Showing posts with label my thinking. Show all posts
Showing posts with label my thinking. Show all posts

ချစ်သူသိပါစေ

မြက်ရိုင်းပန်းသည်
မြေကြီးနှင့် နီးစပ်သကဲ့သို့ 
သူသည်
ုင့ါနှလုံးသားထံ နီးကပ်၏ ။

သူကိုချစ်သော
ငါ့အချစ်သည်
မိုးနှောင်းရေဖြင့်
တည်ငြိမ်စွာ စီးဆင်းလေသော
မြစ်ရေအလျဉ်နှယ်

ပြည့်ဝခြင်းရှိရာ စီးဝင်လေသော
ငါ့သဘာဝပင်ဖြစ်၏

ရေစီးသံနှင့် လှိုင်းသံပေါင်းကာ
တေးသီကြသော်လည်း
ချောင်းရိုး၏ တေးညည်းသံကား
တစ်သံတည်း......။

ထို့ အတူပင်
ငါ၏ တေးသီချင်းတို့ သည်လည်း
အချစ်တေးအဖြစ်
တစ်ပုဒ်တည်းသာ ဖြစ်ရလေသည်။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:28:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကျွန်တော်နဲ့ သူ

ကျွန်တော်နှင့်ဝေးသောနေရာမှာ
အေးချမ်းနှစ်ခြိုက်စွာ အိပ်ပျော်နေမည်ဖြစ်သော
ချစ်သူပုံရိပ်လေးကို တွေးကြည့်ရုံမျှဖြင့် ရင်တစ်ခုလုံးနွေးထွေးသွားသည်။
ကျွန်တော် သူ့ကိုလွမ်းလိုက်တာ .. ။
အမှတ်တရပေါင်းများစွာ ၊ ကြည်နူးမှုပေါင်းများစွာဖြင့် အသက်ဝင်ခဲ့သော
ရင်ထဲကမှတ်တမ်းနေ့စွဲလေးကို သူ မမေ့ဘူးဆိုတာ ကျွန်တော် စိတ်ထဲယုံကြည်သည် .. ။
ကျွန်တော်ကတော့ သတိရ တမ်းတနေရင်း
အရမ်းကို အထီးကျန်တဲ့ ညကို ရင်ဆိုင်နေခဲ့ရတယ်.........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:55:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »