Showing posts with label About Buddha. Show all posts
Showing posts with label About Buddha. Show all posts

မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့်ဗုဒ္ဓဘာသာ

အရှင်ဇ၀န (ရွှေပြည်သာ) ရေးသားထားတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် တကယ့်ဗုဒ္ဓဘာသာ စာအုပ်လေးကို ဖတ်ရင်း ကြိုက်လို့ ဘလောဂ့်မှာ တင်ပေးထားတာပါ။ ဖတ်သင့်တဲ့ စာအုပ်လို့ လည်း ယူဆပါတယ်။
စာအုပ်ကိုတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/20/2009 11:42:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

မဟာဗျုဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက်


ဒီနေရာမှာ ဘာသာရေး ကို ဇောင်းပေးဆွေးနွေးလိုပါတယ်။ ဘယ်လူမျိုး.ဘယ်ဘာသာဖြစ်ပါစေ.. မြန်မာ နိုင်ငံမှာအခြေချ နေထိုင်ခွင့်ရှိပါတယ်။ နိုင်ငံသား ခံယူခွင့်လည်း ရှိပါတယ်။ သို့သော်လည်း..တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ အဲဒါက ယနေ့ မလေးရှားလုပ်ထားတဲ့ ဥပဒေမျိုးပါ။


၁- ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌါန်းသတ်မှတ်မယ်. (မြန်မာနိုင်ငံမှလွဲပြီးကျန်ထေရ၀ါဒနိုင်ငံများ အတည်ပြုပြဋ္ဌါန်းပြီးဖြစ်သည်)။
ကြိုက်သူများလည်း ရှိမှာ ဖြစ်သလို မကြိုက်သူများလည်း ရှိပါလိမ့်မယ်။ ကိစ္စမရှိပါ…ဆန္ဒခံယူပွဲလုပ်။ ၅၀.၀၁% နှင့်အထက်ရ ရင် အနိုင် အဖြစ်သတ်မှတ်မယ်။ (မကြိုက်တဲ့သူ ကန့်ကွက်ကြပါစေပေါ့) များရာနိုင် အဖြစ် သတ်မှတ်မယ်..ကျေနပ်မလား…ဒီမိုကရေစီနည်းနော်..အဲဒါ.။

၂- အများဆန္ဒ အရ နိုင်ငံတော်ဘာသာ ဖြစ်ပီဆိုရင်..အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ တစ်ခု ပြဋ္ဌါန်း မယ်..(ယနေ့မလေးရှားမှာလုပ်ထားသလိုမျိုးပေါ့)။ အဲဒီဥပဒေ အရ မြန်မာ ဗုဒ္ဓဘာသာ ဟာ ဘယ်သူနဲ့ပဲ ယူယူ မွေးလာတဲ့ကလေးမှန်သမျှ ဗုဒ္ဓဘာသာ ပဲဖြစ်စေ ရမယ်။ (မလေးမှာ လုပ်ထားနိုင်သေးရင် တို့နိုင်ငံမှာလည်း မလုပ်နိုင်စရာ အကြောင်းမရှိဘူး)။

၃- ဒီရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံမယ်ဗျာ။ (တိုင်းရင်းသားလူမျိုးဟုတ်မဟုတ် ဆိုတာက နိုင်ငံရေးသမားတွေဆွေးနွေးဆုံးဖြတ်ကြ) လောလောဆယ်.တရားဝင်မှတ်ပုံတင်ပါထုတ်ပေးမယ်..။ အဲ..ကိုးကွယ်ရာဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ ထည့်မယ်။ ပြန်ပြောင်းလဲခွင့်မရှိစေရ။(မလေးရှားက မူဆလင်တွေ ဘာသာပြောင်းလို့ မရသလိုပေါ့ )။

၎- In God We Trust လို့ ဒေါ်လာငွေစက္ကူပေါ် ရိုက်နှိပ်ထုတ်ဝေတဲ့ ဒီမိုကရေစီ အမေရိကန်ရဲ့ လုပ်ရပ်ကို လေးစားအားကျသောအားဖြင့်...”နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ” လို့ နောင် ထုတ်ဝေမဲ့ မြန်မာငွေစက္ကူ အသစ်ပေါ် ရိုက်နှိပ် ထုတ်ဝေမယ်. (ဒီနေရာမှာ..အမေရိကန် လုပ်သလို လိုက်လုပ်ခြင်းဖြင့် ဒီမိုကရေ စီရဲ့ အနှစ်သာရ ကို ပိုမိုပီပြင်စွာဖေါ်ဆောင်နိုင်မယ် လို့ယုံကြည်ပါတယ်)

၅- လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဓိက ပါဝင်လှုပ်ရှားနေတဲ့ Red Cross .ကြက်ခြေနီ နေရာမှာ.. Red Bodhi Leaf အဖြစ် အစားထိုးအသုံးပြုမယ်။ (Cross ဆိုတာ Christian Religious Symbol ပါ။ အဲဒါကို မူဆလင် အာရပ်နိုင်ငံများက Cross နေရာမှာ Crescent အဖြစ်အစားထိုး ခွင့်ရသေးတယ်ဆိုရင်… ဗုဒ္ဓဘာသာ တို့နိုင်ငံမှာ.လည်း Bodhi Leaf အဖြစ်အစားထိုးခွင့် ရှိရမယ်)။ ဒါလောက်ပါဘဲ။

တို့ပြည်ရွာ တို့သာသနာ အတွက် သားစဉ်မြေးဆက် အမျိုးမပျောက်ပျက်ရလေအောင် ပညာသားပါပါ အလုပ်လုပ်စွမ်းနိုင်မဲ့ ဥာဏ်အမျှော်အမြင်ရှိ ပထမတန်းစား ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာကြပါစေသတည်း။


အရှင်ကုမာရ ဘလောဂ့်မှ ကူးယူဖော်ပြသည်။ http://www.ashinkumara.com
Ashin Kumara
Sj- Malaysia
ashinkumara@gmail.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/23/2009 12:03:00 AMရေးသားသူ မိုးပြေး အညွှန်း | 10 အကြံပြုချက်များ »

What is Buddhism ? ဗုဒ္ဓဘာသာဆိုတာဘာလည်း

ဗုဒ္ဓဘာသာဆိုတာဘာလည်း။

နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးက ပြန်ဆိုတော်မှု ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားသည် ဤစာအုပ်ကို ၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့  ၌ စတင်ပြန်ဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် နွေရာသီ၌ ဟော်လန်တရားစခန်းတွင် အပြီးသတ်ခဲ့ပါသည်။

မူရင်း စာအုပ်နာမည်မှာ Good Question Good Answer ဟူသောစာအုပ်ဖြစ်ပါတယ်။ ရေးသားသူကတော့ သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Shravasti Dhammika အရှင် ဓမ္မိက ဖြစ်ပါတယ်။


၁။ ဗုဒ္ဓဘာသာဆိုတာဘာလည်း

မေး ။ ။ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ။ ။ “ဗုဒ္ဓဘာသာ” ဆိုတဲ့ စကားလုံးဟာ “ဗုဓိ” ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ” ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဆိုတာ ဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီ ဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ ) နိုးထလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်း ၃၀၀ ကျော်ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ထိကတော့ ဗုဒ္ဓဘာသာဟာ အရှေ့ တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ပါတယ်. သို့ သော်လည်း ယခု အချိန်မှာ ဥရောပ နှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါပြီ။


1. What is Buddhism ?

Question: What is Buddhism?
Answer: The name Buddhism comes froms the word “budhi” which means “to wake up” and thus Buddhism is the philosophy of awakening. This philosophy has its origins in the experience of the man Siddhattha Gotama , Known as the Buddha, who was himself awakened at the age of 35.Buddhism is now 2,500 years old and has about 300 millions followers world –wide . Until a hundred years ago, Buddhism was mainly an Asian philosophy but increasingly it is gaining adherents in Europe and America.

မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပေါ့။
ဖြေ။ ။ ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် “philo” ဆိုတာ”ချစ်ခင်ခြင်း မေတ္တာ” လို့ ဆိုလိုပါတယ်။ “sophy” ဆိုတာက “ပညာ” လို့  အဓိပ္ပါယ်ရပါတယ်။ ဒီတော့ “Philosophy” ဆိုတာ “ပညာကို ချစ်ခင်ခြင်း၊ ” သို့ မဟုတ် “မေတ္တော နှင့် ပညာ” လို့ အဓိပ္ပါယ် ရပါတယ်။
ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖော်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွနုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွနုပ်တို့ ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွားအောင် ကြိုးစားဖို့ ကိုလည်း သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာရပ်လို့ ဆိုနိုင်သော်လည်း သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး မြင့်မြတ်သော အတွေးအမြင် ပညာ (Supreme Philosophy) ဖြစ်တယ်။

Question: So Buddhism is just a philosophy ?
Answer: The word philosophy comes from two words “philo” which means “ love” and “Sophia” which means “wisdom”. So philosophy is the love of wisdom or love and wisdom, both meanings describing Buddhism perfectly .Buddhism teaches that we should try to develop our intellectual capacity .It also teaches us to develop love and kindness so that we can be like a true friends to all beings. So Buddhism is aphilosophy but not just a philosophy. It is the supreme philosophy.

မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပလ၀တ်ပြည်) ဘုရင်သုဒ္ဓေါနမင်း နှင့် မိဖုရား မယ်တော်မာယာတို့ မှ သားတော်လေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းရသော်လည်း နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မူကို မပေးနိုင်ဘူးဆိုတာ တွေ့ လာရတယ်။ ဒီမင်းသားဟာ သူ့ ပတ်ဝန်းကျင်မှာ သူတွေ့ မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက်သော့ချက်ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက် ၂၉ နှစ်ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ ရဲ့ ကြင်ယာတော် (ယသောဓရာ) နှင့် သားတော် (ရာဟုလာ)ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးသော်လည်း သူတို့ ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခတွေကို ဘယ်လို ကျော်လွန်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ဓ္ဓတ္ထမင်းသားဟာ( ဥရုဝေလတော) မှာ ခြောက်နှစ်ကြာအောင် လေ့လာပွားများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဓ္ဇာကို ပယ်ခွာနိုင်တဲ့အတွက် (အမှန်တရား) ကို ထိုးထွင်းသိမြင်သွားပါတယ်။* အဲဒီအချိန်ကစပြီး သူ့ ကို “ဗုဒ္ဓ” (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်ကစပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့ သိထားတဲ့ တရားတော်များကို လှည့်လည် ဟောပြောခဲ့ပါတယ်။
*ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရားမဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့် ၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန်ကို ပွားမှသာ ဘုရားအဖြစ်သို့  ရောက်ပါသည်။


Question: Who is the Buddha?
Answer: In the year 563 B.C. a baby was born into a royal family in northen India. He grew up in wealth and luxury but eventually found that worldly comfort and security do not guarantee happiness. He was deeply moved by the suffering he saw all around- and resolved to find the key to human happiness . When he was 29 he left his wife and child and set off to sit at the feet of thee great religious teachers of thee day to learn from them. They taught him much but none really knew the cause of human suffering and how it could be overcome. Eventually, after six years study and meditation he had an experience in which all ignorance fell away and he suddenly understood. From that day onwards, he was called the Buddha, the Awakened One. He lived for another 45 years in which time he travelled all over.

မေး ။ ။ ဗုဒ္ဓဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ အချိန် အကြာကြီး စဉ်းစားပြီး တွန့် ဆုတ်တွန့် ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်တာထက် တလောကလုံးရဲ့  အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါ။ ကြီးမားတဲ့ မဟာဂရုဏာတော်က ဗုဒ္ဓမြတ်စွာကို တစ်လောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့် ပြီး အဆင်းရဲ အပင်ပန်းခံမှုကြောင့် တစ်လောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေရတာ ဖြစ်ပါတယ်။ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာအကြီးမားဆုံးသော စွန့် လွတ်မှုကြီးပါပဲ။

Question: Wasn’t it irresponsible for the Buddha to walk out on his wife and child ?
Answer: It couldn’t have been an easy thing for the Buddha to leave his family. He must have worried and hesitated for a long time before he finally left. But he had a choice, dedicating himself to his family or dedicating himself to the whole world. In the end, his great compassion made him give himself to the world. And the whole world still benefits from his sacrifice. This was not irresponsible. It was perhaps the most significant sacrifice ever made.


မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွနုပ်တို့ ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ ရှိတဲ့ မိုက်ကယ်ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူ့ ရဲ့ တွေ့ ရှိချက်တွေက ကျွနုပ်တို့ ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလည်း ကွယ်လွန်သွားပါပြီ။ သို့ သော်လည်း သူတွေ့ ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်ဆယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလည်း သေသွားပါပြီ။ သို့ သော်လည်း သူဖန်းတီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှုတွေ ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လည်း သူတို့ အကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့ လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။
ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာသွားပါပြီ။ သို့ သော်လည်း ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့ စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀ကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

Question: The Buddha is dead so how can he help us?
Answer: Faraday, who discovered electricity, is dead, but what he discovered still helps us. Luis Pasteur who discovered the cures for so many diseases is dead, but his medical discoveries still save lives. Leonardo da Vinci who created masterpieces of art is dead, but what he created can still uplift and give joy. Noble men and heroes may have been dead for centuries but when we read of their deeds and achievements, we can still be inspired to act as they did. Yes, the Buddha is dead but 2500 years later his teachings still help people, his example still inspires people, his words still change lives. Only a Buddha could have such power centuries after his death.


မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား ။
ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ထာဝရဘုရားရဲ့  သားတော်ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့် ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါ့ကြောင့် သူ့ လိုကျွန်ုပ်တို့  ကြိုးစားလျှင် ကျွန်ုပ်တို့ လည်း သူ့ လိုပဲ အလုံးစုံ ပြည်စုံသူများ ဖြစ်နိုင်ကြောင်း မိန့် ကြားတော် မူပါတယ်။

Question: Was the Buddha a god?
Answer: No, he was not. He did not claim that he was a god, the child of a god or even the messenger from a god. He was a man who perfected himself and taught that if we follow his example, we could perfect ourselves also.


မေး။ ။ ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့်သူ့ ကိုလူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ။ ။ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ က တစ်စုံတစ်ခုသော တန်ခိုးရှင် ဘုရား ( a God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ၊ ပူဇော်ပသတာကို လက်ခံလိမ့်မယ်လို့  ယုံကြည်လို့ ၊ဆုတောင်းတာကို ဖြည့်ဆည်းပေး လိမ့်မယ်လို့ ယုံကြည်လို့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တစ်ခြားကိုးကွယ် ဆည်းကပမှု တစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့ မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့ တွေ့ ရင် လက်ဆွဲ နှုတ်ဆက်ကြတယ်။ အမျိုးသား သီချင်းတီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရသပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်တဲ့ ရှိခိုးကိုးကွယ်မှုမျိုးပါပဲ။

တင်ပျဉ်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့  မဟာကရုဏာတော်ဖြင့် ကြည်လင်လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရားတိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ ကိုသတိပေးနေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံက ကျွန်ုပ်တို့  သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံနှံနေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့  ညိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့ အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့ မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှု ဖြစ်ပါတယ်။

Question: If the Buddha is not a god, then why do people worship him?
Answer: There are different types of worship. When someone worships a god, they praise him or her, making offerings and ask for favours , believing that the god will hear their praise, receive their offerings and answer their prayers. Buddhists do not indulge in this kind of worship. The other kind of worship is when we show respect to someone or something we admire. When a teacher walks into a room we stand up, when we meet a dignitary we shake hands, when the national anthem is played we salute. These are all gestures of respect and worship and indicate our admiration for persons and things. This is the type of worship Buddhist practise . A statue of the Buddha with its hands rested gently in its lap and its compassionate smile reminds us to strive to develop peace and love within ourselves. The perfume of incense reminds us of the pervading influence of virtue, the lamp reminds us of light of knowledge and the flowers which soon fade and die, reminds us of impermanence. When we bow, we express our gratitude to the Buddha for what his teachings have given us. This is the nature of Buddhist worship.

ကျွန်တော် ဗုဒ္ဓဘာသာဆိုတာဘာလည်း ဆိုတဲ့ ပိုစ့်ကို နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးရဲ့ စာအုပ်ကနေ ကူးယူပြီး ဓမ္မဒါန ပြုတာဖြစ်ပါတယ်။ စာလုံးပေါင်း သတ်ပုံများကို လည်းမှားယွင်းနေပါက ခွင့်လွတ်ပါ ခင်ဗျာ။ ကျွန်တော်ဒီ ဗုဒ္ဓဘာသာဆိုတာဘာလည်း ဆိုတဲ့ ပိုစ့်ကို မြန်မာဖောင့် မကျွမ်းကျင်ပဲ နှစ်လုံးဆင့်စကားလုံးများကို ခက်ခဲစွာ ရိုက်ခဲ့ရသောကြောင့် ဖြစ်ပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ အပိုင်းများကိုလည်း ဆက်လက်ပြီး ဓမ္မဒါနပြု ပူဇော်သွားပါဦးမယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/16/2009 12:06:00 AMရေးသားသူ မိုးပြေး အညွှန်း | 7 အကြံပြုချက်များ »

မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိပြန့်ပွားလာပုံ

ဗုဒ္ဓ (၅၆၃ - ၄၈၃ ဘီစီ) သက်တော်ထင်ရှားရှိတုန်းကတည်းက မြန်မာကို ဗုဒ္ဓ၀ါဒရောက်လာပုံကို၊
အမျိုးမျိုးပြောကြပါတယ်။ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတယ်ဆိုရင် ရောက်ရာအရပ်ရပ်မှာ ပူဆွေး ဒုက္ခရောက်သူ တစ်ဦးဦးကိုဖြစ်ဖြစ်၊ သတ္တ၀ါအများကိုဖြစ်ဖြစ်၊ စိတ်ချမ်းသာရအောင် ဆုံးမသွန်သင်လိုလို့ဖြစ်ဖြစ် ကြွလာတတ်ဖြစ်ပါတယ်။ ဘ၀ရှင်သန်နေရလို့ တွေ့ရတဲ့ဒုက္ခတွေက ကယ်တင်လိုတဲ့အတွက်ဖြစ်ပါတယ်။ မြန်မာ အနောက်ပင်လယ်ကမ်းခြေက ရခိုင်ကိုမြတ်စွာဘုရားကြွလာလို့ ရခိုင်မင်းက ကြေးလောဟာနှဲ့ မြတ်စွာဘုရား ပုံတူလုပ်ယူခွင့် ရလိုက်ပါတယ်လို့ ဆိုပါတယ်။ မြန်မာအလယ်ပိုင်းက လူတွေကလည်း သူတို့ဆီကလယ်ကိုင်းကို မြတ်စွာဘုရားကြွလာပြီး တရားဟောလို့ လူရောနတ်ပါ အများကြီး အကျွတ်တရားရကြတယ်လို့ ဆိုတယ်။ တောင်ထိပ် မှာ ရပ်တော်မူပြီး သာသနာ ဘယ်နှစ်ကိုရောက်ရင် ဘယ်မင်းက ဒီနေရာမှာ မြို့ကြီးတည်မယ်၊ ဗုဒ္ဓ သာသနာထွန်းကားမယ်လို့ ဗျာဒိတ်မြွတ်ကြားသွားတယ်လို့လဲ ယုံတယ်။ မြန်မာအောက်အရပ်က ကုန်သည် စွန့်စားသူ နှစ်ဦးက ဗုဒ္ဓဂါယာကိုရောက်တော့ သဗ္ဗညုတဥာဏ်ကို ရပြီးစ ဗုဒ္ဓရဲ့ဆံတော်၊ အထက်ဘုရားနှစ်ဆူရဲ့ အသုံးအဆောင်တွေနဲ့ ဌာပနာပြီး စေတီတည်တယ်။ ဒီနှစ်ယောက်က သြရိဿနယ်က ဖြစ်ဖို့များတယ်။
သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် ၇၆ ထက်စောပြီး ဘယ်ဘုရားရုပ်တုမှ မရှိပါ။ အဲဒီလိုပဲ သီရီဓမ္မာသောက ( အသောက၊ ၂၇၄ - ၂၃၂ ဘီစီ ) ထက်စောပြီး ဘယ်စေတီ ပုထိုး၊ မုဋ္ဌောမှ မရှိဘူးပါ။ အသောကမင်းက ပိဋကမှာရှိတဲ့ ဓမ္မာခန္ဓပေါင်း ၈၄၀၀၀ ကို ရည်ညွှန်းပြီး စေတီပေါင်း ၈၄၀၀၀ ကို မြတ်စွာဘုရားရဲ့ သရီရဓာတု ဌာပနာပြီး တည်တယ်လို့ဆိုတယ်။ အဲဒီလို ပြောကြတာမှာလည်း သမိုင်းဖြစ်စဉ်နဲ့ စကားရှေ့ နောက်မကိုက်ညီတာ တစ်ခုကို တွေ့ရပြန်ပါတယ်။ ပိဋက သုံးပုံကို သီရိလင်္ကာမှာ ပေထက်အက္ခရာ တင်တာက ၃၃ ဘီစီဖြစ်လို့ စာနဲ့ချမရေးမီက စာပိုဒ်ဘယ်လောက် ရှိတယ်ဆိုတာ၊ ပါတယ်ဆိုတာ ဘယ်လို သိနိုင်ပါသလဲလို့ မေးစရာရှိပါတယ်။ အသောကမင်းက ဗဟိုအိန္ဒိယအပြင်ကိုးတိုင်းကိုးဌာနကမထေရ်ကြီးတွေက ဦးဆောင်ပြီး သာသနာပြု လွှတ်တယ်ဆိုရာမှာလည်း ဘယ်နေရာကို၊ ဘယ်ကိုယ်တော်ကြွရတယ်လို့ စာရင်း ရှိပါတယ်။ ကျောက်တော်ပေါ်က ကျောက်မျက်နှာပြင်မှာ ကျောက်စာ တစ်ဆယ့်သုံးခု ရေးထိုးခဲတယ်။ ဒီ စာရင်းမှာ သောဏနဲ့ ဥတ္တရခေါင်းဆောင်တဲ့ သုဝဏ္ဏဘူမိခရီးအကြောင်း မပါပါ။ ပြီးတော့ ပါဠိအဋ္ဌကထာ ဋီကာတွေက သုဝဏ္ဏဘူမိကို စုမတြကျွန်းပေါ်မှာရှိတယ်လို့ ညွှန်းထားပါတယ်။ အင်မတန်ကျော်ကြားတဲ့ ပါဠိနာမည် အဘိဓာန်ကိုပြုစုတဲ့ မလ္လသေကြက သုဝဏ္ဏဘူမိဘယ်မှာဆိုတာ အတိအကျပြောမသွားဘူး။ သူက မွန်တွေ ယိုးဒယားသားတွေက သုဝဏ္ဏဘူမိဟာ ငါတို့ဆီမှာရှိတယ် (မွန်က သထုံ၊ ယိုးဒယားက နဆောင်ပထ) လို့ ဇွတ်ပြောနေတဲ့ အယူအဆတွေကို မဆန့်ကျင်လိုတဲ့ သဘောထားရှိဟန် တူပါတယ်။ ( သူတို့အယူအဆ မှားတယ်ဆိုတာတော့ သိရမှာပါ ) ဒါပေမဲ့ မွန်ဆရာတော် တပါးဖြစ်တဲ့ တောင်ပေါက်ဆရာတော်က အိန္ဒိယမှာ နှစ်ပေါင်းများစွာ လှည့်လည်စုံစမ်းရှာဖွေပြီး၊ သုဝဏ္ဏဘူမိဟာ စုမတြမှာ ဖြစ်တယ်လို့ ဆရာတော်ပြုစုတဲ့ ဗုဒ္ဓ သာသနာ ပထ၀ီဝင်ကျန်းမှာ မြေပုံတွေနဲ့ ရှင်းလင်းဖော်ပြထားခဲ့ပါတယ်။ အခုပြောပြတဲ့အချက်တွေကြောင့် ဗုဒ္ဓသာသနာဟာ ကျွန်တော်တို့ဒေသကို ဘယ်အချိန်က၊ ဘယ်နေရာမှာ စတင်ရောက်ရှိလာတယ်လို့ သုတေသီတွေအနေနဲ့ ပြောဖို့ခက်ပါတယ်။
ပျူလူမျိုးတွေက မြေပုံဘုရား ( အများအခေါ်အုတ်ခွက် )တွေထားခဲ့တယ်။ သူတို့က ခရစ်လေးရာစု နှစ်က ကိုးရာစုနှစ်အထိ ( အညာ ဟလင်းက၊ အောက်ပြေ၊ မြစ်ဝကျွန်းပေါ်ဒေသအထိ ကျယ်ပြန့်တဲ့ ) ပိုင်နက် အတွင်း ဗုဒ္ဓသာသနိက အဆောက်အအုံတွေမှာ ဒီမြေပုံဘုရားကို အရွယ်အမျိုးမျိုး၊ ပုံအမျိုးမျိုးနဲ့ ပြုလုပ်တဲ့အခါ၊ မြတ်စွာဘုရားပုံတော်နဲ့ ယေဓမ္မာဟေတုပ္ပဗ္ဗ၀ါ ဂါထာကို ဒေ၀နာဂရီလက်ရေးနဲ့ မြေပုံဘုရားမျက်နှာဘက်မှာ ရေးထားတယ်။ ပြီးတော့ ကျောဘက်မှာ မြေပုံဘုရားကိုပြုလုပ် လှူဒါန်းသူရဲ့နာမည်ကို ရေးထားလေ့ရှိပါတယ်။ အဲ့ဒီမြေပုံဘုရားကိုစွဲပြီး ပျူတွေဟာ ခရစ်တစ်ရာစုနှစ်ကစပြီး ဗုဒ္ဓသာသနာဝင်တွေဖြစ်တယ်။ ဒါထက်တောင် စောချင်စောနိုင်တယ်။ အောက်ပိုင်းမြန်မာကိုရောက်နေတဲ့ မွန်ခမေရ်ဘာသာစကားပြောသူတွေထဲကမွန်တွေက ပထမဗြာဟ္မဏ၀ါဒီ၊ နောက်ခရစ် ခုနစ်ရာစုနှစ်ကစပြီး ဗုဒ္ဓ၀ါဒီဖြစ်ခဲ့တယ်။ အဲ့ဒီတော့ စောစောကပြောသလို သီရိလင်္ကာမှာ ခရစ်မပေါ်မီ ၃၃ နှစ်က ပိဋကကို ပေထက်အက္ခရာတင်ခဲ့တာ ဖြစ်ပေမယ့်၊ ပျူနိုင်ငံရယ်လို့ ထင်ရှားခဲ့တဲ့ ခရစ်လေးရာစုနှစ်က ကိုးရာစုနှစ်အတွင်းမှာ အက္ခရာတင်ပြီး ပိဋကကို အစုံလိုက် ကူးယူလာတာ မရှိသေးဘူး။ အန္တရာယ်ကင်းရွတ်ဆိုဖို့ သုတ္တန်ဒေသနာထဲက ထုတ်နှုတ်ထားတဲ့ အပိုဒ်ကလေးတွေပဲ ရွှေ၊ ကျောက်ပြား၊ ရွှံ့ပြားတွေပေါ်မှာ ရေးထွင်းပြီး အိမ်တံခါးဝ၊ မြို့တခါးဝမှာ၊ ကျောက်ပြားမှာရေးပြီး စိုက်ထားမယ်၊ ရွှေပြားမှာရေးပြီး အမွန်အမြတ်သိမ်းထားမယ်။ ဒီလို ကောက်နှုတ်ချက်တွေယူလာတဲ့သူတွေက ကုန်သည်၊ မြို့သစ် ရွာသစ်တည်သူတွေနဲ့ သင်္ဘောသားတွေဖြစ်မယ်ထင်ပါတယ်။ အိန္ဒိယဓလေ့တွေကို အတုခိုးလိုက်နာ ကျင့်ကြံချင်လို့ တိုင်းရင်းသားက လူလွှတ်ပြီး ကူးယူခဲ့တာလည်း ဖြစ်မယ်။ အိန္ဒိယက စာရေးနည်းပညာက မွန်တွေ၊ ပျူတွေဆီကို ခရစ်လေးရာခုနှစ်လောက်ကစပြီး ရောက်နေပြီဖြစ်လို့၊ ဒီက သီရိလင်္ကာကိုလွှတ်ပြီး ကူးယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ အိန္ဒိယသာသနာပြုတွေလာမှ ဗုဒ္ဓ သာသနာဝင်ဖြစ်တယ်။ ဗုဒ္ဓကျမ်းတွေကို တွေ့ဖူး၊ သုံးဖူးတယ်ဆိုတဲ့ အယူအဆကို ပြင်ရမှာဖြစ်ပါတယ်။ လူလွှတ်ယူရတယ်ဆိုတဲ့ စကားကို ရှင်းချင်ပါသေးတယ်။ တိုက်ရိုက်သုံးနိုင်တဲ့ သက်သေသာဓကမရှိပါ။ ဒီက မင်းအခေါ်ခံယူသူတွေက “ လက်အောက်ခံ (ကျွန်တော်မျိုး၊ ကျွန်တော်မျိုး) နဲ့ ငါတို့ကို မနှိုင်းနဲ့၊ ငါတို့က ကမ္ဘာဦးမဟာသမ္မတက အနွယ်မပျက် ဆင်းသက်လာသာ၊ သကျသာကီဝင်မျိုးတွေဖြစ်တယ် “ လို့ပြောလိုက် တယ်။ အိန္ဒိယက မင်းဧကရာဇ်တွေနေသလို (နေ့စဉ် အစားအသောက်၊ အနေအထိုင်အထိ) နေမယ်လို့ ဆုံးဖြတ်ပြီး၊ ထီးဟန်နန်းဟန်ကို ဦးဆောင်ပြီး လုပ်တတ်တဲ့လူ ( ဗြာဟ္မဏတွေကို လက်သုံးကျမ်းပါ အတူယူပြီး လာခဲ့လို့ ) ဖိတ်တာကစပြီး နည်းနည်းနည်းနည်း ကျိုးတိုးကျဲတဲ ရောက်လာတာဖြစ်မယ်၊ ဒီလိုနဲ့ ပျူရယ်၊ မွန်ရယ် အုပ်ချူပ်သူကစပြီး ဗြာဟ္မဏ ၀ါဒီတွေဖြစ်လာခဲ့တယ်။
မြန်မာအနောက်ဘက် ပင်လယ်ကမ်းခြေက ရခိုင်ဆိုရင် ရှစ်ရာစုနှစ်ဦးက သက္ကတဘာသာစကားနဲ့ ကျောက်စာတစ်ခုရေးထိုးခဲ့ရာမှာ၊ သူတို့ဘုရင်က စန္ဒြမျိုး၊ သူတို့က သီဝနတ်မင်းကို စောစောက ကိုးကွယ် ခဲ့တယ်၊ နောက် (ခုနစ်ရာစုနှစ်၊ ရှစ်ရာစုနှစ်လောက်ရောက်)မှ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ ကျွန်းပေါ်ဒေသတွေက မွန်နဲ့ပျူတွေက ဗိဿနိုးနတ်မင်းကို ကိုးကွယ်သူများမယ်လို့ ထင်ရပါတယ်။ ဗြာဟ္မဏ၀ါဒကို မွန်တွေက အခု ကမ်ဖုချနဲ့ ထိုင်းဒေသတွေက ရခဲ့တာလို့ ယူဆရင်လည်း ဖြစ်နိုင်စရာရှိပါတယ်။ ဒီလိုပဲ မဟာယာနသာသနာကိုလည်း အရင် ဖုနန် (အခု ကင်ဖုချ)က ရမယ်။ အိန္ဒိယအရှေ့မြောက်ကလည်းရမယ်လို့ ယူဆတယ်။ သူတို့ဟာ ဗုဒ္ဓသာသနာကို လက်ခံတယ်လို့ ဆိုပေမယ့် မိရိုးဖလာ နတ်ကိုးတာမျိုးကို မစွန့်နိုင်ပါ။ စွန့်တယ်လို့ ပြောဖို့မလိုဘူး။ ရတနာ သုံးပါးကို ဆည်းကပ်တယ်လို့ ပြောရင်ပြီးတယ်။ ရဟန်းသံဃာကွယ်ရာမှာ ရိုးရာကိုးကွယ်မှု လုပ်မြဲလုပ်မယ်။ ရဟန်းသံဃာကလည်း အကြပ်အတည်းလိုက်ပြီး မပိတ်ပင် မတားဆီးဘူး။ သမအောင် (Ambivalence) အလိုက်အထိုက်နေသွားကြတယ်။ ယနေ့အထိ ထေဒ၀ါရီတွေလို့ ပြောပေမယ့် သိသိသာသာ မသိမသာ ရိုးရာဓလေ့တွေ၊ ဟိန္ဒူဓလေ့တွေ၊ မဟာယာနဓလေ့တွေကို လုပ်နေကြပါတယ်။
အရေးကြီးတဲ့ ပြဿနာကို အခုတင်ပြလိုပါတယ်။ အဲ့ဒါကတော့ မြန်မာဘက်ကို ပိဋကသုံးပုံးရေးသားပြီး ဘယ်အချိန်ကရောက်သလဲဆိုတဲ့ အချက်ပါပဲ။ တချို့က ဗုဒ္ဓဃောသ၊ တချို့က အရဟံနဲ့ အနိရုဒ္ဓတို့ကျေးဇူးပဲလို့ ပြောကြရေးကြတယ်။ အရဟံက စ,ပုံကို ပါးစပ်ပြောတာ၊ ဓမ္မစေတီမင်းခေါ် ရာမာဓိပတိလက်ထက် ၁၄၈၀ မှာ ရေးထိုးတဲ့ ကလျာဏီ သိမ်ကျောက်စာမှာစပြီး အက္ခရာတင်တာတွေ့ရတယ်။ ခေတ်ပြိုင်မှတ်တမ်း မဟုတ်ပါ။ အများခေါ် ကျန်စစ်သား (ထီးလိုင်မင်း ၁၀၈၄ - ၁၁၁၃) လက်ထက် မွန်ဘာသာရေးထိုးတဲ့ ကျောက်စာမှာ သားတော်ရာဇကုမာရကို ပိဋက အစစ်အဆေးလုပ်ခိုင်းတယ်။ နိုင်ငံရပ်ခြားရောက် ပုဏ္ဏားပညာရှင်၊ တိုင်းရင်းသား ရဟန်းပညာရှင်တွေစုပြီး (၁) ပိဋကကို သီရိလင်္ကာအက္ခရာက ပျူနဲ့မွန်က ဆင်းသက်တဲ့ မြန်မာ အက္ခရာဖလှယ်ရမယ်၊ (၂) ပြီးတော့ ပါဋ္ဌိမြန်မာတွဲရက် အနက်ပြန်ဆိုရမယ်။ ဒီလိုလုပ်နိုင်ပါမှ “သာသနာ ငါးထောင်တည်မယ်”လို့ ယူဆကြတယ်။ အရင်က ဘိက္ခုရှိသလို ဘိက္ခူနီရှိတယ်။ သာသနာနှစ် ၁၀၀၀ မှာ ဘိက္ခုနီမရှိတော့ဘူးဆိုပေမယ့် မဟာဃာန၀ါဒီတွေမှာ ဘိက္ခူနီတွေ ရှိနေဦးမယ်။ ကျန်စစ်သားလက်ထက်မှာ သာမက ပုဂံပျက်စီးတဲ့အထိ ရှိနေမယ်လို့ ကျောက်စာတွေကပြနေပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

The Advent of Buddhism in Myanmar

We have several stories that Buddhism reached Myanmar even in
the life time of the Buddha 536-483 BC. The Buddha was supposed to visit places where he thought his visit and his teachings might save a certain creature or many creatures in generalfrom some trouble that accrue out of being alive. The people of Rakhine on the western coast of Myanma believed that the Buddha came to Legaing preaching. He would stand on a hill top to predict that sometime afterwards, a city would appear in this locality where Buddhism would thrive. In this way we thought that we were fortunate to know when a city in Myanma would be built by whom at some critical tome of our history. It is said that two merchant adventurers from Lower Myanma came as far as Budhagaya and had had an admirable good fortune to meet the Buddha a few days after the Enlightenment. From the Buddha the two men received the hairs that they enshrined in a stupa which also housed the relics of two other Buddhas before Gotama. Most probably the two brothers were from Orissa. No Buddha image could be older than AD 76 or a stupa earlier before Asoka 274-232 BC.
One Mon learned monk known as Mawlamyine Taung Bauk Sayadaw, who lived several years in India visiting all Buddhist sites, and tried to make maps showing the extension of Buddhism beyond India, was in favour of locating Suvannabhumi in Java. With all these uncertainties and probabilities it is rather difficult to say how the Teachings of the Buddha arrived in our land.
There are terracotta votive tablets left by Pyus who built quite and extensive kingdom during the 4th and 9th centuries AD and these tablets bear witness that the Buddha’s image and the Yedharma stanza inscribed beneath the throne of Buddha in

reverse. That bears the evidence that the Pyus were Buddhists in the 1st century AD or earlier. Mons, another people of Lower Buddhists in the 7thcentury. Then we would not be much wrong to say that the Teaching of the Buddha would have reached our land only in important extracts on gold, silver, copper plaques as well as
on stones were found in Pyu cities and they were usually put at the gates of their residences and their cities. That was done for the benefit of protection against evil spirits and all other external and internal enemies.
We have one question as to who brought these supposedly important extracts from Buddhist text to these people. There were sailors, merchants and even settlers. But one thing definite is that they were not missionaries. Then who brought these important stanza from Buddhist scriptures. Somehow or other we have no direct evidence except guess. We have among us the rulers who wanted to show that they were far superior to the common people who were, to then, all slaves. Further more they were much impressed y the Brahmanical thoughts and believes. Some famous Brahaman sages were invited to come and live among them to teach their way of life which was far auperior to their native culture. Thus Pyu and Mon royalty adopted Brahmanism. Mostly the people of Rakhine on the western coastline of Myanma were, according to a Sanskrit inscription dating to the early 8th century AD, their kings were Shavites and the Pyus and Mons on the deltaic regions on the south of the country were mostly Visnavites. It sounds odd that Brahmanism was brought to Myanma land through the Monland in the present day Thailand. Similarly Mahayanism reached them from Funnan which is identified as Kampucha t-day. There is however, one exception. The Pyus of northern Myanma received Mahayanism form probably northeastern India. And these people could not have been devoted Buddhists. Their previous pre Buddhist believes like animism would prevail and by ambivalence they would live between two opposing believes. Even today, they claim that they are Theravadins though they observe knowingly or unknowingly many Hindu or Mahayana rituals.
Now I come to the most important question. When does the Pitaka( all the Three Baskets ), reached Myanma? Some attributed it to Buddhaghosa or to Arahan and Aniruddha. But there are no substantial evidence in their support except the word of mouth. And that too was not reduced to writing until AD 1480 at the time of Tamadhipati popularly known as Dhammaceti. There are, however, epigraphic evidences that the entire Pitaka reached Bagan only in the time of King Htilaing or Kyansittha(1084-1113). He put his son Rajakuma in charge of editing the Pitaka texts obviously with the help of local learned monks and imported sages from abroad, largely from Srilanka. We all assume that the Sasana- the Teachings or the Buddha, might last for five thousand years and that two has no evidence to say that how such a belie became current. There is also a belief that there were no more Bhikkhunis after the lapse of the 1,000 years fo the Sasana. On the other hand Kyansittha became king in the Sasana Year of 1682 (AD 1084). And the Bagan epigraphic evidence give infallible support that there were Bhikkhunis even towards the end of the Bagan dynasty in AD 1287.
By
Dr. Than Tun

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:10:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »