Iomega Launches eGo 1TB Desktop Hard Drive


ကျွန်တော်လိုချင်တဲ့ Hard Drive လေးဗျာ။ မ၀ယ်နိုင်သေးတော့ ဒီလိုပဲ ကြည့်နေရတယ်။ ပုံစံလေးကလည်း မိုက်တယ်ဗျာ 1TB ဆိုတော့ ဘယ်လောက်များ Data တွေကို လက်ခံနိုင်လည်း ဆိုတော့ အရင်ဆုံး 1TB ဆိုတာကတော့ terabyte ကိုဆိုလိုတာပါ ၊1,099,511,627,776 bytes ရှိပါတယ်၊ 1000 gigabytes ဆိုပါတော့။ ဓာတ်ပုံဆိုရင် ၄၀၀၀၀၀၀ ၊သီချင်းဆိုရင်တော့ ၁၈၅၀၀ နာရီ၊ ဗီဒီယို ဆိုရင် ၁၅၀၀ နာရီ ဆန့် ပါတယ်။ ၃.၅ လက်မရှိတဲ့ Hard Drive ပြီးတော့ USB 2.0 ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 02:43:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Change the border padding for windows in Vista Aero

Window Vista မှာ တစ်ချို့ ကတော့ border padding ကို ကြီးတာကြိုက်လို တစ်ချို့ ကတော့ ပါးပါးလွှာလွှာလေးကို ကြိုက်မယ်ထင်ပါတယ်။ Window Vista မှာပေးထားတဲ့ Defult border padding က 5 ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး မျက်စိအာရုံအတွက် ကြည့်ကောင်းအောင် ပြင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့အောက်က ပုံလေးအတိုင်း border padding ရဲ့ အထူကိုတွေ့ ရမှာပါ။ border padding ကို အနီရောင်နဲ့ ပြထားပါတယ်။


border padding ကို ပြောင်းလဲချင်ရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းလုပ် ကြည့်လိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 10:36:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Window Vista ရဲ့ Power Button ကို Shutdown အဖြစ်ပြောင်းခြင်း

Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲတာတွေပါ။ အလွယ်တကူ ကို Power Button ကိုနှိပ်တာနဲ့ Shutdown ဖြစ်စေချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ Window Vista ရဲ့ Tips တွေထဲက အသုံးဝင်မယ် ဟာတွေဖြစ်ပါတယ်။ အရင်ဆုံး Power Button ကို shutdown အဖြစ်ပြောင်းတာကို အောက်က အဆင့်လေးတွေ အတိုင်းလုပ်ကြည့်နိုင်ပါတယ်။
ပထမဆုံး Control Panel ကိုဝင်လိုက်ပါ။ System Maintenance ဆိုတာကို တွေ့ ပါလိမ့်မယ်။ အဲဒီကမှ Power Options ဆိုတာကို Click လုပ်လိုက်ပါ။ Power Options က Change what the power buttons do ကို Click လုပ်ပေးပါ။ When I press the power button ဆိုတာကိုတွေ့ ရင် Drop-Down arrow မှာ Sleep, Hibernate and Shut Down ဆိုတာတွေကို တွေ့ ပါလိမ့်မယ် Shutdown ဆိုတာကို ရွေးပေးလိုက်ရင် Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။အောက်မှာ အဆင့်တွေကို Screen Shot နဲ့ ပြထားပါတယ်။



Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 12:21:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Force Vista to Shutdown Faster

မင်္ဂလာပါခင်ဗျာ....နှစ်သစ် ၂၀၀၉ မှာစတင်တဲ့ ပိုစ့်လေးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လိုတိုင်းတပြီး ရနိုင်သော၊ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါ စေကြောင်း ဆုတောင်းပါတယ် ခင်ဗျာ။
ဒီပိုစ့်လေးကတော့ Window Vista သုံးတဲ့သူတွေ အတွက် Window Shutdown လုပ်တဲ့အချိန်ကို လျှော့ချပေးနိုင်မှာပါ။ အသုံးဝင်မယ့်သူတွေ အတွက်ဖြစ်ပါတယ်။ အချိန်တန်ရင် ပိတ်သွားမှာပေါ့ ဆိုရင်တော့ သိဘူးနော်။ Window Vista ရဲ့  Registry ကိုကလိချင်ရင်တော့ အဆင်ပြေတာပေါ့ဗျာ။ Window Vista မှာပေးထားတဲ့ Shutdown ကြာချိန်ကတော့ about 20 seconds ဖြစ်ပါတယ်။ ဒီထက်ပိုပြီး Shutdown ကြာချိန်ကို မြန်စေချင်ရင်တော့ အောက်ပါအတိုင်း လုပ်ပေးနိုင်းပါတယ်။

Start> Run > regedit > HKEY_LOCAL_MACHINE> SYSTEM> CurrentControlSet001> Control ကိုရောက်ရင် ညာဘက် Panel မှာ "WaitToKillServiceTimeout"="20000" ဆိုတာကို တွေ့ ရမှာပါ။ WaitToKillServiceTimeout ဆိုတာကို Right Click နဲ့ Modify လုပ်ပေးပါ။ Value data- 20000 ဆိုတာကို ပြောင်းပေးရမှာပါ။ 20000 ဆိုတာက စက္ကန့် ၂၀ ကိုဆိုလိုတာပါ။ ကျွန်တော်တို့ က ကြာချိန်ကို ၅ စက္ကန့် ထားချင်တယ် ဆိုရင်တော့ 5000 ကိုပြောင်းပေးပါ။ ၁၀ စက္ကန့် ဆိုရင်တော့ 10000 ပေါ့ဗျာ။ ၁ စက္ကန့် တော့မထားသင့်ပါဘူး။

 
 

why not set it to zero? If you set the time too short, there is a chance that a service might not shutdown properly, and could loose data. Of particular concern would be services that write to the registry (as I mentioned above, messing up the registry can make for a very bad day!). So, keep in mind that with this change comes the benefit of a faster shutdown, but also a degree of risk should you set the time to short.

ပြီးရင်တော့ restart ပေးလိုက်ပါ Shutdown ကြာချိန်ပြောင်းလဲသွား ပါလိမ့်မယ်။ restart မပေးမချင်းကတော့ ကျွန်တော်တို့  ပြောင်းလဲထားတဲ့ Shutdown ကြာချိန်ဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/02/2009 10:19:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

HAPPY NEW YEAR 2009!!!!!!!!!!!!!


HAPPY NEW YEAR..........
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ် ခင်ဗျာ။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်တို့ နဲ့ အစဉ်ထာဝရ ပြည့်စုံပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/31/2008 06:37:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Internet Privacy Cleaner Software


Internet Privacy Cleaner Software လေးပါ။ အလွယ်တကူ ရှင်းပစ်နိုင်ပါတယ် Browser ထဲကိုဝင်ပြီးရှင်းနေရင်လည်း အချိန်ကုန်တယ် ၊Temporary Files
တွေကိုဖျက်နေရင်လည်းကြာတယ်ဆိုရင်..ဘာတွေလုပ်ဆောင်နိုင်လည်း ဆိုတာကတော့ ......


# Downloaded Program Files
# Internet Explorer Cookies
# Internet Explorer Typed URLs
# Internet Explorer Cache
# Internet Explorer Browsing History
# Last Opened Programs List
# Mozilla Firefox Cache
# Mozilla Firefox Cookies
# Run commands List
# Temporary Directory
# Temporary Internet Files
# WinRAR Recent Files စတာတွေကို Erase လုပ်ပေးနိုင်ပါတယ်။
Software ကိုတော့ ဒီမှာ Download ယူပါခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:33:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Speed up Flip 3D Effect in WindowsVista

 

 

Window Vista မှာပါနေတဲ့ Flid 3D Effect တွေကို လက်ရှိသုံးနေကျထက် မြန်အောင်လုပ်နိုင်သလို နှေးအောင်လည်းပြင်ဆင်နိုင်ပါတယ်။Flid 3D Effect ဆိုတာကတော့ Alt +Tab , Window Key +Tab နဲ့ တွဲပြီးနှိပ်မယ်ဆိုရင် တွေ့ ရမယ့် Window Vista ရဲ့ Effect တွေဖြစ်ပါတယ်။ကျွန်တော် Vista အတွက် Registry Post ရေးတာနည်းပါတယ်။ ရေးမယ်လို့ လုပ်မှ ကွန်ပျုတာက မရှိ၊ InterNet ကမရနဲ့ လုံးထွေးနေတာပါ။အရေးထဲ ဘလောဂ့် အဟောင်းက Password Hack ခံရလို့  ရေးထားတဲ့ Post တွေကို Recover ပြန်လုပ်နေတာနဲ့ တော်တော်စိတ်ညစ်နေတာဗျာ။အခုတော့ စာပြန်ရေးတော့မယ်။ ဘလော့အသစ်တော့ လုပ်ပြီးပြီပေါ့ဗျာ ၊အရင်က peacefulforever.com ဆိုတော့ အခု အသစ်ပြန်လုပ်တော့ .net နဲ့ Domain ပြန်ယူထားတယ်၊မရသေးဘူးဗျာ ၃ရက်စောင့်ရဦးမယ်လေ။ Happy New Year အမှီတော့ Domain အသစ် ၊Template အထိုင်ကျမယ်ထင်တယ်ဗျာ။
လေရှည်နေတာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အသိတွေအားလုံးက အရင်ဘလော့ကိုပဲ သိကြတာလေ ။ Flid 3D Effect အတွက်Registry ကိုစပြီး ပြင်ကြည့်ရအောင်ရအောင်။

အရင်ဆုံး Start > Run > regedit >Ok ပေးလိုက်ပါ။ HKEY_CURRENT_USER>>Software>>Microsoft>>Windows>>DWM ကိုရောက်ရင်
ညာဘက် Panel မှာ R_Click >New > DWORD (32-Bit) ဒါမှမဟုတ် (64-Bit) ကိုယူလိုက်ပါ။ Name ကိုတော့ speedup3DWindows လို့ ပေးပြီး၊
Value Data ကိုတော့ 4 to 9 ကြားထဲက ကြိုက်သလို ထည့်ပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အမြန်ကို မှုတည်ပြီး ထည့်ပေးပါ။ စက်ကို Restart ပေးလိုက်ပါ။
 
 

အရင်သုံးနေကြထက် ပိုပြီးမြန်ဆန်လာခြင်း၊ပိုပြီးနှေးသွားတယ် ဆိုတာတွေကို တွေ့ ရမှာပါ။ ကိုယ်ထည့်တဲ့ Value Data ပေါ်မှုတည်ပါလိမ့်မယ်။
DWORD (32-Bit) ဒါမှမဟုတ် (64-Bit)  ဆိုတာကိုတော့ ဂရုစိုက်ပေးပါ။ကိုယ်စက်က 32 ဆိုရင် 32 ,64 ဆိုရင် 64 ရွေးပေးပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:15:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »