် ဆိုပြီးစဉ်းစားခဲ့ဘူးပါတယ်၊မဖြစ်သေးပါဘူးဗျာ၊ ဘာလို့ လည်းဆိုတော့ အဲဒီလောက်ကြီး ဇိမ်ခံနိုင်တဲ့ ဘ၀မျိုးကို မပိုင်ဆိုင်သေးဘူးလေ။ အသီးဆိုရင်တော့ ပန်းသီးအနီဆိုရင် မကြိုက်ဘူးဗျာ၊အစိမ်းရောင်မှ စားတယ်။ အခုတော့ အလကားရတဲ့ လမ်းဘေးက ပန်းသီးပင်ကနေပြီးတော့ ခူးစားပါတယ်။ :D လိမ္မော်သီးတော့ အရမ်းကြိုက်တယ်ဗျာ။ ဒါပေမယ် လက်ရှိမ၀ယ်စားနိုင်သေးပါ။ :L သောက်စရာဆိုရင်တော့ ကော်ဖီမချို မခါးလေးကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်ကြားဘူးတာကတော့" ဘ၀ဆိုတာ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်လိုပဲ"ဟုတ်တယ်လေဗျာ အမြဲတမ်းအဆင်ပြေတယ် ဆိုတာမရှိဘူးလေ။ နောက်ထပ် မကောင်းပါဘူး လို့ ပြောထားကာမှ သောက်ချင်နေတဲ့ ယမကာပေါ့ဗျာ။ နေ့ တိုင်းသောက်တယ် လို့ တော့မထင်ပါနဲ့  မသောက်နိုင်ပါဘူး ရံဖန်ရံခါပေါ့ဗျာ။ တီဗီတွေထဲမှာ မိုးလေ၀သသတင်း ကြေငြာသလိုပေါ့ မိုးသက်လေးပျင်းများ ကျရောက်စဉ် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင်တင့်ရှိပါမည် ဆိုသလို ရာသီဥတု အအေးလွန်ကဲလာလျှင် ကျွန်တော့်ရင်မှာ သူလေးက အသင့်အတင့် လိုအပ်လာပါတယ်။ မိန်းမရရင် အရက်ဖြတ်မည်ဟု စဉ်းစားထားပါသည်၊ :) အဘယ်ကြောင့်ဆိုသော် မိတ်ကပ်ဖိုးနဲ့ တင် မလောက်မှာသေချာနေ ပါပြီ။ အခုတော့ ကြုံရင် ကြုံသလို ကြက်ဥကြော်၊ ခေါက်ဆွဲခြောက်နှင့်သာ ဘ၀ကိုပျော်သလို ဖြတ်ကျော်နေပါသည်။ အဟာရဓတ် အပြည့်ပါသော ပဲမျိုးစုံကို 20 ရက်နောက်ပိုင်းမှစ၍ ကြော်၍တစ်မျိုး ချက်၍တဖုံ သုတ်၍တမျိုး မရိုးရအောင် စားဖြစ်ပါသည်။ ဤသည်ကား မိုးပြေးဟုခေါ်သော ကျွန်တော်၏ ကြုံသလို စားသောက်ခြင်းများပင် ဖြစ်ပေတော့သည်။ ရွှေမင်းသမီး MEGUMI ရေကျေနပ်ပေတော့ဗျို့ ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:03:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Vertical Menu တစ်ခု ဖန်တီးခြင်း....

မင်္ဂလာပါခင်ဗျာ....

ကျွန်တော် ကျောင်းပိတ်ရက်လေးမှာ အားလုံးအတွက် အဆင်ပြေမယ့် POST လေးတစ်ခု မျှဝေချင်ပါတယ်။Vertical Menu လုပ်တဲ့ပုံစံလေးပါ။ကိုယ့်ရဲ့  ဘလောဂ့်ကို အလှဆင်မယ်၊ သူများတွေနဲ့ မတူစေချင်ရင်တော့ စမ်းလုပ်ကြည့်ပါခင်ဗျာ။
အရင်ဆုံး ကိုယ့်ရဲ့ ဘလောဂ့်ကို Login ၀င်လိုက်ပါ ခင်ဗျာ။ Layout>>Edit HTML ကိုသွားပါ။ရောက်ပြီဆိုရင်တော့ Ctrl+F နဲ့  ]]></b:skin> ဆိုတာလေးကိုရှာလိုက်ပါ။ တွေ့ ပြီဆိုရင် အောက်က Script လေးကို ]]></b:skin>
အပေါ်ကနေ ထည့်ပေးပါ။
.glossymenu, .glossymenu li ul{
list-style-type: none;
margin: 0;
padding: 0;
width: 185px; /*WIDTH OF MAIN MENU ITEMS*/
border: 1px solid black;
}
.glossymenu li{
position: relative;
}
.glossymenu li a{
background: white url('http://blog.superinhost.com/vertical/blue1.gif') repeat-x bottom left;
font: bold 12px Verdana, Helvetica, sans-serif;
color: white;
display: block;
width: auto;
padding: 5px 0;
padding-left: 10px;
text-decoration: none;
}
.glossymenu li ul{
position: absolute;
width: 190px;
left: 0;
top: 0;
display: none;
}
.glossymenu li ul li{
float: left;
}
.glossymenu li ul a{
width: 180px;
}
.glossymenu li a:visited, .glossymenu li a:active{
color: white;
}
.glossymenu li a:hover{
background-image: url('http://blog.superinhost.com/vertical/blue2.gif');
}

* html .glossymenu li { float: left; height: 1%; }
* html .glossymenu li a { height: 1%; }

အနီရောင်နဲ့ ရေးထားတဲ့နေရာမှာ အောက်မှာပေးထားတဲ့ အထဲက ကိုယ်ကြိုက်ရာကို ပြောင်းပေးလို့ ရပါတယ်ခင်ဗျာ။ကြိုက်ပြီဆိုရင်တော့ ဘလောဂ့်ကို Save Template လုပ်လိုက်ပါ။








black1.gif
black2.gif









blue1.gif
blue2.gif









green1.gif

green2.gif













pink1.gif
pink2.gif










red1.gif
red2.gif


ပြီးတာနဲ့ "Page Elements" Menu ကိုသွားပါ။ "Add a Gadgetှ>>>HTML/JavaScript" မှာ အောက်က Code တွေ ထည့်ပေးပါ ခင်ဗျာ။


<ul id="verticalmenu" class="glossymenu">
<li><a href="/">Home</a></li>
<li><a href="http://trik-tips.blogspot.com">Trik Blog</a></li>
<li><a href="http://x-template.blogspot.com" >Free Template</a></li>
<li><a href="http://getebook.co.cc">Free Ebook</a></li>
</li>
</ul>




အနီရောင်နဲ့ ရေးတားတဲ့ Link နေရာမှာ ကိုယ်အသုံးပြုမယ့် Link တွေကိုထည့်ပေးပါ။
အပြာရောင်နဲ့ ရေးထားတဲ့ စာသားတွေနေရာမှာတော့ ကိုယ်ပေါ်စေချင်တဲ့ နာမည်ကိုရေးလိုက်ရင် ရပါပြီခင်ဗျာ။
ကျွန်တော် verticle menu Post လေးကို ဒီနေရာကနေ သင့်တော်သလို ပြန်ဆိုပါတယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:02:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သူငယ်ချင်း ဂျပန်မလေး (megumi) အတွက်....

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:01:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Instant Messenger Chat on LAN

ကျွန်တော်စာမရေးတာလည်း ကြာပြီလေ...ကျောင်းတက်ရတာကို အကြောင်းပြပြီး၊အပျင်းထူနေတာလေဗျာ။ကျောင်းကလည်း တက်နေရတယ်လေ။မွေးတည်းကစပြီး၊အမေက သားရယ်ကျောင်းတက်ရတာ ပျော်စရာကောင်းပါတယ် ဆိုပြီးတက်ခိုင်းနေတာ အခုအချိန်ထိပေါ့။ကျောင်းရောက်ရင်လည်း မျက်လုံးလေးက အလိုလိုကိုမှေးပြီးအိပ်ချင်လာတာ(ဆရာမရှိရင် လုံးဝကိုမအိပ်ချင်ပါ) :P ။ကျွန်တော်တို့ ဆီမှာကတော့ အင်တာနက်ကို LAN ကနေယူတယ်လေ။LAN ဆိုတာကတော့ LOCAL AREA NETWORK ပေါ့ဗျာ။ LOCAL AREA NETWORK ကိုသုံးတဲ့ နေရာတွေ တော်တော်များပါတယ်။ အဲဒီတော့ ပြောချင်တာက အင်တာနက်ဆိုတာက အစိုးမရဘူးလေဗျာ။ကောင်းချင်ရင်ကောင်း မကောင်းချင်ရင်တော့ သုံးလို့ မရဘူးပေါ့ဗျာ။ကျွန်တော်တို့ တစ်ကျောင်းတည်း သူငယ်ချင်းတွေကို တွေ့ ချင်ရင်တော့ Gtalk လေးကနေ ဟေ့ကောင် ဘာလုပ်နေလည်း လာခဲ့ဦး စသည်ဖြင့်ပေါ့ဗျာ။ အခန်းအပြင်ကို ထွက်ရမှာကို ပျင်းတာလေ။ :D အင်တာနက်ကျနေရင် တော့ဘယ်လိုလုပ်မလည်း သွားခေါ်ရမှာကလည်း ပျင်းတယ်ဆိုရင် ဖုန်းဆက်မလား မဆက်ပါ ဘူးခင်ဗျာ။ကောင်မလေးဆီ ဆိုရင်တော့ဆက်တာပေါ့ဗျာ။ :D ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ၊လွယ်ပါတယ် LAN ထဲကနေ chatting လုပ်မယ်လေဗျာ။ ဒါဆိုရင်တော့ LAN CHAT ဆိုတဲ့ Software လေးတစ်ခုတော့ ရှိဖို့ လိုအပ်ပါတယ်။ Software လေးကို Run ပြီးသုံးကြည့်လိုက်ပါဗျာ။ Run ရတာလည်းလွယ်ပါတယ်။ အဲဒီ Software လေးကို Run ပြီးတဲ့ သူတွေကို LAN ထဲမှာတွေ့ ရမှာပါ။ အောက်က ပုံစံလေး အတိုင်းပေါ်လာမှာပါ ။

Software လေးကို ဒီနေရာကနေ ရယူပါ ခင်ဗျာ။
လွယ်ကူစွာ ဆက်သွယ်နိုင်ပါစေခင်ဗျာ။ :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:00:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ချစ်ခဲ့ဖူးသည်.....

တစ်သက်တစ်ခါ ရင်မှပေါက်ဖွား
မေတ္တာများဖြင့် ရည်ရွယ်မြတ်နိုး
ချစ်ခဲ့ဖူးသည်......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်ဝယ်မမေ့ တမ်းတစွဲကာ
သစ္စာတည်ကြည် ချစ်ခဲ့ဖူးသည်....
သို့ ပါသော်လည်း ကျွန်တော့်ချစ်ခြင်း
အပြစ်ကင်းစွာ ချစ်ပါသော်လည်း
သူ့ ရင်ခွင်၌ ကျွန်တော်မရှိ.....
သူပြောစကား ထပ်ကာကြားသည်
နင့်ကိုမချစ် မုန်းလည်းမမုန်း
သံယောဇဉ်သာ ရှိပါသည်တဲ့.......



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

My Computer ထဲမှာရှိတဲ့ Drives တွေကို Disable/Enable လုပ်ခြင်း

ကျွန်တော်တို့  My Computer ထဲမှာရှိတဲ့ Drive အားလုံးကို Disable လုပ်ခြင်းပါ။
Disable လုပ်ပြီးတော့ Enable လုပ်မယ်ဆိုရင်လည်း ပြန်လုပ်လို့ ရပါတယ်။ ကျွန်
တော်ကတော့ ကျွန်တော့် သူငယ်ချင်းတွေကို စရင်ဒီ Post လေးကိုအသုံးချပါတယ်၊
ဟဲဟဲ ။ရုတ်တရတ် ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို စိတ်ညစ်သွားပါလိမ့်
မယ် ။ ကိုယ်အဆင်ပြေသလိုသာ သုံးနိုင်ပါတယ်၊ ကိုယ့်ကွန်ပျူတာထဲက အရေးကြီး
တာလေးတွေ ပါသွားမှာဆိုးတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာပါ။

Run >regedit >HKEY_CURRENT_USER >Software >Microsoft >Windows >
Current Version >Polices > Explorer ရောက်ရင် ညာဘက် panel မှာ R -Click >
New >DWORD Value > name ကိုတော့ Nodrives ၊ Value Data ကို ffffff လို့ ရိုက်
လိုက်ပြီး Registry Editor ကိုပိတ်လိုက်ပါ။ Restart ပေးလိုက်ပါ။ Windows ပြန်တက်
လာတဲ့ အချိန်မှာ C,D,E,F အစရှိတဲ့ ဘာညာသလကာ Drives တွေကို တွေ့ ရတော့မှာမ
ဟုတ်ပါဘူးခင်ဗျာ။ ပြန်ပေါ်စေချင်တယ် ဆိုရင်တော့ ခုနကယူထားတဲ့ DWORD Value
လေးကို ဖျက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

နောက်ပုံစံလေး တစ်ခုကတော့ Drives တွေထဲက ကိုယ်မပေါ်စေချင်တဲ့ Drive ကိုရွေးပြီး
ဖျောက်တဲ့ပုံစံလေးပါ။ အသုံးမလိုတဲ့ Floppy Drive ကိုဘဲ ဖျောက်ထားဦးမလား မျက်စိ
နောက် သက်သာတာပေါ့ဗျာ။ အရင်ဆုံး Run> regedit> HKEY_CURRENT_USER >
Microsoft >Windows > Current Version >Policies > Explorer > ကိုရောက်ရင်
NoDrive TypeAutoRun ဆိုတာ ကို ရှာပြီးတော့ Delete လုပ်လိုက်ပါ။
R_Click >New >DWORD Value ကိုရွေးပါ။ name ကို NoDrives ၊ Value data ကို 1
လို့ ပေးလိုက်ပါ။ Decimal ကိုတော့ Check လုပ်ပေးဖို့ မမေ့ပါနဲ့ ခင်ဗျာ။
ဘာဖြစ်လို့ 1 ပေးလိုက်ရတာလဲလို့  မေးရင် 1 ဆိုတာ (A)Floppy Drives ကို ကိုယ်စားပြု
လို့ ပါဘဲ။
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048,
M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288,
U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432,
ALL: 67108863
အပေါ်က ပေးထားတာတွေကတော့ A ကနေ Z ထိတန်ဖိုးတွေပါ။ ကျွန်တော်တို့ က Drive (A) ကို
ဖျောက်ချင်လို့  1 ကို ထည့်တယ်ဆိုတာ ကိုသိရင် ။ Drive ၂ ခုကိုဖျောက်ချင်တယ် ဆိုရင်ကော
ကွာလို့ မေးရင် ဥပမာ* Drive D နဲ့ E ကိုဖျောက်မယ်ဆိုရင် D က 8 ၊E က 16 နှစ်ခုပေါင်းပြီး 24
ဆိုပြီး ထည့်ပေးလိုက်ရင် D , E နှစ်ခုလုံး ပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်စေချင်ရင်တော့ Run မှာ
A ကိုပေါ်စေချင်ရင် A:\\ လို့ ရိုက်ထည့်ပေးလိုက်ပါ။

အဆင်ပြေပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ခဲပန်းချီပုံတူဆွဲချင်ရင်..


ကျွန်တော့်ရဲ့ ပန်းချီလက်ရာလေးပါခင်ဗျာ။ ကောင်း၏ မကောင်း၏ ဝေဖန်ပေးကြပါဦး ခင်ဗျာ။ ကျွန်တော့်ရဲ့ 
့ပန်းချီလေးကို နှစ်သက်တယ် ဆိုရင် COMMENTS လေးပေးခဲ့ပါဦး ။ ကျွန်တော့်ရဲ့ ဘလော့ကို လာရောက်ကြတဲ့ အစ်ကို၊ အစ်မ၊ သူငယ်ချင်းများလည်း ပုံတူခဲပန်းချီ ရေးချင်တယ်ဆိုရင်တော့ ကျွန်တော် မိုးပြေး ဆွဲပေးနေပါပြီ။
သင်ချင်တယ် ဆိုရင်လည်း သင်ပေးပါ့မယ် ခင်ဗျာ...... သင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ပညာတွေ အားလုံးကို ပေးထားပါတယ်ခင်ဗျာ ။ ဒီနေရာ မှာလေးကိုနှိပ်ပြီး ခဲပန်းချီ သင်ခန်းစာ မျုားကိုလေ့လာနိုင်ပါတယ်။ မလေ့လာချင်ဘူး စိတ်ရှုပ်စရာကြီးဆိုရင် ကျွန်တော် ပုံတူရေးပေးပါ့မယ်ခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:57:00 PMရေးသားသူ မိုးပြေး အညွှန်း | 2 အကြံပြုချက်များ »

www.f1.cc မှာ Domain Name ယူကြရအောင်။

ကျွန်တော်တို့ www.co.cc မှာ DOMAIN NAME ပြောင်းရတာ အဆင်မပြေတာတွေ
ဖြစ်လာပါတယ်ဗျာ။ဒီတော့လည်း အလကားရတဲ့ www.f1.cc ဆိုတာလေးအကြောင်း
လေးကို ပြောပြချင်ပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့စမ်းပြီးပြီ အိုကေတယ်ဗျာ။သိပြီး
သားဆိုရင်လည်း နားလည်ပေးစေချင်ပါတယ်။ကျွန်တော်က အဆင်ပြေစေ ချင်တဲ့ဆန္ဒ
ပါဗျာ။ကျွန်တော် www.f1.cc မှာ Register လုပ်တာကနေစပြီး အဆင့်လေးတွေကိုအ
ဆင်ပြေစေရန် မျှဝေလိုက်ပါတယ်။
အရင်ဆုံး www.f1.cc ကို ၀င်လိုက်ပါ ခင်ဗျာ။
mydomain ဆိုတဲ့နေရာလေးမှာ ကိုယ်လိုချင်တဲ့ နာမည်ကိုရေးပေးပါ။
ကိုယ်ပေးလိုက်တဲ့ နာမည်က Available ဖြစ်ပြီဆိုရင် Register လုပ်မလားလို့ မေးတာပါ။ Yes ပေါ့။
Register လုပ်ရင်တော့ ထုံးစံအတိုင်းပေါ့ Email နေရာမှာ ကိုယ့်ရဲ့ Blog ကိုလုပ်ထားတဲ့ Mail ကိုထည့်ပေးပါ။
Target URl ဆိုတာကတော့ အရင် blogspot လိပ်စာကိုရေးပေးပါ။ဥပမာ-www.peacefulforever3.blogspot.com
အဲလိုလေးပေါ်လာရင် Ok ပေးလိုက်ပေါ့ဗျာ။ ကိုယ့်ရဲ့ Mail ထဲကိုဝင်လိုက်ပါ။
http://www.ဘာညာသာလကာ ရေးထားတဲ့ Link လေးကို နှိပ်လိုက်ပေါ့။
login ၀င်လိုက်ပါ ခင်ဗျာ။ login ဆိုတဲ့နေရာမှာ ဥပမာ-www.peacefulforever3.f1.cc လို့ ရေးပါ။
ူlogin ၀င်ပြီးတာနဲ့ ထားလိုက်ပါ။Mail ကိုပြန် Check လိုက်ရင် အပေါ်ကပုံလေးမှာပေါ်သလို
Your domain is active ဆိုပြီး Mail ထပ်ဝင်လာပါလိမ့်မယ်။ဒါဆိုရင်တော့ Ok သွားပြီပေါ့။
ူlogin ဘေးက ကိုယ်ရဲ့ လိပ်စာလေးကို Click လုပ်လိုက်ပါ။
အပေါ်က ပုံလေးအတိုင်း f1.cc မှာ Domain Name လေးတစ်ခုရသွားပြီပေါ့ဗျာ။
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:55:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ကိုယ်ကမေ့ပြီး
တော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးကပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်က
မေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ပေါ့ဗျာ၊အရေး
ကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ
label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင် မဖတ်ရ
သေးတဲ့Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:52:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့

မင်္ဂလာပါဗျာ...... ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့ စမ်းကြည့်လိုက်ကြပါဦးဗျာ။ကျွန်တော် စမ်းတာတော့ရပါတယ်။ အခြားနည်းလမ်းတွေ ရှိရင်ဆွေးနွေးပေးကြပါဦး ခင်ဗျာ။ start >control panel >system >device manager ကိုရောက်ရင်တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial bus controller ဆိုတာကို Right Click လုပ်ပြီးတော့ enable လုပ်လိုက်ရင် ရပြီပေါ့ ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:51:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ့်ဘလောဂ်ကနေ ဘာတွေကို COPY လုပ်သွားတယ်ဆိုတာကို သိချင်တယ်ဆိုရင်။

မင်္ဂလာပါခင်ဗျာ....
ကိုယ်ရဲ့  ဘလောဂ်ကနေပြီးတော့ ဘာတွေကို COPY လုပ်သွားတယ်ဆိုတာကို
သိချင်နေသူတွေ အတွက်ပါခင်ဗျာ။ဘာလို့ လဲဆိုတော့ ကိုယ်ရေးတဲ့ စာတွေကို
ဘလောဂ်ကို လာလည်တဲ့ မိတ်ဆွေတွေက COPY လုပ်သွားတယ်ဆိုရင် သိချင်
မယ်ထင်ပါတယ် ခင်ဗျာ။ ၀မ်းသာရတာပေါ့ဗျာ ကိုယ်ရေးတဲ့ မတောက်တခေါက်
လေးတွေကို ငါ့ရဲ့ မိတ်ဆွေတွေ အသုံးပြုနေပါလားဆိုတဲ့ အတွေးလေးတွေနဲ့ 
ဝမ်းသာနေလို့ ရတာပေါ့ဗျာ။ လွယ်လွယ်လေးပါဗျာ။
http://www.copyscape.com/ ဆိုတာလေးကို သွားလိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:50:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »