Free Creat Moblie Phone Themes Myself

ကျွန်တော် ဒီနေ့ တော့ ကိုယ့်ရဲ့ ဖုန်းတွေမှာ Theme ပြောင်းတာလေးတွေကို ရှာတွေ့ ရင်း အသုံးတည့်မယ့်သူတွေ အသုံးပြုလို့ ရအောင် တင်ပေးလိုက်တာပါ။ ဘယ်လိုလည်း ဆိုတော့ ကိုယ့်ရဲ့ Mobile မှာ wallpaper ကိုတော့ပြောင်းကျမှာပါ။ ဒါပေမယ့် Setting , mail box စတဲ့နေရာတွေမှာ ကိုယ်ကြိုက်တဲ့ နောက်ခံပုံလေးတွေ ထည့်တာ ဖြစ်ပါတယ်။ လွယ်ပါတယ် ဒီမှာ ၀င်ပြီး Sign Up လုပ်လိုက်ပါ။ Sign in လုပ်ပြီးတာနဲ့ အောက်က ပုံစံလေးအတိုင်း ပေါ်လာပါလိမ့်မယ် Make a Theme ဆိုတာကို ရွေးပေးလိုက်ပါ။

ပြီးတာနဲ့ ကိုယ့်ရဲ့ ဖုန်း အမျိုးအစား၊ မော်ဒယ်ရွေးပါမယ်။

ကိုယ့်ရဲ့ ဖုန်းအမျိုးအစားကိုရှာ တွေ့ ရင် မော်ဒယ်ကို ရွေးပေးလိုက်ပါ။ ပြီးပြီဆိုတာနဲ့ ပုံတွေကို စပြောင်းလို့ ရပါပြီ။ ပြောင်းမယ့်ပုံတွေရဲ့  ဆိုဒ်ဟာ ၂၄၀x ၃၂၀ ဖြစ်ရပါမယ်။ ပုံတွေကိုတော့ အလွယ်တကူ Microsoft Office Picture Manager နဲ့ Resize လုပ်လိုက်ရင် ပိုအဆင်ပြေသလို Microsoft Office ကစက်တိုင်းမှာ ရှိတက်တော့ အဆင်ပြေပါလိမ့်မယ်။ ဘယ်လိုပဲ Resize လုပ် ၂၄၀x ၃၂၀ ဖြစ်နေရင် ရပါပြီ။ ပုံတစ်ပုံကို Microsoft Office Picture Manager နဲ့ Resize လုပ်ထားတဲ့ နမူနာလေးပါ။

အောက်ကပုံကတော့ နောက်ခံတွေကို ပြောင်းနေတဲ့ပုံပါ။ ပုံတင်မဟုတ်ပါဘူး နောက်ခံ popup titile, popup highlight, text colour စတာတွေကို အကုန်ပြောင်းယူ လို့ ရပါတယ်။

ပြောင်းပြီးပြီ စိတ်ကြိုက်ဖြစ်ပြီဆိုရင် Done ကို နှိပ်လိုက်ရုံပါပဲ၊ preview လေးကြည့်မှ အဆင်ပြေမယ်ဆိုရင်လည်း ကြည့်လို့ ရပါတယ်။ Done ကို နှိပ်လိုက်ရင် Confirm ဖြစ်မဖြစ် မေးပါမယ် Yes ပေါ့။

Download Theme ကိုနှိပ်လိုက်ရင်တော့ ကြိုက်တဲ့နေရာမှာ Save ပြီးရင် ကိုယ့်ဖုန်းထဲကို ထည့်လိုက်ပြီး Theme ကိုပြောင်းရုံပဲလေ။

အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/26/2009 09:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့်ဗုဒ္ဓဘာသာ

အရှင်ဇ၀န (ရွှေပြည်သာ) ရေးသားထားတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့်ဗုဒ္ဓဘာသာ စာအုပ်လေးကို ဖတ်ရင်း ကြိုက်လို့ ဘလောဂ့်မှာ တင်ပေးထားတာပါ။ ဖတ်သင့်တဲ့ စာအုပ်လို့ လည်း ယူဆပါတယ်။
စာအုပ်ကိုတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/20/2009 11:42:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

တောင်ရေးမြောက်ရေး

စာမေးပွဲတွေကလည်း ပြီးပြီဆိုတော ဘလောဂ့်ဘက်ကို လည့်ပြီး တောင်ရေး မြောက်ရေး လုပ်လိုက်ဦးမယ်ဗျာ။ ဘာဘဲဖြစ်ဖြစ်ပေါ့ နောက်ဆို ဘလောဂ့်ဆိုတာနဲ့ ဝေးရတော့မယ်လေဗျာ..... အားလုံးကို မင်္ဂလာပါ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/20/2009 11:36:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

တမ်းတခြင်း

တစ်စုံတစ်ယောက်ကို ခွဲခွာရတော့မယ် ဆိုရင်... တစ်ခဏတာလား တစ်ဘ၀စာလား သိနိုင်ရင် သိပ်ကောင်းမှာပဲလေ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရင်ထဲမှာ မင်ထာဝရရှိနေပြီးသားပါ။ မင်းဆီမှာ တောင်ပံတစ်စုံလောက် ပါရင်သိပ်ကောင်းမှာပဲ....ဒီလိုပဲ ကိုယ့်ဆီမှာ မင်းတစ်ယောက်ဆီ ကိုသာပျံနိုင်တဲ့ အတောင်တစ်စုံ သာရှိရင်.....မင်းဆီကို ပျံလာပြီး မင်းနဲ့ အတူ...

မိုးပြာရောင် ကောင်းကင်.. စိမ်းလန်းတဲ့ တောအုပ်
မြင့်မားတဲ့ တောင်တန်း ပြန့် ပြူးနေတဲ့ လွင်ပြင်
ပြာလဲ့နေတဲ့ ရေပြင်တွေပေါ်မှာ
ညင်သာတဲ့ လေညှင်းလေးတွေနဲ့ အတူ ပျံသန်းချင်လိုက်တာ ....
မနက်ဖြန်ဆိုတာ ဒီနေ့ လောက် မသေချာပေမယ့်... မနက်ဖြန်ဆိုတာ ရှိနေသမျှ မင်းကို မေ့နိုင်မယ်လို့ မင်းထင်ရင် ထင်နိုင်ပါတယ်...
မိုးပြေး(၈.၆.၀၉ )

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/08/2009 01:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Man United & Liverpool (1-4)

Man Utd v Liverpool

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 3/14/2009 09:44:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Liverpool & Real Madrid (4-0)

လီဗာပူးကတော့ ရီးရဲကို နောက်ကောက်ချလိုက်ပြီး ချန်ပီယန်လိဒ် အိမ်မက်တွေကို လှလှပပ အဆုံးသတ်ပေးလိုက်ပါပြီ။ ကြိုးကြာနီတွေ အမြင်ပျံနေပြီ.........
Liverpool v Real Madrid

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 3/11/2009 10:04:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

မဟာဗျုဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက်


ဒီနေရာမှာ ဘာသာရေး ကို ဇောင်းပေးဆွေးနွေးလိုပါတယ်။ ဘယ်လူမျိုး.ဘယ်ဘာသာဖြစ်ပါစေ.. မြန်မာ နိုင်ငံမှာအခြေချ နေထိုင်ခွင့်ရှိပါတယ်။ နိုင်ငံသား ခံယူခွင့်လည်း ရှိပါတယ်။ သို့သော်လည်း..တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ အဲဒါက ယနေ့ မလေးရှားလုပ်ထားတဲ့ ဥပဒေမျိုးပါ။


၁- ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌါန်းသတ်မှတ်မယ်. (မြန်မာနိုင်ငံမှလွဲပြီးကျန်ထေရ၀ါဒနိုင်ငံများ အတည်ပြုပြဋ္ဌါန်းပြီးဖြစ်သည်)။
ကြိုက်သူများလည်း ရှိမှာ ဖြစ်သလို မကြိုက်သူများလည်း ရှိပါလိမ့်မယ်။ ကိစ္စမရှိပါ…ဆန္ဒခံယူပွဲလုပ်။ ၅၀.၀၁% နှင့်အထက်ရ ရင် အနိုင် အဖြစ်သတ်မှတ်မယ်။ (မကြိုက်တဲ့သူ ကန့်ကွက်ကြပါစေပေါ့) များရာနိုင် အဖြစ် သတ်မှတ်မယ်..ကျေနပ်မလား…ဒီမိုကရေစီနည်းနော်..အဲဒါ.။

၂- အများဆန္ဒ အရ နိုင်ငံတော်ဘာသာ ဖြစ်ပီဆိုရင်..အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တစ်ခု ပြဋ္ဌါန်း မယ်..(ယနေ့မလေးရှားမှာလုပ်ထားသလိုမျိုးပေါ့)။ အဲဒီဥပဒေ အရ မြန်မာ ဗုဒ္ဓဘာသာ ဟာ ဘယ်သူနဲ့ပဲ ယူယူ မွေးလာတဲ့ကလေးမှန်သမျှ ဗုဒ္ဓဘာသာ ပဲဖြစ်စေ ရမယ်။ (မလေးမှာ လုပ်ထားနိုင်သေးရင် တို့နိုင်ငံမှာလည်း မလုပ်နိုင်စရာ အကြောင်းမရှိဘူး)။

၃- ဒီရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံမယ်ဗျာ။ (တိုင်းရင်းသားလူမျိုးဟုတ်မဟုတ် ဆိုတာက နိုင်ငံရေးသမားတွေဆွေးနွေးဆုံးဖြတ်ကြ) လောလောဆယ်.တရားဝင်မှတ်ပုံတင်ပါထုတ်ပေးမယ်..။ အဲ..ကိုးကွယ်ရာဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ ထည့်မယ်။ ပြန်ပြောင်းလဲခွင့်မရှိစေရ။(မလေးရှားက မူဆလင်တွေ ဘာသာပြောင်းလို့ မရသလိုပေါ့ )။

၎- In God We Trust လို့ ဒေါ်လာငွေစက္ကူပေါ် ရိုက်နှိပ်ထုတ်ဝေတဲ့ ဒီမိုကရေစီ အမေရိကန်ရဲ့ လုပ်ရပ်ကို လေးစားအားကျသောအားဖြင့်...”နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ” လို့ နောင် ထုတ်ဝေမဲ့ မြန်မာငွေစက္ကူ အသစ်ပေါ် ရိုက်နှိပ် ထုတ်ဝေမယ်. (ဒီနေရာမှာ..အမေရိကန် လုပ်သလို လိုက်လုပ်ခြင်းဖြင့် ဒီမိုကရေ စီရဲ့ အနှစ်သာရ ကို ပိုမိုပီပြင်စွာဖေါ်ဆောင်နိုင်မယ် လို့ယုံကြည်ပါတယ်)

၅- လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတဲ့ Red Cross .ကြက်ခြေနီ နေရာမှာ.. Red Bodhi Leaf အဖြစ် အစားထိုးအသုံးပြုမယ်။ (Cross ဆိုတာ Christian Religious Symbol ပါ။ အဲဒါကို မူဆလင် အာရပ်နိုင်ငံများက Cross နေရာမှာ Crescent အဖြစ်အစားထိုး ခွင့်ရသေးတယ်ဆိုရင်… ဗုဒ္ဓဘာသာ တို့နိုင်ငံမှာ.လည်း Bodhi Leaf အဖြစ်အစားထိုးခွင့် ရှိရမယ်)။ ဒါလောက်ပါဘဲ။

တို့ပြည်ရွာ တို့သာသနာ အတွက် သားစဉ်မြေးဆက် အမျိုးမပျောက်ပျက်ရလေအောင် ပညာသားပါပါ အလုပ်လုပ်စွမ်းနိုင်မဲ့ ဥာဏ်အမျှော်အမြင်ရှိ ပထမတန်းစား ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာကြပါစေသတည်း။


အရှင်ကုမာရ ဘလောဂ့်မှ ကူးယူဖော်ပြသည်။ http://www.ashinkumara.com
Ashin Kumara
Sj- Malaysia
ashinkumara@gmail.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/23/2009 12:03:00 AMရေးသားသူ မိုးပြေး အညွှန်း | 10 အကြံပြုချက်များ »

What is Buddhism ? ဗုဒ္ဓဘာသာဆိုတာဘာလည်း

ဗုဒ္ဓဘာသာဆိုတာဘာလည်း။

နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးက ပြန်ဆိုတော်မှု ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားသည် ဤစာအုပ်ကို ၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့  ၌ စတင်ပြန်ဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် နွေရာသီ၌ ဟော်လန်တရားစခန်းတွင် အပြီးသတ်ခဲ့ပါသည်။

မူရင်း စာအုပ်နာမည်မှာ Good Question Good Answer ဟူသောစာအုပ်ဖြစ်ပါတယ်။ ရေးသားသူကတော့ သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Shravasti Dhammika အရှင် ဓမ္မိက ဖြစ်ပါတယ်။


၁။ ဗုဒ္ဓဘာသာဆိုတာဘာလည်း

မေး ။ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ။ ။ “ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားလုံးဟာ “ဗုဓိ” ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ” ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီ ဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ ) နိုးထလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်း ၃၀၀ ကျော်ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ထိကတော့ ဗုဒ္ဓဘာသာဟာ အရှေ့ တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ပါတယ်. သို့ သော်လည်း ယခု အချိန်မှာ ဥရောပ နှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါပြီ။


1. What is Buddhism ?

Question: What is Buddhism?
Answer: The name Buddhism comes froms the word “budhi” which means “to wake up” and thus Buddhism is the philosophy of awakening. This philosophy has its origins in the experience of the man Siddhattha Gotama , Known as the Buddha, who was himself awakened at the age of 35.Buddhism is now 2,500 years old and has about 300 millions followers world –wide . Until a hundred years ago, Buddhism was mainly an Asian philosophy but increasingly it is gaining adherents in Europe and America.

မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပေါ့။
ဖြေ။ ။ ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် “philo” ဆိုတာ”ချစ်ခင်ခြင်း မေတ္တာ” လို့ ဆိုလိုပါတယ်။ “sophy” ဆိုတာက “ပညာ” လို့  အဓိပ္ပါယ်ရပါတယ်။ ဒီတော့ “Philosophy” ဆိုတာ “ပညာကို ချစ်ခင်ခြင်း၊ ” သို့ မဟုတ် “မေတ္တော နှင့် ပညာ” လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖော်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွနုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွနုပ်တို့ ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွားအောင် ကြိုးစားဖို့ ကိုလည်း သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာရပ်လို့ ဆိုနိုင်သော်လည်း သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး မြင့်မြတ်သော အတွေးအမြင် ပညာ (Supreme Philosophy) ဖြစ်တယ်။

Question: So Buddhism is just a philosophy ?
Answer: The word philosophy comes from two words “philo” which means “ love” and “Sophia” which means “wisdom”. So philosophy is the love of wisdom or love and wisdom, both meanings describing Buddhism perfectly .Buddhism teaches that we should try to develop our intellectual capacity .It also teaches us to develop love and kindness so that we can be like a true friends to all beings. So Buddhism is aphilosophy but not just a philosophy. It is the supreme philosophy.

မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပလ၀တ်ပြည်) ဘုရင်သုဒ္ဓေါနမင်း နှင့် မိဖုရား မယ်တော်မာယာတို့ မှ သားတော်လေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းရသော်လည်း နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မူကို မပေးနိုင်ဘူးဆိုတာ တွေ့ လာရတယ်။ ဒီမင်းသားဟာ သူ့ ပတ်ဝန်းကျင်မှာ သူတွေ့ မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက်သော့ချက်ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက် ၂၉ နှစ်ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ ရဲ့ ကြင်ယာတော် (ယသောဓရာ) နှင့် သားတော် (ရာဟုလာ)ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးသော်လည်း သူတို့ ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခတွေကို ဘယ်လို ကျော်လွန်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ဓ္ဓတ္ထမင်းသားဟာ( ဥရုဝေလတော) မှာ ခြောက်နှစ်ကြာအောင် လေ့လာပွားများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဓ္ဇာကို ပယ်ခွာနိုင်တဲ့အတွက် (အမှန်တရား) ကို ထိုးထွင်းသိမြင်သွားပါတယ်။* အဲဒီအချိန်ကစပြီး သူ့ ကို “ဗုဒ္ဓ” (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်ကစပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့ သိထားတဲ့ တရားတော်များကို လှည့်လည် ဟောပြောခဲ့ပါတယ်။
*ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရားမဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့် ၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန်ကို ပွားမှသာ ဘုရားအဖြစ်သို့  ရောက်ပါသည်။


Question: Who is the Buddha?
Answer: In the year 563 B.C. a baby was born into a royal family in northen India. He grew up in wealth and luxury but eventually found that worldly comfort and security do not guarantee happiness. He was deeply moved by the suffering he saw all around- and resolved to find the key to human happiness . When he was 29 he left his wife and child and set off to sit at the feet of thee great religious teachers of thee day to learn from them. They taught him much but none really knew the cause of human suffering and how it could be overcome. Eventually, after six years study and meditation he had an experience in which all ignorance fell away and he suddenly understood. From that day onwards, he was called the Buddha, the Awakened One. He lived for another 45 years in which time he travelled all over.

မေး ။ ။ ဗုဒ္ဓဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ အချိန် အကြာကြီး စဉ်းစားပြီး တွန့် ဆုတ်တွန့် ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်တာထက် တလောကလုံးရဲ့  အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ။ ကြီးမားတဲ့ မဟာဂရုဏာတော်က ဗုဒ္ဓမြတ်စွာကို တစ်လောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့် ပြီး အဆင်းရဲ အပင်ပန်းခံမှုကြောင့် တစ်လောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေရတာ ဖြစ်ပါတယ်။ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာအကြီးမားဆုံးသော စွန့် လွတ်မှုကြီးပါပဲ။

Question: Wasn’t it irresponsible for the Buddha to walk out on his wife and child ?
Answer: It couldn’t have been an easy thing for the Buddha to leave his family. He must have worried and hesitated for a long time before he finally left. But he had a choice, dedicating himself to his family or dedicating himself to the whole world. In the end, his great compassion made him give himself to the world. And the whole world still benefits from his sacrifice. This was not irresponsible. It was perhaps the most significant sacrifice ever made.


မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွနုပ်တို့ ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ ရှိတဲ့ မိုက်ကယ်ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူ့ ရဲ့ တွေ့ ရှိချက်တွေက ကျွနုပ်တို့ ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလည်း ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူတွေ့ ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်ဆယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလည်း သေသွားပါပြီ။ သို့ သော်လည်း သူဖန်းတီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှုတွေ ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လည်း သူတို့ အကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့ လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာသွားပါပြီ။ သို့ သော်လည်း ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့ စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀ကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

Question: The Buddha is dead so how can he help us?
Answer: Faraday, who discovered electricity, is dead, but what he discovered still helps us. Luis Pasteur who discovered the cures for so many diseases is dead, but his medical discoveries still save lives. Leonardo da Vinci who created masterpieces of art is dead, but what he created can still uplift and give joy. Noble men and heroes may have been dead for centuries but when we read of their deeds and achievements, we can still be inspired to act as they did. Yes, the Buddha is dead but 2500 years later his teachings still help people, his example still inspires people, his words still change lives. Only a Buddha could have such power centuries after his death.


မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား ။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ထာဝရဘုရားရဲ့  သားတော်ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့် ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါ့ကြောင့် သူ့ လိုကျွန်ုပ်တို့  ကြိုးစားလျှင် ကျွန်ုပ်တို့ လည်း သူ့ လိုပဲ အလုံးစုံ ပြည်စုံသူများ ဖြစ်နိုင်ကြောင်း မိန့် ကြားတော် မူပါတယ်။

Question: Was the Buddha a god?
Answer: No, he was not. He did not claim that he was a god, the child of a god or even the messenger from a god. He was a man who perfected himself and taught that if we follow his example, we could perfect ourselves also.


မေး။ ။ ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့်သူ့ ကိုလူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ။ ။ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ က တစ်စုံတစ်ခုသော တန်ခိုးရှင် ဘုရား ( a God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ၊ ပူဇော်ပသတာကို လက်ခံလိမ့်မယ်လို့  ယုံကြည်လို့ ၊ဆုတောင်းတာကို ဖြည့်ဆည်းပေး လိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တစ်ခြားကိုးကွယ် ဆည်းကပမှု တစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့ မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့ တွေ့ ရင် လက်ဆွဲ နှုတ်ဆက်ကြတယ်။ အမျိုးသား သီချင်းတီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရသပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်တဲ့ ရှိခိုးကိုးကွယ်မှုမျိုးပါပဲ။

တင်ပျဉ်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့  မဟာကရုဏာတော်ဖြင့် ကြည်လင်လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရားတိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ ကိုသတိပေးနေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံက ကျွန်ုပ်တို့  သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံနှံနေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့  ညိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့ အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှု ဖြစ်ပါတယ်။

Question: If the Buddha is not a god, then why do people worship him?
Answer: There are different types of worship. When someone worships a god, they praise him or her, making offerings and ask for favours , believing that the god will hear their praise, receive their offerings and answer their prayers. Buddhists do not indulge in this kind of worship. The other kind of worship is when we show respect to someone or something we admire. When a teacher walks into a room we stand up, when we meet a dignitary we shake hands, when the national anthem is played we salute. These are all gestures of respect and worship and indicate our admiration for persons and things. This is the type of worship Buddhist practise . A statue of the Buddha with its hands rested gently in its lap and its compassionate smile reminds us to strive to develop peace and love within ourselves. The perfume of incense reminds us of the pervading influence of virtue, the lamp reminds us of light of knowledge and the flowers which soon fade and die, reminds us of impermanence. When we bow, we express our gratitude to the Buddha for what his teachings have given us. This is the nature of Buddhist worship.

ကျွန်တော် ဗုဒ္ဓဘာသာဆိုတာဘာလည်း ဆိုတဲ့ ပိုစ့်ကို နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးရဲ့ စာအုပ်ကနေ ကူးယူပြီး ဓမ္မဒါန ပြုတာဖြစ်ပါတယ်။ စာလုံးပေါင်း သတ်ပုံများကို လည်းမှားယွင်းနေပါက ခွင့်လွတ်ပါ ခင်ဗျာ။ ကျွန်တော်ဒီ ဗုဒ္ဓဘာသာဆိုတာဘာလည်း ဆိုတဲ့ ပိုစ့်ကို မြန်မာဖောင့် မကျွမ်းကျင်ပဲ နှစ်လုံးဆင့်စကားလုံးများကို ခက်ခဲစွာ ရိုက်ခဲ့ရသောကြောင့် ဖြစ်ပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ အပိုင်းများကိုလည်း ဆက်လက်ပြီး ဓမ္မဒါနပြု ပူဇော်သွားပါဦးမယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/16/2009 12:06:00 AMရေးသားသူ မိုးပြေး အညွှန်း | 7 အကြံပြုချက်များ »

Happy Valentine's Day ( ချစ်သူများနေ့ )



ချစ်သူများနေ့ တဲ့ဗျာ...... ရောက်လာပြန်ပြီ။ ချစ်သူများနေ့ ဆိုတာကို အမိမြေရဲ့ အဝေးတစ်နေရာကနေ တမ်းတနေတာ အခုဆို တော်တော်ကြာပြီပဲလေ...... ဘာရယ်လို့ လည်းမဟုတ်ပါဘူး သတိရစရာ အမှတ်ရစရာလေးတွေ ရှိရင် တမ်းတတက်တာ လူ့ သဘာဝပဲလေ... လူတိုင်း လူတိုင်း ခံစားချက်ကိုယ်ဆီနဲ့ ဘ၀တစ်ခု ကိုကျော်ဖြတ်နေတာလေ၊ ကျော်ဖြတ်တဲ့ပုံစံကတော့ တူချင်မှ တူပါလိမ့်မယ်လေ။ ဒီလိုရက်တွေမှာ ကိုယ့်ဘ၀ကို နားလည်စွာနဲ့ အဖော်ပြုပေးမယ် ချစ်သူတစ်ယောက် ရှိစေချင်မှာပါ။

နှစ်လကြာညောင်း ခါနွေပြောင်းလည်း
တမ်းတမ်းတတ မေ့မရနှင့်....
ရင်မှချစ်သူ သူလေးကိုသာ
မျှော်မိပါသည်........

သို့ ပါသော်လည်း ကြင်သူနှစ်ယောက်
မိုင်းပေါင်းများစွာ ကားဆီးလို့ ထား
လွမ်းတသက်သက် ဆွေးတမြေ့မြေ့
ဝေးခဲ့လေပြီ........

ရင်မှာမမေ့ တမ်းတမိကာ
ချစ်ရှာလေသော် သောကခံစား
အပူမီးကို အသည်းခိုက်မျှ
အေးလှပါသည် မည်သောဆောင်းလည်း
လက်မှိုင်ချကာ နေရပေသည်......

ပျော်ရွှင်ဖွယ် ချစ်သူများနေ့ ဖြစ်ပါစေ.......


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/13/2009 09:11:00 PMရေးသားသူ မိုးပြေး အညွှန်း | 3 အကြံပြုချက်များ »

Windows Vista Snapshot (Free Screen Capture Tool)

Windows Vista မှာပါတဲ့ Screen Capture Tool လေးဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီ Tool လေးကို သတိမထား မိခဲ့ပါဘူး၊ ကျွန်တော် ပိုစ့်တင်လို့ Screen Capture လုပ်မယ်ဆိုရင် Fast Stone Screen Capture Tool ကိုသုံးပါတယ် ၊ Windows ကနေ Capture ကို Paint ကနေတဆင့်လုပ်ပါတယ်။ အဆင်မပြေပါဘူး Fast Stone Screen Capture Tool က ရက်၃၀ ဘဲရတာလေ Serial Key လည်းမရှာချင်တော့ဘူး။ အခု Snipping tool လေးက Windows Vista မှာပါတဲ့ Tool ဖြစ်တဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ Start > Seach box မှာ Snip လို့ ရိုက်လိုက်ရင် Snipping tool ကိုတွေ့ ရမှာဖြစ်ပါတယ်။ သိပြီးတဲ့သူတွေ အတွက်ကတော့ Sorry ပါဗျာ။ ကျွန်တော့်လို သတိမထားခဲ့မှာ ဆိုးလို့ ပါ။

အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/01/2009 05:52:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Hide File Names in Windows Vista

ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် Folder တစ်ခုကို file names မပေါ်စေချင်ရင်တော့ ...အရင်ဆုံး Folder ကိုဖွင့်လိုက်ပါ။ ပြီးရင် Shift Key ကိုနှိပ်ထားပါ Views Tab ကို file names ပျောက်သွားတဲ့ အထိနှိပ်ပေးပါ။ file names ပျောက်သွားပါလိမ့်မယ်။ file names ပြန်ပေါ်စေချင်ရင်တော့ Shift Key ကိုနှိပ် Views ကို file names ပေါ်တဲ့အထိ ပြန်နှိပ်ပေးရင် ပြန်ပေါ်လာပါလိမ့်မယ်။
Before
After

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/31/2009 01:40:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Delicious Wallpapers For Windows Vista



Wallpapers လေးတွေ လှလို့ ဗျို့ တင်ပေးလိုက်တာ။ စတိုင်လေးတွေက မိုက်တယ်လေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/30/2009 05:01:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Vista Visual Master


Windows Vista ကိုအသုံးပြုနေတဲ့ သူတွေအတွက် အသုံးဝင်စေမယ် Software လေးဖြစ်ပါတယ်။ Vista Visual Master ဆိုတာပါပဲ။ Vista Visual Master မှာဘာတွေပါဝင်လည်း ဘာတွေကို ပြောင်းလဲပေးနိုင်လည်းကို ကျွန်တော် အသုံးပြုတက်သလောက် အောက်မှာဖော်ပြပေးထားပါတယ် ခင်ဗျာ။
အရင်ဆုံး ကျွန်တော်တို့ အသုံးပြုနေတဲ့ System Icon တွေကို ပြောင်းလည်းပေးနိုင်ပါတယ်။

File Type Icon တွေကိုလည်း ပြောင်းပေးနိုင်ပါတယ်။

Logon Picture ကို Control Panel ကိုမသွားပဲ ပြောင်းပေးနိုင်ပါတယ်။

နောက်ထပ် OEM Information ,Boot Screen ,Theme Patch တွေကိုလည်း ပြောင်းလည်းနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/30/2009 02:25:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Free Fixer Software



ပိုစ့်မရေးတာလည်း ကြာနေတယ်ဗျာ။ ဘာလို့ လည်းဆိုတော့ ကျောင်းကလည်း မပိတ်၊စာမေးပွဲက မပြီးနဲ့ ဆိုတော့ ဘာမှကို မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတုန်း Free Fixer ဆိုတဲ့ Software လေးကိုတွေ့ တာနဲ့ ပိုစ့်ရေးဖြစ်သွားတာပါ။ ကိုယ့်စက်ကို Scan လုပ်တာပါပဲ။ ဘာတွေကို Scan လုပ်ပေးလည်းဆိုတော့ processes, browser toolbars, homepage settings ,Registry Startups ,Autostart shortcuts, Drivers, စတာတွေကို Scan လုပ်ပေးတာပါ။ Software က Free Fixer ဆိုမှတော့ Free ပေါ့ဗျာ။ Software ကိုတော့ ဒီမှာ ယူလိုက်ပါ ခင်ဗျာ။ အပေါ်ကပုံကတော့ ကျွန်တော့် စက်ကို Scan လုပ်ပြီး Screenshot လုပ်ထားတာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/29/2009 02:35:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Ad-Aware Anniversary Edition Download


နောက်ဆုံးထွက်လာတဲ့ Ad-Aware Edition ဖြစ်ပါတယ်။ အသုံးပြုချင်ရင်တော့ Download ရအောင်လို့ ရှယ်တာဖြစ်ပါတယ်။သူ့ မှာပါတဲ့ Features: တွေကတော့...
Integrated Ad-Watch Live! Expert
Real-time network protection
Behavior-based Heuristical Detection
Extensive Detection Database
Customizable Profile Scans
Lavasoft SmartSet
Lavasoft AutoStart Manager
Comprehensive Malware Protection
Process Watch
Hosts File Editor
External Drive Scanning
Command Line Support
Network Drive Scanning
အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/21/2009 01:39:00 AMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Free Extended Task Manager 1.0 Software


Ctrl+Alt+Del ဆိုပြီး နှိပ်လိုက်ရင် တွေ့ နေကျ ဖြစ်နေတဲ့ Task Manager လေးကို ပုံစံတစ်မျိုးနဲ့  တွေ့ ချင်တယ်ဆိုရင်၊ အရင်ပုံစံ အဟောင်းကနေ ခွဲထွက်ပြီးတော့ ပုံစံတစ်မျိုးနဲ့  တွေ့ မြင်ရမှာပါ။ လုပ်ဆောင်ချက်တွေတူပေမယ့် Extended Task Manager 1.0 ကပိုပြီးအသုံးပြုရ လွယ်ကူစေမှာပါ။ ပိုလာတာကတော့ ports နဲ့ Summary ဆိုတဲ့ tab လေးပိုလာပါတယ်။ Perfommance မှာဆိုရင် Disk I/O History ဆိုတာပိုလာပါတယ်။ ကျွန်တော်အောက်မှာ Windows မှာပါတဲ့ Task Manager နဲ့ Extended Task Manager 1.0 တို့ ရဲ့ ကွဲပြားတဲ့ အချက်တွေကို တစ်ခုချင်း Screen Shots နဲ့ ယှဉ်ပြထားပါတယ်။ Extended Task Manager 1.0 Download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/19/2009 01:42:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Intel Atom Processor with Intel board - D945GCL

အခုနောက်ပိုင်း mini computer, mini laptop တွေမှာ အသုံးပြုနေတဲ့ Intel Atom Processor ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/18/2009 11:07:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Free Video Converter Software

ကျွန်တော်လည်း ဘာမဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ အတွက်ပိုစ့်တင်တာ နည်းနည်းကျဲသွားတယ်။ ဘာလုပ်လည်းလို့  မေးရင်ခေါင်းစဉ်မရှိပါဘူး။ ကျွန်တော့်ဆီကို လာလည်တဲ့ မိတ်ဆွေတွေကိုတော့ အားနာမိတယ်။ အဲဒါနဲ့ ဘာလုပ်မလည်းလို့  ကြံစည်နေတုန်း သူငယ်ချင်းတစ်ယောက်က သီချင်းတစ်ပုဒ်လောက် MP3 ပြောင်းပေးပါလားလို့ ဆိုတာနဲ့  အလကားရပြီး ကျွန်တော်တို့  အတွက်အဆင်ပြေမယ့် Video Converter Software ကိုသတိရတာနဲ့ တင်ပေးလိုက်တာပါ။ အလကားရတယ် ဆိုတာထက် သူ့ ပြောင်းပေးနိုင်တဲ့ Format တွေကတော့ ....

* MP3, Vorbis, AAC, AAC+, AAC+v2, MusePack, Speex, AMR, WMA, RealAudio, mp3PRO*
* FLAC, WavPack, Monkey's Audio, OptimFrog, AAC Lossless, TTA, WAV/PCM, Waveform
* H.264, XviD, DivX, MPEG 1/2/4, Theora, Flash Video, Dirac, 3ivx*, RealVideo*, Windows Media Video
* AVI, MPEG/VOB, Matroska, MP4, PMP, RealMedia*, ASF, Quicktime*, OGM*
* CD, DVD, VCD, SVCD, CUESheet*, HTTP*, FTP*, RTSP*, UDP*
ဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင် Hardware Requirements အနေနဲ့  Dual Core processors အနည်းဆုံး ဖြစ်ရပါမယ်။ အသေးစိတ်ကိုတော့ သူ့ ရဲ့ မှုရင် ဆိုဒ်မှာ လေ့လာနိုင်ပါတယ်။
Video Converter Software ကိုတော့ ဒီမှာ Download ယူပါခင်ဗျာ။ အောက်မှာ Video Converter Software အသုံးပြုပုံလေးတွေပါ။

အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/18/2009 06:30:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Microsoft Office 2007 မှ PDF Format သို့ ပြောင်းခြင်း

ကျွန်တော်တို့ Microsoft Office 2007 ကို အသုံးပြုပြီး Word ,Excel,Power Point အစရှိတဲ့ Microsoft Office 2007 မှာပါဝင်တဲ့ အရာအားလုံးကို PDF Format အဖြစ်ပြောင်းလဲ ချင်တယ်ဆိုရင်တော့ ဒီပိုစ့်လေးက အထောက်ကူ ဖြစ်စေမှာပါ။ အဲလိုပြောင်းချင်တယ်ဆိုရင် အရင်ဆုံး Microsoft Save As PDF Add-In ဆိုတာကို အရင်ဆုံး Download လုပ်လိုက်ပါ။ အောက်ကပုံတွေ ကတော့ Microsoft Save As PDF Add-In ကို Install မလုပ်ခင်နဲ့ လုပ်ပြီးပြောင်းလဲသွားတဲ့ ပုံစံတွေ၊ပြီးတော့ Install လုပ်ပုံ အဆင့်ဆင့်တွေ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ Microsoft Office 2007 မှ PDF Format သို့ ပြောင်းလဲပေးနိုင်မှာပါ။

Install လုပ်ပုံ အဆင့်ဆင့်တွေ ဖြစ်ပါတယ်။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/14/2009 04:04:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Easily Re-Size Photos in Windows Vista or XP

ကိုယ့်မှာရှိတဲ့ ဓာတ်ပုံလေးတွေကို Re-Size လုပ်ချင်တဲ့ သူတွေ အတွက်ပါ။ အလွယ်ကူဆုံးလို့ ပြောရမှာပါ။ ကိုယ်ပြောင်းချင်တဲ့ Size ကို အချိန်ခဏ အတွင်းမှာ ပြောင်းလဲပေးနိုင်မဲ့ Software လေးတွေကို မျှဝေပေးတာပါ ခင်ဗျာ။ အရင်ဆုံး Image Resizer PowerToy ဆိုတာလေးရဲ့ ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။ Image Resizer PowerToy ကို ဒီမှာ Download ယူပါ။

နောက်ထပ်တစ်မျိုးကတော့ VSO Image Resizer ဖြစ်ပါတယ်။ Download အောက်ကပုံလေးတွေ ကတော့ VSO Image Resizer ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။

Windows Live Photo Gallery ပါ Microsoft ကနေ Free ပေးထားတဲ့ Software ပေါ့။ Download 

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/14/2009 02:18:00 PMရေးသားသူ မိုးပြေး အညွှန်း , , | 0 အကြံပြုချက်များ »

Windows Media Player မှ Full-Screen Mode အား Lock ချခြင်ရင်...

Windows Media Player ကိုဖွင့်လိုက်လို့  Full-Screen ကို Lock ချထားတဲ့ ပုံစံလေးပါ။ ဘာမှတော့ မဟုတ်ပါဘူး Windows Media Player မှာပါတဲ့ feature တစ်ခုပါပဲ ။ Windows Media Player ရဲ့  Full-Screen ကို Lock ချထားချင်တယ်ဆိုရင်တော့ အောက်က အဆင့်လေးတွေ အတိုင်း လုပ်ကြည့်နိုင်ပါတယ်။ အရင်ဆုံး Windows Media Player ရဲ့ ညာဘက်ထောင့် အစွန်မှာ full-screen mode လေးရှိပါတယ်။



full-screen mode ကို Click လုပ်လိုက်ပြီး textbox လေးထဲမှာ PIN Code ၄လုံးရိုက်ထည့်ပြီးရင် အစိမ်ရောင် အမှတ်လေးပေါ် လာပါလိမ့်မယ်၊ Click ပေးလိုက်ပါ။

ဒါဆိုရင်တော့ Windows Media Player ရဲ့ full-screen mode ကို Lock ချပြီးသား ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/12/2009 01:50:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Windows 7 Beta Download


Windows 7 Beta ကိုစမ်းပြီး အသုံးပြုချင်သူတွေ အတွက်ပါ။ ဘာပဲ ဖြစ်ဖြစ် အသစ်အဆန်းဆို တာကိုလူတိုင်းက ပြောင်းလဲခြင်မှာပါ။Windows Vista ပြီးတော့ လာပြန်ပြီ Windows 7 တဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် သုံးဘူးတာပေါ့ဗျာ။ Download အတွက်ကတော့ အောက်မှာ ယူနိုင်ပါတယ်။
Windows 7 Beta (32 bit - x86) Direct Link (English)
Windows 7 Beta (64 bit - x64) Direct Link ((English)
 Windows 7 Guide Version 1.2 ကိုပါ Download ယူလိုက်ပါဦး။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/11/2009 02:05:00 AMရေးသားသူ မိုးပြေး အညွှန်း , | 1 အကြံပြုချက်များ »

Add Control Panel to the Desktop Right-Click Menu in Vista

Control Panel ကို Window Vista မှာရှိတဲ့ Desktop Right-Click Menu မှာ ထည့်တာလေးပါ။ အလွယ်တကူနဲ့ Control Panel ကိုအသုံးပြုနိုင်စေမှာပါ။ Control Panel ကို Start Menu ကတဆင့် ၊ဒါမှမဟုတ် Window Key + R ကိုနှိပ်ပြီး control ဆိုရင်လည်း Control Panel ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Desktop Right-Click Menu မှာထည့်ထားတော့ ကျွန်တော့်အမြင်တော့ အဆင်ပြေပါတယ်။Registry ကနေတဆင့် Control Panel ကို ထည့်မှာဖြစ်ပါတယ်။ အရင်ဆုံး Window Key + R ကိုနှိပ်ပြီး regedit ဆိုတာကိုရေးပါ ၊ Registry Editor ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Registry Editor ကိုရောက်ပြီဆိုရင် အောက်ကအဆင့်လေးတွေ အတိုင်းသွားလိုက်ပါ.....
HKEY_CLASSES_ROOT> Directory> Background> shell ကိုရောက်ရင် အောက်မှာပြထားတဲ့ အတိုင်း shell ကို Right Click> New ကတဆင့် Key ဆိုတာကိုရွေးပါ command လို့ နာမည်ပေးလိုက်ပါ။




command key ကို Click ပေးလိုက်ပြီး ညာဘက်အခြမ်းမှာ (Default) ဆိုတာကို တွေ့ ပါလိမ့်မယ်။တွေ့ ရင် Right Click > Modify လုပ်ပါ Data value ကို rundll32.exe shell32.dll,Control_RunDLL ဆိုပြီးထည့်ပေးပါ။

ပြီးရင် Registry Editor ကိုပိတ်လိုက်ပြီး Restart ပေးလိုက်ပါ။ Desktop Right-Click Menu မှာ Control Panel ကိုတွေ့ ရပါလိမ့်မယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/10/2009 11:42:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Customize Your Windows Vista Logon Screen

ကျွန်တော်တို့  ကွန်ပျူတာကို စပြီးဖွင့်တဲ့ အခါမှာ မျက်စိပသာဒ ဖြစ်စေတဲ့ Window Login Screen ကိုပြောင်းလဲပေး တာလေးကို ကျွန်တော် မျှဝေချင်ပါတယ်။ Window ကသတ်မှတ်ပေးလိုက်တဲ့ Logon Screen ကိုမကြိုက်ဘူးလား ရိုးနေပြီဆိုရင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အစားထိုးမလား ၊ ကိုယ့်ချစ်သူပုံလေးကို Logon Screen မှာထားချင်လား ? အဆင်ပြေစေမှာ ဖြစ်ပါတယ်။ လွယ်ကူပြီး ရိုးရှင်းစွာ အစားထိုးနိုင်ပါတယ်။ အရင်ဆုံး Windows Vista Logon Screen ဆိုတာလေးကို DOWNLOAD ယူလိုက်ပါ။ DOWNLOAD ပြီးပြီဆိုရင်........
Install လုပ်လိုက်ပါ ။ အောက်က ပုံစံလေးအတိုင်း တွေ့ ရပါလိမ့်မယ်။


ကိုယ်နှစ်သက်တဲ့ ပုံတွေကိုတော့ Creat ကတဆင့် ယူလိုက်ပါ။

Browse ကနေကိုယ် ကြိုက်တဲ့ ပုံလေးကို ယူပြီး Save လိုက်မယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ ပုံလေးက Windows Vista Logon Screen မှာရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာပုံလေးတွေနဲ့ ပျော်ရွှင်ပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/10/2009 07:00:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »