ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

ကျွန်တော့် သူငယ်ချင်း ဂျပန်မလေး ဘလောဂ့်လေးတောင် ၅ လ တင်းတင်းပြည့်ပြီပဲလေ...အော် ဘာလိုလိုနဲ့  အချိန်တွေ အချိန်တွေ တော်တော်ကို အကုန်မြန်နေပါလား... သူရေးတဲ့  post တွေကလည်း ၂၀၀ ပြည့်ပြီလေ...တော်တော်ကို ကြိုးစားပန်းစား ရေးထားတာကို၊ သူ့ ကြိုက်တဲ့  Teddy Bear အရုပ်လေးနဲ့ အတူ သူ့ ရဲ့ ဓာတ်ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ ဂျပန်မလေးရေ ကျောင်းသွားရင် တစ်ခါတည်း ယူသွားလို့ ရအောင် ကျောပိုးအိပ်လေးပါ လက်ဆောင်ပေးလိုက်တယ်နော်...သူငယ်ချင်း ဂျပန်မလေး အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးရင် ဒီထက်မက စာတွေ၊ အတွေ့ အကြုံတွေကို မျှဝေပေးနိုင်ပါစေ ခင်ဗျာ။
ဂျပန်မလေး ကျောင်းမသွားပဲ post ရေးအပြီး အပန်းဖြေနေစဉ်ပုံပါ... :P
ဒါကတော့ ကျွန်တော် လက်ဆောင်ပေးလိုက်မဲ့  ကျောပိုးအိပ်ပါ။ အရုပ်ပါပါသည်၊ကျောင်းရောက်ရင် ဆော့ဖို့  :D

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

No Title (ခေါင်းစဉ်မရှိ)


ချစ်သူရေ....ငါနင့်ကို စိတ်ပူတယ်ဟာ....ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စိုးရိမ်တဲ့ စိတ်လေးကိုတော့ အသိအမှတ်ပြုပေးပါ။ ငါကတော့ နင့်ကို အမြဲတမ်း ချစ်နေဦးမှာပါ။ နင့်ရဲ့ စိတ်ထဲမှာ တစ်ယောက်ထဲ ဆိုတဲ့စိတ်ကို မေ့ထားလိုက်ပါ။ နင်မိုးရေထဲမှာ တစ်ယောက်ထဲ ဖြစ်နေလို့  နင့်မှာ ထီးမရှိခဲ့ရင် ငါမှာရှိတဲ့ လက်ဝါးနှစ်ဖက်နဲ့  နင့်ကိုထီးအဖြစ် မိုးပေးပါရစေ။ အပြည့်အ၀ လုံခြုံမှုကို မပေးနိုင်ရင်တောင် ငါနင့်ကိုချစ်တဲ့ စိတ်ကြောင့် နင်နွေးထွေးနေမှာပါ။ နင့်ဘေးမှာ ငါနေချင်တဲ့ စိတ်ကိုတော့ ငါဘယ်တော့မှ ပြင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင် နင်အတွက် လုံခြုံမယ် ထင်တဲ့ ထီးတစ်လက်ကို ရှာလိုက်ပါ။ အခက်အခဲ ရှိလာရင်တော့ ငါ့ရဲ့ လက်ဝါးနှစ်ဖက်အောက်ကို ၀င်လာလည့်ပါ၊ ငါနင့်ကို နွေးထွေးစွာ ကြိုဆိုနေပါ့မယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ရက်ပေါင်း ၇၁၄ ရက်

နင်နဲ့ စတွေ့ ခဲ့တဲ့ အချိန်လေးကို ပြန်ရောက်တော့မယ်... ဒါပေမယ့် အရင်ကလို ပျော်ရွှင်မှုတွေကို ပြန်လည်တမ်းတ လို့ မရတော့ဘူးလေ.....နင်နဲ့ ငါ အရမ်းကို ကွာဝေးစေခဲ့ပြီလေ ကံတရားဆိုတာကြီးက ကံကိုပဲ အပြစ်မပြောပါဘူး ငါတို့ နှစ်ယောက်ကိုက မထားသင့်တဲ့ ပြိုင်ဆိုင်မှုတွေကို ထားခဲ့တာကို ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုငါ အသက်လောက်ကို ချစ်ခဲ့တာပဲလေ ပိုပြောတယ်လို့  ဆိုရင်လည်း ငါနင့်ကို ပြန်လည်ငြင်းဆန် နေမှာမဟုတ်ဘူးနော်၊............

ငါဘယ်လောက်ချစ်ခဲ့တယ် ဆိုတာကို နင် ကငါ့ထက်ပိုပြီး သိမယ်ထင်တယ် ငါနင့်ကို
အခုချိန်မှာ ဘယ်လောက်ပဲ ချစ်ပါတယ် လို့ ပဲပြောပြော အရာရာက နောက်ကျနေခဲ့ပြီလေ ငါ နင့်ကို ချစ်တယ်ဆိုတာကတော့ ငါ့ကိုငါ ယုံမှားဖွယ် မရှိတာတော့ ငါသိတယ်...ထားလိုက်ပါတော့လေ..........
ရက်ပေါင်း ၇၁၄ ရက်အတွင်းမှာ ငါတို့ တွေ မထင်မှတ်တဲ့ ကိစ္စတွေ ပြဿနာတွေ အလွမ်းတွေ အဆွေးတွေနဲ့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လေ ...

နင်ပျော်ရွှင်ပါစေ လို့ ငါအမြဲတမ်း ဆုတောင်းနေမှာပါ ...ငါ နင့်ကို ဘယ်တော့မှ မမုန်းပါဘူး စိတ်သဘောထာခြင်း မတိုက်ဆိုင်လို့ သာ ငါတို့ တွေ ဝေးခဲ့ရတာပါ ငါ့ရင်ထဲမှာ နင့်အတွက် အမုန်းဆိုတာကို ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ပါဘူး ....ငါ နင်နဲ့ စတွေ့ တည်းက အချစ်တွေ နဲ့ စပြီး အချစ်တွေနဲ့ အဆုံးသတ်ချင်တယ် လို့ ပြောခဲ့တယ်နော်...ဘာတွေပဲ ဖြစ်ဖြစ်ငါနင့်ကို ချစ်ခဲ့ပါတယ်။.........ငါနင့်ကိုမေ့ဖို့ ဆိုတာ လည်း မဖြစ်နိုင်သေးလို့  ငါ့ကိုသတိရ ခွင့်လေးတော့ ပေးကွာ၊ ဒဏ်ရာဆိုတာ ပျောက်သွားမယ် ဆိုရင်တောင် အမာရွတ်လေးတော့ ထင်ကျန်နေခဲ့တယ်လေ...ငါရလိုက်တဲ့ ဒဏ်ရာက ရင်ထဲမှာပါ........
မိုးပြေး(၁၀.၁၀.၂၀၀၈)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:06:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

TAG ခေါင်းစဉ်က ဖြစ်သလို ၊ ကြုံသလိုစားခြင်းတဲ့....

ကျွန်တော်သည် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး အပျင်ထူ၍ နေစဉ် Cbox ထဲမှာ TAG ထားတယ်လို့  လာပြောမှပဲ သိတော့တယ်။ သူများတွေကရေးပြီးနေပါပြီ၊ အဲဒါကို ရွှေမင်းသမီး MEGUMI ကရုပ်ရှင်ရုံမှာ ရုပ်ရှင်ကောင်းသောကြောင့် ကြိတ်ကြိတ်တိုး အားပေးနေသရောင် ရေးပြီး ဆိုတာကို ကွင်းစကွင်းပိတ်နဲ့ တောင်ရေးလိုက်သေးတယ်။ မရှိတဲ့ဂုဏ်တွေကို မြင့်ပေးသေးတယ် အပေါ်ဆုံးကနေပြီး အပျင်းကြီးတဲ့ မိုးပြေးတဲ့ဗျာ.. ကဲဒါနဲ့ ပဲလိုရင်းကို မရောက်တော့ဘူး...TAG ထားတာကလည်း ကြုံသလိုစားခြင်းဆိုပဲ...
အရင်ဆုံးအနေနဲ့  ငယ်ငယ်တည်းက ကြိုက်တဲ့ ဟင်းမဟုတ်တဲ့ မပါမဖြစ်စားချင်တာကတော့ ငပိရည်ရယ် တို့ စရာရယ်ဆိုပါတော့ဗျာ.. ကြိုက်မှာပေါ့ဗျ ရွာသားကိုဗျာ... :D အသားဆိုရင်တော့ အမဲသားကိုတော့ မစားဖြစ်ဘူးဗျ ရှောင်ထားတယ် ထင်နေဦးမယ် မရှောင်ဘူးဗျ မစားချင်တာ ... ငါးဟင်းဆိုရင်တော့ ထုံးစံအတိုင်းမစားဘူးပေါ့ဗျာ ရွာသားဆိုတော့ နည်းနည်းတော့ဂျီးများတယ်.. ;) မစားတော့ အိမ်ကငါးကိုကြော်ကျွေးမလား မှတ်တယ်၊မထင်နဲ့ မကြော်ကျွေးပါဘူး.. :( မိန်းမရရင်တော့ ငါးကြော်ခိုင်းရမယ်..ဟီး :L ဟင်းသီးဟင်းရွက်ကတော့ ကြော်မလား ချက်မလား မကျက်တကျက်လား အကုန်ကြိုက်တယ်။ အထူးသဖြင့် ကန်စွန်းရွက်ကြော်ပေါ့ဗျာ။ သိကြတဲအတိုင်းပဲ ကန်စွန်းပလိန်းလေးနဲ့  Grand လေးနဲ့ ဆို မကောင်းပေဘူးလားဗျာ။ သူများတွေကတော့ ပြောကြပါတယ် ထမင်းစားရင် အရည်သောက်လေးပါမှ စာလို့ ဝင်တာဆိုပဲ။ ကျွန်တော်ကတော့ ဘာမှမရှိရင် ဆီနဲ့ ဆားနဲ့ ဆိုရင်လည်း စားလို့ ဝင်တယ်..စားပြီးရင် အချိုတည်းရအောင် ဆိုပြီးစဉ်းစားခဲ့ဘူးပါတယ်၊မဖြစ်သေးပါဘူးဗျာ၊ ဘာလို့ လည်းဆိုတော့ အဲဒီလောက်ကြီး ဇိမ်ခံနိုင်တဲ့ ဘ၀မျိုးကို မပိုင်ဆိုင်သေးဘူးလေ။ အသီးဆိုရင်တော့ ပန်းသီးအနီဆိုရင် မကြိုက်ဘူးဗျာ၊အစိမ်းရောင်မှ စားတယ်။ အခုတော့ အလကားရတဲ့ လမ်းဘေးက ပန်းသီးပင်ကနေပြီးတော့ ခူးစားပါတယ်။ :D လိမ္မော်သီးတော့ အရမ်းကြိုက်တယ်ဗျာ။ ဒါပေမယ် လက်ရှိမ၀ယ်စားနိုင်သေးပါ။ :L သောက်စရာဆိုရင်တော့ ကော်ဖီမချို မခါးလေးကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်ကြားဘူးတာကတော့" ဘ၀ဆိုတာ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်လိုပဲ"ဟုတ်တယ်လေဗျာ အမြဲတမ်းအဆင်ပြေတယ် ဆိုတာမရှိဘူးလေ။ နောက်ထပ် မကောင်းပါဘူး လို့ ပြောထားကာမှ သောက်ချင်နေတဲ့ ယမကာပေါ့ဗျာ။ နေ့ တိုင်းသောက်တယ် လို့ တော့မထင်ပါနဲ့  မသောက်နိုင်ပါဘူး ရံဖန်ရံခါပေါ့ဗျာ။ တီဗီတွေထဲမှာ မိုးလေ၀သသတင်း ကြေငြာသလိုပေါ့ မိုးသက်လေးပျင်းများ ကျရောက်စဉ် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင်တင့်ရှိပါမည် ဆိုသလို ရာသီဥတု အအေးလွန်ကဲလာလျှင် ကျွန်တော့်ရင်မှာ သူလေးက အသင့်အတင့် လိုအပ်လာပါတယ်။ မိန်းမရရင် အရက်ဖြတ်မည်ဟု စဉ်းစားထားပါသည်၊ :) အဘယ်ကြောင့်ဆိုသော် မိတ်ကပ်ဖိုးနဲ့ တင် မလောက်မှာသေချာနေ ပါပြီ။ အခုတော့ ကြုံရင် ကြုံသလို ကြက်ဥကြော်၊ ခေါက်ဆွဲခြောက်နှင့်သာ ဘ၀ကိုပျော်သလို ဖြတ်ကျော်နေပါသည်။ အဟာရဓတ် အပြည့်ပါသော ပဲမျိုးစုံကို 20 ရက်နောက်ပိုင်းမှစ၍ ကြော်၍တစ်မျိုး ချက်၍တဖုံ သုတ်၍တမျိုး မရိုးရအောင် စားဖြစ်ပါသည်။ ဤသည်ကား မိုးပြေးဟုခေါ်သော ကျွန်တော်၏ ကြုံသလို စားသောက်ခြင်းများပင် ဖြစ်ပေတော့သည်။ ရွှေမင်းသမီး MEGUMI ရေကျေနပ်ပေတော့ဗျို့ ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:03:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Vertical Menu တစ်ခု ဖန်တီးခြင်း....

မင်္ဂလာပါခင်ဗျာ....

ကျွန်တော် ကျောင်းပိတ်ရက်လေးမှာ အားလုံးအတွက် အဆင်ပြေမယ့် POST လေးတစ်ခု မျှဝေချင်ပါတယ်။Vertical Menu လုပ်တဲ့ပုံစံလေးပါ။ကိုယ့်ရဲ့  ဘလောဂ့်ကို အလှဆင်မယ်၊ သူများတွေနဲ့ မတူစေချင်ရင်တော့ စမ်းလုပ်ကြည့်ပါခင်ဗျာ။
အရင်ဆုံး ကိုယ့်ရဲ့ ဘလောဂ့်ကို Login ၀င်လိုက်ပါ ခင်ဗျာ။ Layout>>Edit HTML ကိုသွားပါ။ရောက်ပြီဆိုရင်တော့ Ctrl+F နဲ့  ]]></b:skin> ဆိုတာလေးကိုရှာလိုက်ပါ။ တွေ့ ပြီဆိုရင် အောက်က Script လေးကို ]]></b:skin>
အပေါ်ကနေ ထည့်ပေးပါ။
.glossymenu, .glossymenu li ul{
list-style-type: none;
margin: 0;
padding: 0;
width: 185px; /*WIDTH OF MAIN MENU ITEMS*/
border: 1px solid black;
}
.glossymenu li{
position: relative;
}
.glossymenu li a{
background: white url('http://blog.superinhost.com/vertical/blue1.gif') repeat-x bottom left;
font: bold 12px Verdana, Helvetica, sans-serif;
color: white;
display: block;
width: auto;
padding: 5px 0;
padding-left: 10px;
text-decoration: none;
}
.glossymenu li ul{
position: absolute;
width: 190px;
left: 0;
top: 0;
display: none;
}
.glossymenu li ul li{
float: left;
}
.glossymenu li ul a{
width: 180px;
}
.glossymenu li a:visited, .glossymenu li a:active{
color: white;
}
.glossymenu li a:hover{
background-image: url('http://blog.superinhost.com/vertical/blue2.gif');
}

* html .glossymenu li { float: left; height: 1%; }
* html .glossymenu li a { height: 1%; }

အနီရောင်နဲ့ ရေးထားတဲ့နေရာမှာ အောက်မှာပေးထားတဲ့ အထဲက ကိုယ်ကြိုက်ရာကို ပြောင်းပေးလို့ ရပါတယ်ခင်ဗျာ။ကြိုက်ပြီဆိုရင်တော့ ဘလောဂ့်ကို Save Template လုပ်လိုက်ပါ။








black1.gif
black2.gif









blue1.gif
blue2.gif









green1.gif

green2.gif













pink1.gif
pink2.gif










red1.gif
red2.gif


ပြီးတာနဲ့ "Page Elements" Menu ကိုသွားပါ။ "Add a Gadgetှ>>>HTML/JavaScript" မှာ အောက်က Code တွေ ထည့်ပေးပါ ခင်ဗျာ။


<ul id="verticalmenu" class="glossymenu">
<li><a href="/">Home</a></li>
<li><a href="http://trik-tips.blogspot.com">Trik Blog</a></li>
<li><a href="http://x-template.blogspot.com" >Free Template</a></li>
<li><a href="http://getebook.co.cc">Free Ebook</a></li>
</li>
</ul>




အနီရောင်နဲ့ ရေးတားတဲ့ Link နေရာမှာ ကိုယ်အသုံးပြုမယ့် Link တွေကိုထည့်ပေးပါ။
အပြာရောင်နဲ့ ရေးထားတဲ့ စာသားတွေနေရာမှာတော့ ကိုယ်ပေါ်စေချင်တဲ့ နာမည်ကိုရေးလိုက်ရင် ရပါပြီခင်ဗျာ။
ကျွန်တော် verticle menu Post လေးကို ဒီနေရာကနေ သင့်တော်သလို ပြန်ဆိုပါတယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:02:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သူငယ်ချင်း ဂျပန်မလေး (megumi) အတွက်....

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:01:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Instant Messenger Chat on LAN

ကျွန်တော်စာမရေးတာလည်း ကြာပြီလေ...ကျောင်းတက်ရတာကို အကြောင်းပြပြီး၊အပျင်းထူနေတာလေဗျာ။ကျောင်းကလည်း တက်နေရတယ်လေ။မွေးတည်းကစပြီး၊အမေက သားရယ်ကျောင်းတက်ရတာ ပျော်စရာကောင်းပါတယ် ဆိုပြီးတက်ခိုင်းနေတာ အခုအချိန်ထိပေါ့။ကျောင်းရောက်ရင်လည်း မျက်လုံးလေးက အလိုလိုကိုမှေးပြီးအိပ်ချင်လာတာ(ဆရာမရှိရင် လုံးဝကိုမအိပ်ချင်ပါ) :P ။ကျွန်တော်တို့ ဆီမှာကတော့ အင်တာနက်ကို LAN ကနေယူတယ်လေ။LAN ဆိုတာကတော့ LOCAL AREA NETWORK ပေါ့ဗျာ။ LOCAL AREA NETWORK ကိုသုံးတဲ့ နေရာတွေ တော်တော်များပါတယ်။ အဲဒီတော့ ပြောချင်တာက အင်တာနက်ဆိုတာက အစိုးမရဘူးလေဗျာ။ကောင်းချင်ရင်ကောင်း မကောင်းချင်ရင်တော့ သုံးလို့ မရဘူးပေါ့ဗျာ။ကျွန်တော်တို့ တစ်ကျောင်းတည်း သူငယ်ချင်းတွေကို တွေ့ ချင်ရင်တော့ Gtalk လေးကနေ ဟေ့ကောင် ဘာလုပ်နေလည်း လာခဲ့ဦး စသည်ဖြင့်ပေါ့ဗျာ။ အခန်းအပြင်ကို ထွက်ရမှာကို ပျင်းတာလေ။ :D အင်တာနက်ကျနေရင် တော့ဘယ်လိုလုပ်မလည်း သွားခေါ်ရမှာကလည်း ပျင်းတယ်ဆိုရင် ဖုန်းဆက်မလား မဆက်ပါ ဘူးခင်ဗျာ။ကောင်မလေးဆီ ဆိုရင်တော့ဆက်တာပေါ့ဗျာ။ :D ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ၊လွယ်ပါတယ် LAN ထဲကနေ chatting လုပ်မယ်လေဗျာ။ ဒါဆိုရင်တော့ LAN CHAT ဆိုတဲ့ Software လေးတစ်ခုတော့ ရှိဖို့ လိုအပ်ပါတယ်။ Software လေးကို Run ပြီးသုံးကြည့်လိုက်ပါဗျာ။ Run ရတာလည်းလွယ်ပါတယ်။ အဲဒီ Software လေးကို Run ပြီးတဲ့ သူတွေကို LAN ထဲမှာတွေ့ ရမှာပါ။ အောက်က ပုံစံလေး အတိုင်းပေါ်လာမှာပါ ။

Software လေးကို ဒီနေရာကနေ ရယူပါ ခင်ဗျာ။
လွယ်ကူစွာ ဆက်သွယ်နိုင်ပါစေခင်ဗျာ။ :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:00:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ချစ်ခဲ့ဖူးသည်.....

တစ်သက်တစ်ခါ ရင်မှပေါက်ဖွား
မေတ္တာများဖြင့် ရည်ရွယ်မြတ်နိုး
ချစ်ခဲ့ဖူးသည်......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်ဝယ်မမေ့ တမ်းတစွဲကာ
သစ္စာတည်ကြည် ချစ်ခဲ့ဖူးသည်....
သို့ ပါသော်လည်း ကျွန်တော့်ချစ်ခြင်း
အပြစ်ကင်းစွာ ချစ်ပါသော်လည်း
သူ့ ရင်ခွင်၌ ကျွန်တော်မရှိ.....
သူပြောစကား ထပ်ကာကြားသည်
နင့်ကိုမချစ် မုန်းလည်းမမုန်း
သံယောဇဉ်သာ ရှိပါသည်တဲ့.......



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

My Computer ထဲမှာရှိတဲ့ Drives တွေကို Disable/Enable လုပ်ခြင်း

ကျွန်တော်တို့  My Computer ထဲမှာရှိတဲ့ Drive အားလုံးကို Disable လုပ်ခြင်းပါ။
Disable လုပ်ပြီးတော့ Enable လုပ်မယ်ဆိုရင်လည်း ပြန်လုပ်လို့ ရပါတယ်။ ကျွန်
တော်ကတော့ ကျွန်တော့် သူငယ်ချင်းတွေကို စရင်ဒီ Post လေးကိုအသုံးချပါတယ်၊
ဟဲဟဲ ။ရုတ်တရတ် ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို စိတ်ညစ်သွားပါလိမ့်
မယ် ။ ကိုယ်အဆင်ပြေသလိုသာ သုံးနိုင်ပါတယ်၊ ကိုယ့်ကွန်ပျူတာထဲက အရေးကြီး
တာလေးတွေ ပါသွားမှာဆိုးတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာပါ။

Run >regedit >HKEY_CURRENT_USER >Software >Microsoft >Windows >
Current Version >Polices > Explorer ရောက်ရင် ညာဘက် panel မှာ R -Click >
New >DWORD Value > name ကိုတော့ Nodrives ၊ Value Data ကို ffffff လို့ ရိုက်
လိုက်ပြီး Registry Editor ကိုပိတ်လိုက်ပါ။ Restart ပေးလိုက်ပါ။ Windows ပြန်တက်
လာတဲ့ အချိန်မှာ C,D,E,F အစရှိတဲ့ ဘာညာသလကာ Drives တွေကို တွေ့ ရတော့မှာမ
ဟုတ်ပါဘူးခင်ဗျာ။ ပြန်ပေါ်စေချင်တယ် ဆိုရင်တော့ ခုနကယူထားတဲ့ DWORD Value
လေးကို ဖျက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

နောက်ပုံစံလေး တစ်ခုကတော့ Drives တွေထဲက ကိုယ်မပေါ်စေချင်တဲ့ Drive ကိုရွေးပြီး
ဖျောက်တဲ့ပုံစံလေးပါ။ အသုံးမလိုတဲ့ Floppy Drive ကိုဘဲ ဖျောက်ထားဦးမလား မျက်စိ
နောက် သက်သာတာပေါ့ဗျာ။ အရင်ဆုံး Run> regedit> HKEY_CURRENT_USER >
Microsoft >Windows > Current Version >Policies > Explorer > ကိုရောက်ရင်
NoDrive TypeAutoRun ဆိုတာ ကို ရှာပြီးတော့ Delete လုပ်လိုက်ပါ။
R_Click >New >DWORD Value ကိုရွေးပါ။ name ကို NoDrives ၊ Value data ကို 1
လို့ ပေးလိုက်ပါ။ Decimal ကိုတော့ Check လုပ်ပေးဖို့ မမေ့ပါနဲ့ ခင်ဗျာ။
ဘာဖြစ်လို့ 1 ပေးလိုက်ရတာလဲလို့  မေးရင် 1 ဆိုတာ (A)Floppy Drives ကို ကိုယ်စားပြု
လို့ ပါဘဲ။
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048,
M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288,
U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432,
ALL: 67108863
အပေါ်က ပေးထားတာတွေကတော့ A ကနေ Z ထိတန်ဖိုးတွေပါ။ ကျွန်တော်တို့ က Drive (A) ကို
ဖျောက်ချင်လို့  1 ကို ထည့်တယ်ဆိုတာ ကိုသိရင် ။ Drive ၂ ခုကိုဖျောက်ချင်တယ် ဆိုရင်ကော
ကွာလို့ မေးရင် ဥပမာ* Drive D နဲ့ E ကိုဖျောက်မယ်ဆိုရင် D က 8 ၊E က 16 နှစ်ခုပေါင်းပြီး 24
ဆိုပြီး ထည့်ပေးလိုက်ရင် D , E နှစ်ခုလုံး ပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်စေချင်ရင်တော့ Run မှာ
A ကိုပေါ်စေချင်ရင် A:\\ လို့ ရိုက်ထည့်ပေးလိုက်ပါ။

အဆင်ပြေပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ခဲပန်းချီပုံတူဆွဲချင်ရင်..


ကျွန်တော့်ရဲ့ ပန်းချီလက်ရာလေးပါခင်ဗျာ။ ကောင်း၏ မကောင်း၏ ဝေဖန်ပေးကြပါဦး ခင်ဗျာ။ ကျွန်တော့်ရဲ့ 
့ပန်းချီလေးကို နှစ်သက်တယ် ဆိုရင် COMMENTS လေးပေးခဲ့ပါဦး ။ ကျွန်တော့်ရဲ့ ဘလော့ကို လာရောက်ကြတဲ့ အစ်ကို၊ အစ်မ၊ သူငယ်ချင်းများလည်း ပုံတူခဲပန်းချီ ရေးချင်တယ်ဆိုရင်တော့ ကျွန်တော် မိုးပြေး ဆွဲပေးနေပါပြီ။
သင်ချင်တယ် ဆိုရင်လည်း သင်ပေးပါ့မယ် ခင်ဗျာ...... သင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ပညာတွေ အားလုံးကို ပေးထားပါတယ်ခင်ဗျာ ။ ဒီနေရာ မှာလေးကိုနှိပ်ပြီး ခဲပန်းချီ သင်ခန်းစာ မျုားကိုလေ့လာနိုင်ပါတယ်။ မလေ့လာချင်ဘူး စိတ်ရှုပ်စရာကြီးဆိုရင် ကျွန်တော် ပုံတူရေးပေးပါ့မယ်ခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:57:00 PMရေးသားသူ မိုးပြေး အညွှန်း | 2 အကြံပြုချက်များ »

www.f1.cc မှာ Domain Name ယူကြရအောင်။

ကျွန်တော်တို့ www.co.cc မှာ DOMAIN NAME ပြောင်းရတာ အဆင်မပြေတာတွေ
ဖြစ်လာပါတယ်ဗျာ။ဒီတော့လည်း အလကားရတဲ့ www.f1.cc ဆိုတာလေးအကြောင်း
လေးကို ပြောပြချင်ပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့စမ်းပြီးပြီ အိုကေတယ်ဗျာ။သိပြီး
သားဆိုရင်လည်း နားလည်ပေးစေချင်ပါတယ်။ကျွန်တော်က အဆင်ပြေစေ ချင်တဲ့ဆန္ဒ
ပါဗျာ။ကျွန်တော် www.f1.cc မှာ Register လုပ်တာကနေစပြီး အဆင့်လေးတွေကိုအ
ဆင်ပြေစေရန် မျှဝေလိုက်ပါတယ်။
အရင်ဆုံး www.f1.cc ကို ၀င်လိုက်ပါ ခင်ဗျာ။
mydomain ဆိုတဲ့နေရာလေးမှာ ကိုယ်လိုချင်တဲ့ နာမည်ကိုရေးပေးပါ။
ကိုယ်ပေးလိုက်တဲ့ နာမည်က Available ဖြစ်ပြီဆိုရင် Register လုပ်မလားလို့ မေးတာပါ။ Yes ပေါ့။
Register လုပ်ရင်တော့ ထုံးစံအတိုင်းပေါ့ Email နေရာမှာ ကိုယ့်ရဲ့ Blog ကိုလုပ်ထားတဲ့ Mail ကိုထည့်ပေးပါ။
Target URl ဆိုတာကတော့ အရင် blogspot လိပ်စာကိုရေးပေးပါ။ဥပမာ-www.peacefulforever3.blogspot.com
အဲလိုလေးပေါ်လာရင် Ok ပေးလိုက်ပေါ့ဗျာ။ ကိုယ့်ရဲ့ Mail ထဲကိုဝင်လိုက်ပါ။
http://www.ဘာညာသာလကာ ရေးထားတဲ့ Link လေးကို နှိပ်လိုက်ပေါ့။
login ၀င်လိုက်ပါ ခင်ဗျာ။ login ဆိုတဲ့နေရာမှာ ဥပမာ-www.peacefulforever3.f1.cc လို့ ရေးပါ။
ူlogin ၀င်ပြီးတာနဲ့ ထားလိုက်ပါ။Mail ကိုပြန် Check လိုက်ရင် အပေါ်ကပုံလေးမှာပေါ်သလို
Your domain is active ဆိုပြီး Mail ထပ်ဝင်လာပါလိမ့်မယ်။ဒါဆိုရင်တော့ Ok သွားပြီပေါ့။
ူlogin ဘေးက ကိုယ်ရဲ့ လိပ်စာလေးကို Click လုပ်လိုက်ပါ။
အပေါ်က ပုံလေးအတိုင်း f1.cc မှာ Domain Name လေးတစ်ခုရသွားပြီပေါ့ဗျာ။
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:55:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ကိုယ်ကမေ့ပြီး
တော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးကပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်က
မေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ပေါ့ဗျာ၊အရေး
ကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ ။ Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ
label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင် မဖတ်ရ
သေးတဲ့Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:52:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့

မင်္ဂလာပါဗျာ...... ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့ စမ်းကြည့်လိုက်ကြပါဦးဗျာ။ကျွန်တော် စမ်းတာတော့ရပါတယ်။ အခြားနည်းလမ်းတွေ ရှိရင်ဆွေးနွေးပေးကြပါဦး ခင်ဗျာ။ start >control panel >system >device manager ကိုရောက်ရင်တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial bus controller ဆိုတာကို Right Click လုပ်ပြီးတော့ enable လုပ်လိုက်ရင် ရပြီပေါ့ ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:51:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ့်ဘလောဂ်ကနေ ဘာတွေကို COPY လုပ်သွားတယ်ဆိုတာကို သိချင်တယ်ဆိုရင်။

မင်္ဂလာပါခင်ဗျာ....
ကိုယ်ရဲ့  ဘလောဂ်ကနေပြီးတော့ ဘာတွေကို COPY လုပ်သွားတယ်ဆိုတာကို
သိချင်နေသူတွေ အတွက်ပါခင်ဗျာ။ဘာလို့ လဲဆိုတော့ ကိုယ်ရေးတဲ့ စာတွေကို
ဘလောဂ်ကို လာလည်တဲ့ မိတ်ဆွေတွေက COPY လုပ်သွားတယ်ဆိုရင် သိချင်
မယ်ထင်ပါတယ် ခင်ဗျာ။ ၀မ်းသာရတာပေါ့ဗျာ ကိုယ်ရေးတဲ့ မတောက်တခေါက်
လေးတွေကို ငါ့ရဲ့ မိတ်ဆွေတွေ အသုံးပြုနေပါလားဆိုတဲ့ အတွေးလေးတွေနဲ့ 
ဝမ်းသာနေလို့ ရတာပေါ့ဗျာ။ လွယ်လွယ်လေးပါဗျာ။
http://www.copyscape.com/ ဆိုတာလေးကို သွားလိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:50:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

WINDOWS VISTA ရဲ့ START MENU အားပိုမိုမြန်ဆန်စေခြင်း

ကျွန်တော်တို့ WINDOWS VISTA မှာ START MENU ရဲ့ Delay Time ကိုလျှော့ချ
တဲ့ပုံစံလေးပါ။ WINDOWS VISTA မှာ Default က 400 milliseconds ဖြစ်ပါတယ်၊
သူပေးထားတဲ့ Default Time လေးကို ပြင်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ 
အရင်သုံးနေတာထက် ပိုပြီး START MENU ကမြန်ဆန်လာမှာ။ 400 milliseconds
ကို 50milliseconds ပြောင်းပေးလိုက်ရင် ရပါပြီ။ဘာလို့ 50milliseconds ကိုပြောင်း
ပေးရလဲဆိုတော့ 50milliseconds အောက်နည်းသွားပြီဆိုရင် START MENUကအ
ရမ်းကိုမြန်နေပြီး အသုံးပြုရတာ အဆင်မပြေ တော့လို့ ပါ။ 50milliseconds ဆိုတာ
ကလည်း ပုံသေမဟုတ်ပါဘူး၊ကိုယ်အဆင်ပြေသလို ပြောင်းလို့ ရပါတယ်။
Start Menu > Run > regedit > HKEY_CURRENT_USER> Control Panel >
Desktop ကိုရောက်တာနဲ့ ညာဘက် အခြမ်းမှာ MenuShowDelay ဆိုတာကိုရှာလိုက်
ပါ။တွေ့ ပြီဆိုရင် Modify လုပ်ပါ Value dataကို 400 ကနေ 50 ကိုပြောင်းပေးလိုက်ပါ၊
Registry Editor ကိုပြန်ပိတ်ပြီးတော့ Restart ပေးလိုက်ပါ။ WINDOWS ပြန်တက်လာ
တာနဲ့ START MENU ဟာသိသာစွာ မြန်ဆန်လာမှာပါ။



အဆင်ပြေပါစေ ခင်ဗျာ။ :) :y :L


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:50:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Remove Recent Documents From Windows Start Menu

အခုတလောဗျာ Connection ကလည်း တော်တော်ကို မကောင်းတာဗျာ။
စိတ်တွေလည်း ညစ်ပဗျာ။ စာကိုကောင်းကောင်း မရေးရပါဘူး။ အဲဒါနဲ့ ပဲ
ကျွန်တော့်ညီလေး သံလုံငယ် ဘလော့(၁)လပြည့်ဆိုလို့ ယာမကာလေးမှီ
ဝဲပြီးစည်းစိမ်ယစ်နေတာပေါ့ဗျာ။ နည်းနည်း လျှာရှည်သွားပါတယ် ခင်ဗျာ။
Start Menu မှာပေါ်နေတဲ့ Recent Documents လေးကို မတွေ့ ချင်ဘူး
ဆိုရင်တော့ ရှင်းလိုက်တာပေါ့။ ကိုယ်ဖွင့်ကြည့်ထားတဲ့ ဟာလေးတွေကိုမ
တွေ့ စေချင်ရင်တော့ အဆင်ပြေမှာပါ။ကျွန်တော်တို့  Recent Documents
ကိုနေရာ(၂)နေရာကနေ ဖြုတ်လို့ ရပါတယ်ဗျာ။ကျွန်တော်သိသလောက်ကို
ပြောတာနော်၊ပထမနည်းကတော့ Registry Editor ကနေဖြုတ်တဲ့ပုံစံလေး
ကိုမျှဝေချင်ပါတယ်။ အရင်ဆုံးကတော့ Start > Run > regedit > OKပေါ့၊
HKEY_CURRENT_USER > Software > Microsoft > Windows >Curr
ent Version > policies > Explorer ကိုရောက်ရင် ညာဘက်အခြမ်းမှာ
R-Click > New > DWORD Value ကိုယူလိုက်ပါ။ Value name ကိုတော့
NoRecentDocsMenu ၊Value Data ကို 1လို့ ပေးလိုက်ပါ။Registry Editor
ကိုပိတ်ပြီးတော့ Restart ပေးလိုက်ရင် Start Menu မှာပေါ်နေတဲ့ Recent
Documents ကိုမတွေ့ ရတော့ပါဘူး။ ပြန်ပေါ်စေချင်ရင်တော့ အရင်ယူထား
တဲ့ DWORD Value လေးကို Delete လုပ်လိုက်ရင် ပြန်ပေါ်လာမှာပါ။

ုဒုတိယပုံစံ Group Policy ကနေဖြုတ်တာကိုတော့ မနက်ဖြန်ပေါ့ ခင်ဗျာ :) :)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:49:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Recycle Bin ကို Desktop ပေါ်မှာမတွေ့ ချင်ရင်

ကျွန်တော်လည်း အလုပ်မရှိ အလုပ်ရှာရင်း ကွန်ပျုတာရှေ့ တွင် ခေါင်းစဉ်
ဖော်ပြ၍ မရသော အလုပ်များဖြင့် အချိန်ကုန်နေခိုက် Recycle Bin ကိုအ
မြင်ကတ်သဖြင့် Desktop ပေါ်မှနေ၍ မောင်းထုတ်ပြစ်ရန် စဉ်းစားမိသဖြင့်
ဒီ Post လေးကိုရေးမိပါတယ် ခင်ဗျာ။သိပြီးသားသူတွေ အတွက်ကတော့၊
ခလေးအထာလေးတွေပေါ့ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပြန်လုပ်
မယ်ဆိုရင် မှတ်မိအောင်လို့ ပါ။အရင်ဆုံး Start > run ထဲမှာ gpedit.msc
ဆိုတာလေးကို ရိုက်ထည့်ပြီး OK ပေးလိုက်ရင် Gruop Policy ဆိုတာလေး
ပေါ်လာပါလိမ့်မယ်။ User Configuration > Administrative Templates
> Desktop ကိုရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Remove Recycle Bin
icon from desktop ဆိုတာကို ရှာလိုက်ပါ။တွေ့ ရင် R-Click >Properties
> Enabed ကို Click လုပ်လိုက်ပါ Apply ,Ok ပေါ့။ ပြီးရင်Gruop Policy ကို
ပိတ်လိုက်ပါ။Desktop ပေါ်မှာ Recycle Bin ကိုတွေ့ ရတော့မှာမဟုတ်တော့
ပါဘူးခင်ဗျာ။ပြန်ပေါ်စေချင်ရင်တော့ Not Configured ဆိုတာကို ပြန် Click
ပေးလိုက်ရင်ရပါပြီ ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ :) :y :D ;) :L


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:48:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Multiple Login in Yahoo Messenger , Yahoo Messenger ကိုMultiple ခွဲပြီးသုံးမယ်ဆိုရင်

မင်္ဂလာပါခင်ဗျာ....
ကျွန်တော်တို့ တွေ Gtalk ကို Multiple ခွဲပြီး အသုံးပြုရတာကို သိပြီးသားဖြစ်ကြမှာပါ။
Multiple ခွဲလိုက်တော့ ဘာဖြစ်လည်းဆိုတော့ ကိုယ်ကြိုက်သလောက် ဖွင့်ပြီး အဆင်
ပြေပြေသုံးလို့ ရလာတာပေါ့ဗျာ။Gtalk ကို Multiple လုပ်ပြီးသုံးမယ်ဆိုရင်တော့ လွယ်
တယ်လေ၊nomutex ဆိုတာလေးနဲ့ တင် အဆင်ကိုပြေလို့ ။:P :D Yahoo Messenger
ကို Multiple ခွဲပြီးတော့ အသုံးပြုကြည့်ရအောင်ဗျာ ။ Yahoo Messenger ကိုတော့
Registry Editor ကနေပြီးတော့ Multiple သုံးလို့ ရအောင် ပြင်ယူမှာပါ ခင်ဗျာ။

အရင်ဆုံး Run > regedit ပြီးတော့ OK ပေါ့ဗျာ။ Registry Editor လေးပေါ်လာပါလိမ့်
မယ်။ HKEY_CURRENT_USER >Software > Yahoo > pager > Test ကိုရောက်
ရင် ညာဘက်အခြမ်းမှာ R-click >New > DWORD Value တစ်ခုကိုယူပါ၊ Name ကို
တော့ plural ၊ value ကို 1 ပေးလိုက်ပါ။ ပြီးရင်တော့ Registry Editor ကိုပိတ်လိုက်ပါ၊

ဒါဆိုရင်တော့ Yahoo Messenger ကို မိမိလိုသလောက် ဖွင့်ပြီးအသုံးပြုနိုင်ပါပြီခင်ဗျာ၊

အဆင်ပြေစွာနဲ့ အသုံးပြုနိုင်ပါစေ ခင်ဗျာ။ :) :y :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:47:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Search Engine ဘလော့မှာ ထည့်မယ်ဆိုရင်

ကိုယ့်ရဲ့ ဘလော့ထဲမှာ "Search Engine" လေးထည့်ချင်တယ်၊
ကိုယ့် ဘလော့ထဲက အချက်အလက်တွေကို လာရောက်ဖတ်ရှုတဲ့
သူတွေ အလွယ်တကူ ရှာဖွေလို့  ရအောင် လုပ်ပေးနိုင်ပေးပါတယ်၊
ကိုယ့်ရဲ့ ဘလော့အတွင်းက အချက်အလက်ကိုပဲ ရှာပေးမှာ ဖြစ်ပါ
တယ်။ Search Engine is use to find articel in your blog, not
to find articel at all website in the world. အင်္ဂလိပ်လို ရေးလို့ 
တစ်မျိုး မထင်ပါနဲ့ ကူးချထားတာပါ ခင်ဗျာ။ :D
"Layout ->Page Elements" ကိုသွားပြီးတော့"HTML/Java Script"

မှာအောက်က Codeလေးကို Copy ကူးလိုက်မယ်ဆိုရင်ဖြင့် မိမိပိုင်တဲ့
ဘလော့လေးထဲမှာ "Search Engine" တစ်ခုရရှိသွားမှာပါ။ :Y :D

<form action="http://yourblogname.blogspot.com/search" method="get"> <input class="textinput" name="q" size="30" type="text"/> <input value="search" class="buttonsubmit" name="submit" type="submit"/></form>
yourblogname ဆိုတဲ့နေရာမှာ ကိုယ်ဘလော့လိပ်စာကို ထည့်ပေးပါ။
"30" ကတော့ "Search Engine" ရဲ့ Wide ဖြစ်ပါတယ်။
လွတ်လပ် လွယ်ကူစွာ ရှာဖွေနိုင်ပါစေသား...... :)


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:46:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ်ရေးတဲ့ Post တွေကို အပြုံးလေးတွေနဲ့  အလှဆင်မယ်

မင်္ဂလာပါခင်ဗျာ...........
ကိုယ်ရေးတဲ့ Post တွေကို အပြုံးလေးတွေနဲ့  အလှဆင်ချင်တယ်
ဆိုရင် ...အပြုံးလေးတွေကို ထည့်သွင်းအသုံးပြုရတာ လွယ်ကူပါ
တယ်။ :Y :L :D :o :r :~ :d :c :z :v :k :x :O :s :#
ဟဲဟဲ လုပ်ချင်တယ်။ ဆိုရင်တော့ အောက်က Code လေးကိုထည့်
ပေးလိုက်ပါ။ "layout --> Edit HTML" ရောက်ပြီဆိုရင်

]]></b:skin> ကိုရှာပြီးတော့ အောက်က အစိမ်ရောင် Code ကို
အောက်ကနေ ကပ်ပြီး ထည့်ပေးလိုက်ရင် ရပါပြီ။
<script src='http://skin4mm.googlepages.com/freemmsmile.js'
type='text/javascript'/>
ပြုံးပျော် ရွှင်မြူး စေသား :) :) :)

:) --> :)
:( --> :(
:p --> :p
:D --> :D
:$ --> :$
;) --> ;)
:@ --> :@
:# --> :#
:k --> :k
:x --> :x
:o --> :o
:O --> :0
:L --> :l
:r --> :r
:s --> :s
:y --> :y
:~ --> :-
:v --> :v
:f --> :f
:d --> :d
:c --> :c
:z --> :z


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:46:00 PMရေးသားသူ မိုးပြေး အညွှန်း | 2 အကြံပြုချက်များ »

Hide Your Post Date, Time and Author

ဒီတစ်ခါကတော့ ကိုယ်ရေးတဲ့ Post မှာ ရက်၊အချိန်၊စာရေးတဲ့ သူတွေ
စတဲ့ အချက် အလက်တွေကို မဖော်ပြချင်ဘူး ဆိုရင်တော့ အောက်က
အဆင့်လေးတွေ အတိုင်းလုပ်လို့ ရပါတယ် ခင်ဗျာ။ ဘာမှတော့ မဟုတ်
ပါဘူး စမ်းကြည့်ချင်တယ် ဆိုရင် လုပ်ကြည့်လို့ ရအောင်ပါ ။ ကိုယ်ရေး
တဲ့ BLOG က ထူးထူးခြားခြားလေး ဖြစ်ချင်ရင် စမ်းကြည့်ပေါ့ ။ :Y :L
အရင်ဆုံးကတော့ လုပ်နေကျ ဘလော့ကို "Layout --> Edit HTML"
မှာ "Download Full Template" လုပ်လိုက်ပါ။
"Expand Widget Templates" ဆိုတဲ့ ဟာလေးကို Check လုပ်လိုက်ပါ။

(Hide Post Date ) ရက်ကို မဖော်ပြချင်ဘူးဆိုရင် အောက်က Code လေး
ကိုရှာပြီး DELETE လုပ်လိုက်ပါ။
<data:post.dateHeader/>.

(Hide Post Time) အချိန်ကို မဖော်ပြချင်ဘူးဆိုရင် အောက်က Code လေး
ကိုရှာပြီး DELETE လုပ်လိုက်ပါ။
<span class='post-timestamp'>
<b:if cond='data:top.showTimestamp'>
<data:top.timestampLabel/>
<b:if cond='data:post.url'>
<a class='timestamp-link' expr:href='data:post.url' rel='bookmark'
title='permanent link'><abbr class='published'
expr:title='data:post.timestampISO8601'><data:post.timestamp/></abbr></a>
</b:if>
</b:if>
</span>.

(Hide Post Author) စာရေးသူ ကို မဖော်ပြချင်ဘူးဆိုရင် အောက်က Code လေး
ကိုရှာပြီး DELETE လုပ်လိုက်ပါ။

<span class='post-author vcard'>
<b:if cond='data:top.showAuthor'>
<data:top.authorLabel/>
<span class='fn'><data:post.author/></span>
</b:if>
</span>
အဆင်ပြေပါစေ ခင်ဗျာ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:45:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

CHANGE POST DATE BECOME CLANDER ICON

မင်္ဂလာပါခင်ဗျာ........
ကျွန်တော်အခု ပြောပြမှာကတော့ ကိုယ့်ရဲ့ POST ထိပ်ဆုံးမှာပေါ်နေတဲ့
POSTING DATE လေးကို CLANDER ICON ပုံစံလေး ပြောင်းကြည့်
ရအောင်ခင်ဗျာ။ကျွန်တော်ကတော့ ညမအိပ်ပဲနဲ့  လုပ်လိုက်ရပါတယ် ။
ကျွန်တော် ကိုကလည်း ညံ့တာပါတယ်လေ :Dကျွန်တော် POSTDATE
ကနေ CLANDER ICON လေးပြောင်းတာကို ပြောပြပါ့မယ် ခင်ဗျာ။ :P
အဆင့်လေးကတော့ နည်းနည်းတော့ ရှုပ်တယ်ခင်ဗျာ။ ကျွန်တော်တက်
နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ရေးပေးပါမယ် ခင်ဗျာ။အောက်ကအ
ဆင့်လေးတွေ အတိုင်း လုပ်ကြည့်လိုက်ရအောင်ဗျာ။

၁။ Setting > Formatting မှာ "date header format" ဆိုတဲ့နေရာလေး
ရှိပါတယ်။ (1.24.2008).ပုံစံလေးဖြစ်အောင် ပြောင်းလိုက်ပါ ခင်ဗျာ။ပြီးရင်
Save Settings ကိုနှိပ်လိုက်ပါခင်ဗျာ။

၂။ ဒုတိယ အဆင့်ကတော့ "Template --> Edit HTML" ကိုသွားပါ။ရောက်
ပြီဆိုရင်တော့ "Expand Widget Templates" လေးကို အမှတ်လေးခြစ်လိုက်
ပါ ခင်ဗျာ။အမှတ်လေး ခြစ်ပြီးရင်တော့<TITLE><data:blog.pageTitle/>
</TITLE>ဆိုတာလေးကိုရှာပါ ၊ တွေ့ ပြီဆိုရင်တော့ အစိမ်းနဲ့  ရေးထားတဲ့
CODE တွေကို အောက်ကနေ ကပ်ပြီး ထည့်လိုက်ပါ။
ကိုယ်လိုချင်တဲ့ Code ကိုရှာရင် Ctrl+F လေးကို အသုံးပြုပြီးရှာပါ ခင်ဗျာ။

<SCRIPT type='text/javascript'>
//<![CDATA[

function date_replace(date) {
var da = date.split('.');
var day = da[1], mon = da[0], year = da[2];
var month =
['0','Jan','Feb','Mar','Apr','May','Jun','Jul','Aug','Sep','Oct','Nov','Dec'];
document.write("<div class='month'>"+month[mon]+"</div> <div class='day'>"+day+"</div>");
}
//]]>
</SCRIPT>

၃။အောက်ကပေးတဲ့ Code တွေကိုရှာပါ။

.date-header {
margin: 1.5em 0 0;
font-weight: normal;
color: $dateHeaderColor;
font-size: 100%;
}
မတွေ့ ဘူးလား၊ဒါဆိုရင် မပူပါနဲ့ 
h2.date-header {
margin:1.5em 0 .5em;
}
လေးကို ထပ်ရှာလိုက်ပါ ခင်ဗျာ။
တွေ့ ပြီလား ? တွေပြီဆိုရင်တော့ အစိမ်းရောင် Code လေးတွေကို အောက်ကနေ ကပ်ပြီး
ထည့်ပေးပါဦးခင်ဗျာ။

.dateblock {
background: url("http://blogoholic.info/files/kalender/bluecalend.gif")
no-repeat;
width: 50px;
margin: 0;
font-weight: bold;
height: 50px;
/*position: absolute;
top: 0;
left: 0;*/
float: left;
text-align: center;
}

.month {
font-size: 11px;
width: 37px;
margin: 0 5px;
text-transform: uppercase;
color: #fff;
}

.day {
color:#3366CC;
font-size: 19px;
width: 37px;
margin: 0 5px;
}

အဲဒီမှာ တစ်ခုဖြတ်ပြီးပြောပါရစေ။ http://blogoholic.info/files/kalender/bluecalend.gif
ဆိုတာကို တွေ့ မှာပါ၊bluecalend.gif နေရာမှာ အောက်ကပေထားတဲ့ ပုံစံတွေထဲက ကြိုက်ရင်
bluecalend.gif ဆိုတဲ့ နေရာလေးမှာ orangecalend.gif ဆိုပြီး ပြောင်းလိုကပေါ့ ခင်ဗျာ။
တတိယ အဆင့်ပြီးပါပြီ ခင်ဗျာ။နောက်တစ်ဆင့်ပဲ လိုပါတော့တယ်၊ :) :L

၎။နောက်ဆုံပိတ် အဆင်ပါ ခင်ဗျာ။ ထုံးစံအတိုင်း <data:post.dateHeader/> လေးကိုရှာလိုက်ပါ
တွေ့ ရင် <data:post.dateHeader/> နေရာမှာ
<DIV class='dateblock'> <SCRIPT> date_replace('<data:post.dateHeader/>');</SCRIPT></DIV>
အစိမ်းရောင် Code လေးကို အစားသွင်းပေးပါ ။
နေ့ ကအောက်က လကို အပေါ်မှာ ရှိနေစေချင်ရင် padding: 4px 0px 0px 0px; ဆိုတာလေးကို
.month { အောက်မှာတည့် ၊ပြီးရင် .day { ဆိုတာလေးရဲ့ အောက်မှာပါ ထည့်ပေးလိုက်ပါ။ PREVIEW
နဲ့ ကြည့် အဆင်ပြေပြီဆိုရင် Template ကို Save လို့ ရပါပြီ။
အဆင်မပြေတာရှိရင် Cbox ကနေ ပြောခဲ့ပါ ခင်ဗျာ။ ကျွန်တော် ထပ်ပြီးပြောပြပေးပ့ါမယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:44:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Set a Video as your Desktop background Wallpaper

ကိုယ်ကြည့်နေတဲ့ ရုပ်ရှင် ၊ဗီဒီယို၊ဒါမှမဟုတ် ဗီစီဒီ ကိုကြည့်နေတဲ့
အချိန်မှာ Desktop background Wallpaper လုပ်ကြည့်ချင်တယ်ဆိုရင်
တော့ စမ်းကြည့်လို့ ရပါပြီခင်ဗျာ။ ကျွန်တော်ကတော့ အတော်ကို ကြိုက်
တယ်။ ကိုယ်ကြည်နေတဲ့ ရုပ်ရှင်ကို Desktop background Wallpaper
အဖြစ် ကြည်နေရတာကိုဗျ။ ဆန်းဆန်း သစ်သစ်လေးကြည့်လို့ ရတာပေါ့
ကျွန်တော်က သိပ်ပြီးမရှင်းပြတက်လို့ ပါ၊စမ်းကြည့်လိုက်ပါ။
အရင်ဆုံး VLC Player လေးကို Download ဒီမှာ ယူလိုက်ပါခင်ဗျာ။
ကိုယ်ကြည့်မယ့် ရုပ်ရှင် ၊ဗီဒီယို၊ဒါမှမဟုတ် ဗီစီဒီကို VLC Player လေးနဲ့ 
အရင်ဆုံး ဖွင့်လိုက်။ ကြည့်နေတဲ့ ရုပ်ရှင် ကို R-Click လုပ်ပြီး Wallpaper
ဆိုတာကို ရွေးလိုက်ပါ။ :) :L
That's it! The video will now play in your desktop background as
a wallpaper.!!!!!!!!!!
VLC Player Download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:42:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Notepad မှာစာတွေရေးပြီးရင် အလိုအလျောက် အချိန်ပေါ်စေချင်ရင်...

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို

ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:41:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Block a website in your computer

ဒီတစ်ခါတော့ဗျာ ကိုယ်မဖွင့်ချင်တဲ့ Website တွေကို ဖွင့်လို့ မရအောင်

လုပ်ကြည့်ရအောင်ဗျာ။ကိုယ့်ရဲ့ ကွန်ပျုတာကနေ ဘယ် Website ကို

ပိတ်ထားချင်တယ် ၊ရပါတယ်ခင်ဗျာ ။Gtalk စကားနဲ့ ပြောရရင် Block

ထားတာပေါ့ဗျာ။ :P ပြန်ဖွင့်လို့ လဲရပါတယ် ခင်ဗျာ။ မိဘတွေကကိုယ့်

ရဲ့ သားသမီးတွေကို ဒီ Website ကမကောင်းဘူး၊ မကြည့်စေချင်ရင်

တော့ ပိတ်တားလိုက်ပေါ့ဗျာ။ :) လျှာရှည်နေတာနဲ့ လိုရင်းကိုမရောက်

တော့ဘူး၊လုပ်ကြည့်လိုက်ရအောင် ခင်ဗျာ။

လွယ်ပါတယ်ခင်ဗျာ....

C:\windows\system32\drivers\etc ဆိုတာထိကို သွားလိုက်ပါခင်ဗျာ၊

etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ့ ဖွင့်
လိုက်ပါ ခင်ဗျာ။
127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ့ ရပါလိမ့်မယ်။

တွေ့ ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost

ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့

Website နာမည်လေးကို အစားတိုးပေးပါ ခင်ဗျာ။ Notepad လေးကို save

လိုက်ပါခင်ဗျာ။ restart ပေးလိုက်ပါ ။Windows တက်လာတာနဲ့ ကိုယ်မဖွင့်

ချင်တဲ့ Website လေးကို အခုလို တွေ့ ရပါမယ် ခင်ဗျာ။

ပြန်ဖွင့်ချင်တယ် တိုရင်တော့ ကျွန်တော်တို့ ကူးထည့်ထားတဲ့ စာကြောင်း

လေးကို ပြန်ဖျက်၊ file ကို Save ၊restart ပေးလိုက်ရင် ပြန်ပွင့်သွားပါလိမ့်

မယ်ခင်ဗျာ။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:14:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »