မဟာဗျုဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက်


ဒီနေရာမှာ ဘာသာရေး ကို ဇောင်းပေးဆွေးနွေးလိုပါတယ်။ ဘယ်လူမျိုး.ဘယ်ဘာသာဖြစ်ပါစေ.. မြန်မာ နိုင်ငံမှာအခြေချ နေထိုင်ခွင့်ရှိပါတယ်။ နိုင်ငံသား ခံယူခွင့်လည်း ရှိပါတယ်။ သို့သော်လည်း..တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ အဲဒါက ယနေ့ မလေးရှားလုပ်ထားတဲ့ ဥပဒေမျိုးပါ။


၁- ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌါန်းသတ်မှတ်မယ်. (မြန်မာနိုင်ငံမှလွဲပြီးကျန်ထေရ၀ါဒနိုင်ငံများ အတည်ပြုပြဋ္ဌါန်းပြီးဖြစ်သည်)။
ကြိုက်သူများလည်း ရှိမှာ ဖြစ်သလို မကြိုက်သူများလည်း ရှိပါလိမ့်မယ်။ ကိစ္စမရှိပါ…ဆန္ဒခံယူပွဲလုပ်။ ၅၀.၀၁% နှင့်အထက်ရ ရင် အနိုင် အဖြစ်သတ်မှတ်မယ်။ (မကြိုက်တဲ့သူ ကန့်ကွက်ကြပါစေပေါ့) များရာနိုင် အဖြစ် သတ်မှတ်မယ်..ကျေနပ်မလား…ဒီမိုကရေစီနည်းနော်..အဲဒါ.။

၂- အများဆန္ဒ အရ နိုင်ငံတော်ဘာသာ ဖြစ်ပီဆိုရင်..အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တစ်ခု ပြဋ္ဌါန်း မယ်..(ယနေ့မလေးရှားမှာလုပ်ထားသလိုမျိုးပေါ့)။ အဲဒီဥပဒေ အရ မြန်မာ ဗုဒ္ဓဘာသာ ဟာ ဘယ်သူနဲ့ပဲ ယူယူ မွေးလာတဲ့ကလေးမှန်သမျှ ဗုဒ္ဓဘာသာ ပဲဖြစ်စေ ရမယ်။ (မလေးမှာ လုပ်ထားနိုင်သေးရင် တို့နိုင်ငံမှာလည်း မလုပ်နိုင်စရာ အကြောင်းမရှိဘူး)။

၃- ဒီရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံမယ်ဗျာ။ (တိုင်းရင်းသားလူမျိုးဟုတ်မဟုတ် ဆိုတာက နိုင်ငံရေးသမားတွေဆွေးနွေးဆုံးဖြတ်ကြ) လောလောဆယ်.တရားဝင်မှတ်ပုံတင်ပါထုတ်ပေးမယ်..။ အဲ..ကိုးကွယ်ရာဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ ထည့်မယ်။ ပြန်ပြောင်းလဲခွင့်မရှိစေရ။(မလေးရှားက မူဆလင်တွေ ဘာသာပြောင်းလို့ မရသလိုပေါ့ )။

၎- In God We Trust လို့ ဒေါ်လာငွေစက္ကူပေါ် ရိုက်နှိပ်ထုတ်ဝေတဲ့ ဒီမိုကရေစီ အမေရိကန်ရဲ့ လုပ်ရပ်ကို လေးစားအားကျသောအားဖြင့်...”နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ” လို့ နောင် ထုတ်ဝေမဲ့ မြန်မာငွေစက္ကူ အသစ်ပေါ် ရိုက်နှိပ် ထုတ်ဝေမယ်. (ဒီနေရာမှာ..အမေရိကန် လုပ်သလို လိုက်လုပ်ခြင်းဖြင့် ဒီမိုကရေ စီရဲ့ အနှစ်သာရ ကို ပိုမိုပီပြင်စွာဖေါ်ဆောင်နိုင်မယ် လို့ယုံကြည်ပါတယ်)

၅- လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတဲ့ Red Cross .ကြက်ခြေနီ နေရာမှာ.. Red Bodhi Leaf အဖြစ် အစားထိုးအသုံးပြုမယ်။ (Cross ဆိုတာ Christian Religious Symbol ပါ။ အဲဒါကို မူဆလင် အာရပ်နိုင်ငံများက Cross နေရာမှာ Crescent အဖြစ်အစားထိုး ခွင့်ရသေးတယ်ဆိုရင်… ဗုဒ္ဓဘာသာ တို့နိုင်ငံမှာ.လည်း Bodhi Leaf အဖြစ်အစားထိုးခွင့် ရှိရမယ်)။ ဒါလောက်ပါဘဲ။

တို့ပြည်ရွာ တို့သာသနာ အတွက် သားစဉ်မြေးဆက် အမျိုးမပျောက်ပျက်ရလေအောင် ပညာသားပါပါ အလုပ်လုပ်စွမ်းနိုင်မဲ့ ဥာဏ်အမျှော်အမြင်ရှိ ပထမတန်းစား ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာကြပါစေသတည်း။


အရှင်ကုမာရ ဘလောဂ့်မှ ကူးယူဖော်ပြသည်။ http://www.ashinkumara.com
Ashin Kumara
Sj- Malaysia
ashinkumara@gmail.com

ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 2/23/2009 12:03:00 AMရေးသားသူ မိုးပြေး အညွှန်း | 10 အကြံပြုချက်များ »

10 ဝေဖန်အကြံပြုထားပါတယ်။:

ကောင်လေး said... @ February 23, 2009 3:24 AM

အရမ်းကို မှန်ကန်တဲ့ ပြဋာန်းချက်ဘဲ.. အဲလိုမျိုး ဖြစ်စေချင်တယ်..။ ကိုယ့်ဘာသာ သာသနာ အထွန့်ရှည်တည်တံ့ဖို့ အတွက် ရှေ့တန်းတင်သင့်တယ်..။

မိုးခါး said... @ February 23, 2009 3:25 AM

ကောင်းလိုက်တာနော် .. ကြိုးစားသင့်တယ်ထင်တယ် .. ဒါကလည်း ကယ်တင်ခြင်းတစ်မျိုးပဲလို့ ယူဆပါတယ် ..

poemflower said... @ February 23, 2009 3:33 AM

မှန်ကန်ကောင်းမွန်တဲ့အတွေးအခေါ်ပဲ လုပ်နိုင်ရင် အကောင်းဆုံးပါ.

နှင်းပွင့်ဖြူလေး said... @ February 23, 2009 4:23 AM

အချက်တိုင်းလိုလို တော်တော်ကောင်းမွန်တဲ့ အတွေးအခေါ်တွေပါ ....

လင်းဦး(စိတ်ပညာ) said... @ February 23, 2009 9:20 AM

လာဖတ်တယ်ညီရေ.... Follower ထဲ ထည့်ထားတယ်နော်... :)

My Diary said... @ February 23, 2009 10:30 AM

(တစ်ပုဒ်လုံးဖက်သွားပါတယ်) တောင်းဆုလေးတွေ ပြည့်ဝကြဖို့ မျှော်လင့်ပါတယ်

ကေမောင်ငြိမ်း said... @ February 23, 2009 5:12 PM

မရှိမဲ့ ရှိမဲ့ဥာဏ်လေးနဲ့ စဉ်းစားတွေးတောကြည့်တာတောင် တော်တော်လေး ကိုပြီးပြည့်စုံနေပါပြီ၊ အရမ်းကောင်းတယ်ဗျာ

မသက်ဇင် said... @ March 4, 2009 2:56 PM

အတော်ကောင်းတဲ့ပိုစ့်လေးပါပဲ
ပျော်ရွှင်ပါစေ-

sonata-cantata said... @ June 21, 2009 6:53 AM

အမှတ်-၅ လုံးဝ သဘောတူပါတယ်။ မေတ္တာ, ကရုဏာတရားတွေကို လက်တွေ့ဖော်ဆောင်ပြတဲ့ အသင်းအဖွဲ့ လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာရဲ့ အထိမ်းအမှတ် ရှိသင့်ပါတယ်။

အမှတ်-၂ နဲ့ ၃ ဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်နေပါတယ်။ (မှတ်ပုံတင်ပေါ်မှာရှိနေတဲ့ ဘာသာတရား၊ မိရိုးဖလာဘာသာတရားတို့လို) အပေါ်ယံကိုးကွယ် ယုံကြည်မှုထက် ရင်ထဲက နှစ်ချိုက်ယုံကြည်တဲ့ ဘာသာတရားကသာ ပိုပြီးအရေးကြီးပါတယ်။ ဘုရားရှင်ကိုယ်တိုင်က လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကိုပဲ အားပေးပါတယ်။ အခြားဘာသာဝင်တွေကနေ မိမိသဘောအလျောက် ကူးပြောင်းလာသူတွေကို လက်ခံသလို၊ ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကနေ စွန့်လွှတ်သွားသူတွေကိုလည်း မငြင်းပယ်ပါဘူး။ ဒါကြောင့် အမှတ် ၂ နဲ့ ၃ ကို လုံးဝသဘော မတူပါဘူး။

အမှတ်-၁ နဲ့ ပါတ်သက်လို့… နိုင်ငံတော်ဘာသာဆိုတဲ့ အမည်ထက် မြန်မာနိုင်ငံသားတွေဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံတွေဖြစ်တဲ့ လောကပါလတရား, ဗြဟ္မာစိုရ်တရားတွေ လက်ကိုင်ထားကြပြီး၊ အဂတိတရားတွေ ကင်းစင်အောင် နေထိုင်ကြတာပို ကောင်းမယ်လို့ ထင်ပါတယ်။

ဧရာဝတီသား said... @ June 21, 2009 4:42 PM

post ကောင်းလေးတစ်ခု ကိုဖြန့်ဝေပေးတဲ့ အတွက် ကျေဇူးတင်ရှိပါကြောင်း

ခင်မင်လျှက်

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး