Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts

ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

ကျွန်တော့် သူငယ်ချင်း ဂျပန်မလေး ဘလောဂ့်လေးတောင် ၅ လ တင်းတင်းပြည့်ပြီပဲလေ...အော် ဘာလိုလိုနဲ့  အချိန်တွေ အချိန်တွေ တော်တော်ကို အကုန်မြန်နေပါလား... သူရေးတဲ့  post တွေကလည်း ၂၀၀ ပြည့်ပြီလေ...တော်တော်ကို ကြိုးစားပန်းစား ရေးထားတာကို၊ သူ့ ကြိုက်တဲ့  Teddy Bear အရုပ်လေးနဲ့ အတူ သူ့ ရဲ့ ဓာတ်ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ ဂျပန်မလေးရေ ကျောင်းသွားရင် တစ်ခါတည်း ယူသွားလို့ ရအောင် ကျောပိုးအိပ်လေးပါ လက်ဆောင်ပေးလိုက်တယ်နော်...သူငယ်ချင်း ဂျပန်မလေး အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးရင် ဒီထက်မက စာတွေ၊ အတွေ့ အကြုံတွေကို မျှဝေပေးနိုင်ပါစေ ခင်ဗျာ။
ဂျပန်မလေး ကျောင်းမသွားပဲ post ရေးအပြီး အပန်းဖြေနေစဉ်ပုံပါ... :P
ဒါကတော့ ကျွန်တော် လက်ဆောင်ပေးလိုက်မဲ့  ကျောပိုးအိပ်ပါ။ အရုပ်ပါပါသည်၊ကျောင်းရောက်ရင် ဆော့ဖို့  :D

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

No Title (ခေါင်းစဉ်မရှိ)


ချစ်သူရေ....ငါနင့်ကို စိတ်ပူတယ်ဟာ....ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စိုးရိမ်တဲ့ စိတ်လေးကိုတော့ အသိအမှတ်ပြုပေးပါ။ ငါကတော့ နင့်ကို အမြဲတမ်း ချစ်နေဦးမှာပါ။ နင့်ရဲ့ စိတ်ထဲမှာ တစ်ယောက်ထဲ ဆိုတဲ့စိတ်ကို မေ့ထားလိုက်ပါ။ နင်မိုးရေထဲမှာ တစ်ယောက်ထဲ ဖြစ်နေလို့  နင့်မှာ ထီးမရှိခဲ့ရင် ငါမှာရှိတဲ့ လက်ဝါးနှစ်ဖက်နဲ့  နင့်ကိုထီးအဖြစ် မိုးပေးပါရစေ။ အပြည့်အ၀ လုံခြုံမှုကို မပေးနိုင်ရင်တောင် ငါနင့်ကိုချစ်တဲ့ စိတ်ကြောင့် နင်နွေးထွေးနေမှာပါ။ နင့်ဘေးမှာ ငါနေချင်တဲ့ စိတ်ကိုတော့ ငါဘယ်တော့မှ ပြင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင် နင်အတွက် လုံခြုံမယ် ထင်တဲ့ ထီးတစ်လက်ကို ရှာလိုက်ပါ။ အခက်အခဲ ရှိလာရင်တော့ ငါ့ရဲ့ လက်ဝါးနှစ်ဖက်အောက်ကို ၀င်လာလည့်ပါ၊ ငါနင့်ကို နွေးထွေးစွာ ကြိုဆိုနေပါ့မယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ရက်ပေါင်း ၇၁၄ ရက်

နင်နဲ့ စတွေ့ ခဲ့တဲ့ အချိန်လေးကို ပြန်ရောက်တော့မယ်... ဒါပေမယ့် အရင်ကလို ပျော်ရွှင်မှုတွေကို ပြန်လည်တမ်းတ လို့ မရတော့ဘူးလေ.....နင်နဲ့ ငါ အရမ်းကို ကွာဝေးစေခဲ့ပြီလေ ကံတရားဆိုတာကြီးက ကံကိုပဲ အပြစ်မပြောပါဘူး ငါတို့ နှစ်ယောက်ကိုက မထားသင့်တဲ့ ပြိုင်ဆိုင်မှုတွေကို ထားခဲ့တာကို ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုငါ အသက်လောက်ကို ချစ်ခဲ့တာပဲလေ ပိုပြောတယ်လို့  ဆိုရင်လည်း ငါနင့်ကို ပြန်လည်ငြင်းဆန် နေမှာမဟုတ်ဘူးနော်၊............

ငါဘယ်လောက်ချစ်ခဲ့တယ် ဆိုတာကို နင် ကငါ့ထက်ပိုပြီး သိမယ်ထင်တယ် ငါနင့်ကို
အခုချိန်မှာ ဘယ်လောက်ပဲ ချစ်ပါတယ် လို့ ပဲပြောပြော အရာရာက နောက်ကျနေခဲ့ပြီလေ ငါ နင့်ကို ချစ်တယ်ဆိုတာကတော့ ငါ့ကိုငါ ယုံမှားဖွယ် မရှိတာတော့ ငါသိတယ်...ထားလိုက်ပါတော့လေ..........
ရက်ပေါင်း ၇၁၄ ရက်အတွင်းမှာ ငါတို့ တွေ မထင်မှတ်တဲ့ ကိစ္စတွေ ပြဿနာတွေ အလွမ်းတွေ အဆွေးတွေနဲ့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လေ ...

နင်ပျော်ရွှင်ပါစေ လို့ ငါအမြဲတမ်း ဆုတောင်းနေမှာပါ ...ငါ နင့်ကို ဘယ်တော့မှ မမုန်းပါဘူး စိတ်သဘောထာခြင်း မတိုက်ဆိုင်လို့ သာ ငါတို့ တွေ ဝေးခဲ့ရတာပါ ငါ့ရင်ထဲမှာ နင့်အတွက် အမုန်းဆိုတာကို ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ပါဘူး ....ငါ နင်နဲ့ စတွေ့ တည်းက အချစ်တွေ နဲ့ စပြီး အချစ်တွေနဲ့ အဆုံးသတ်ချင်တယ် လို့ ပြောခဲ့တယ်နော်...ဘာတွေပဲ ဖြစ်ဖြစ်ငါနင့်ကို ချစ်ခဲ့ပါတယ်။.........ငါနင့်ကိုမေ့ဖို့ ဆိုတာ လည်း မဖြစ်နိုင်သေးလို့  ငါ့ကိုသတိရ ခွင့်လေးတော့ ပေးကွာ၊ ဒဏ်ရာဆိုတာ ပျောက်သွားမယ် ဆိုရင်တောင် အမာရွတ်လေးတော့ ထင်ကျန်နေခဲ့တယ်လေ...ငါရလိုက်တဲ့ ဒဏ်ရာက ရင်ထဲမှာပါ........
မိုးပြေး(၁၀.၁၀.၂၀၀၈)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:06:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သူငယ်ချင်း ဂျပန်မလေး (megumi) အတွက်....

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:01:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

မင်္ဂလာပါခင်ဗျာ...

မင်္ဂလာပါခင်ဗျာ.........
ကျွန်တော့်ရဲ့ ဒီခံစားမှုများဖြစ်တည်ရာ ဘလော့ စတင်တာ(၁)လ ပြည့်ပါပြီခင်ဗျာ......
အရင်ကတော့ နာမည်တစ်မျိုးနဲ့ ရေးပါတယ်၊နှစ်ယောက်ပဲ သိတယ်ဆိုပါတော့.....
ကျွန်တော်ရဲ့ ခံစားမှုများဖြစ်တည်ရာ ဘလော့ကို လာရောက်လည်ပတ်ကြတဲ့
Blogger ညီအစ်ကို၊မောင်နှမများ...Blogger မဟုတ်ဘဲ လာရောက်လည်ပတ်ကြတဲ့
့ညီအစ်ကို၊မောင်နှမ ၊မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ၊ကျွန်တော့်ချစ်သူ
လေးလည်းပါတယ်နော် ... :)

ကျွန်တော်ဘလော့လေးကို ဝေဖန် Comments လေးတွေရေးတာကိုလည်း လှိုက်လှဲစွာ
ကြိုဆိုပါတယ်ခင်ဗျာ.....CBox မှာလည်း လာရောက်လည်ပတ်တဲ့ အကြောင်း၊နှုတ်ဆတ်
ကြတဲ့ အတွက်လည်း ၀မ်းသာမိပါတယ်ခင်ဗျာ၊လာရောက်လည်ပတ်ရင်းနဲ့ လည်းဝေဖန်၊
အကြံပေး၊Comments လေးတွေရေးခဲ့ပေးပါဦးခင်ဗျာ......

ကျွန်တော်လည်း ဒီလထဲမှာ စာမေးပွဲရှိလို့  Post တင်တာကျဲပါဦးမယ်၊စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး.....ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းဆန္ဒပြုပါတယ်ခင်ဗျာ..

မိုးပြေး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:21:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »