Showing posts with label Window Vista. Show all posts
Showing posts with label Window Vista. Show all posts

Windows Vista Snapshot (Free Screen Capture Tool)

Windows Vista မှာပါတဲ့ Screen Capture Tool လေးဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီ Tool လေးကို သတိမထား မိခဲ့ပါဘူး၊ ကျွန်တော် ပိုစ့်တင်လို့ Screen Capture လုပ်မယ်ဆိုရင် Fast Stone Screen Capture Tool ကိုသုံးပါတယ် ၊ Windows ကနေ Capture ကို Paint ကနေတဆင့်လုပ်ပါတယ်။ အဆင်မပြေပါဘူး Fast Stone Screen Capture Tool က ရက်၃၀ ဘဲရတာလေ Serial Key လည်းမရှာချင်တော့ဘူး။ အခု Snipping tool လေးက Windows Vista မှာပါတဲ့ Tool ဖြစ်တဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ Start > Seach box မှာ Snip လို့ ရိုက်လိုက်ရင် Snipping tool ကိုတွေ့ ရမှာဖြစ်ပါတယ်။ သိပြီးတဲ့သူတွေ အတွက်ကတော့ Sorry ပါဗျာ။ ကျွန်တော့်လို သတိမထားခဲ့မှာ ဆိုးလို့ ပါ။

အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/01/2009 05:52:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Hide File Names in Windows Vista

ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် Folder တစ်ခုကို file names မပေါ်စေချင်ရင်တော့ ...အရင်ဆုံး Folder ကိုဖွင့်လိုက်ပါ။ ပြီးရင် Shift Key ကိုနှိပ်ထားပါ Views Tab ကို file names ပျောက်သွားတဲ့ အထိနှိပ်ပေးပါ။ file names ပျောက်သွားပါလိမ့်မယ်။ file names ပြန်ပေါ်စေချင်ရင်တော့ Shift Key ကိုနှိပ် Views ကို file names ပေါ်တဲ့အထိ ပြန်နှိပ်ပေးရင် ပြန်ပေါ်လာပါလိမ့်မယ်။
Before
After

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/31/2009 01:40:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Delicious Wallpapers For Windows Vista



Wallpapers လေးတွေ လှလို့ ဗျို့ တင်ပေးလိုက်တာ။ စတိုင်လေးတွေက မိုက်တယ်လေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/30/2009 05:01:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Vista Visual Master


Windows Vista ကိုအသုံးပြုနေတဲ့ သူတွေအတွက် အသုံးဝင်စေမယ် Software လေးဖြစ်ပါတယ်။ Vista Visual Master ဆိုတာပါပဲ။ Vista Visual Master မှာဘာတွေပါဝင်လည်း ဘာတွေကို ပြောင်းလဲပေးနိုင်လည်းကို ကျွန်တော် အသုံးပြုတက်သလောက် အောက်မှာဖော်ပြပေးထားပါတယ် ခင်ဗျာ။
အရင်ဆုံး ကျွန်တော်တို့ အသုံးပြုနေတဲ့ System Icon တွေကို ပြောင်းလည်းပေးနိုင်ပါတယ်။

File Type Icon တွေကိုလည်း ပြောင်းပေးနိုင်ပါတယ်။

Logon Picture ကို Control Panel ကိုမသွားပဲ ပြောင်းပေးနိုင်ပါတယ်။

နောက်ထပ် OEM Information ,Boot Screen ,Theme Patch တွေကိုလည်း ပြောင်းလည်းနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/30/2009 02:25:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Easily Re-Size Photos in Windows Vista or XP

ကိုယ့်မှာရှိတဲ့ ဓာတ်ပုံလေးတွေကို Re-Size လုပ်ချင်တဲ့ သူတွေ အတွက်ပါ။ အလွယ်ကူဆုံးလို့ ပြောရမှာပါ။ ကိုယ်ပြောင်းချင်တဲ့ Size ကို အချိန်ခဏ အတွင်းမှာ ပြောင်းလဲပေးနိုင်မဲ့ Software လေးတွေကို မျှဝေပေးတာပါ ခင်ဗျာ။ အရင်ဆုံး Image Resizer PowerToy ဆိုတာလေးရဲ့ ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။ Image Resizer PowerToy ကို ဒီမှာ Download ယူပါ။

နောက်ထပ်တစ်မျိုးကတော့ VSO Image Resizer ဖြစ်ပါတယ်။ Download အောက်ကပုံလေးတွေ ကတော့ VSO Image Resizer ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။

Windows Live Photo Gallery ပါ Microsoft ကနေ Free ပေးထားတဲ့ Software ပေါ့။ Download 

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/14/2009 02:18:00 PMရေးသားသူ မိုးပြေး အညွှန်း , , | 0 အကြံပြုချက်များ »

Add Control Panel to the Desktop Right-Click Menu in Vista

Control Panel ကို Window Vista မှာရှိတဲ့ Desktop Right-Click Menu မှာ ထည့်တာလေးပါ။ အလွယ်တကူနဲ့ Control Panel ကိုအသုံးပြုနိုင်စေမှာပါ။ Control Panel ကို Start Menu ကတဆင့် ၊ဒါမှမဟုတ် Window Key + R ကိုနှိပ်ပြီး control ဆိုရင်လည်း Control Panel ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Desktop Right-Click Menu မှာထည့်ထားတော့ ကျွန်တော့်အမြင်တော့ အဆင်ပြေပါတယ်။Registry ကနေတဆင့် Control Panel ကို ထည့်မှာဖြစ်ပါတယ်။ အရင်ဆုံး Window Key + R ကိုနှိပ်ပြီး regedit ဆိုတာကိုရေးပါ ၊ Registry Editor ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Registry Editor ကိုရောက်ပြီဆိုရင် အောက်ကအဆင့်လေးတွေ အတိုင်းသွားလိုက်ပါ.....
HKEY_CLASSES_ROOT> Directory> Background> shell ကိုရောက်ရင် အောက်မှာပြထားတဲ့ အတိုင်း shell ကို Right Click> New ကတဆင့် Key ဆိုတာကိုရွေးပါ command လို့ နာမည်ပေးလိုက်ပါ။




command key ကို Click ပေးလိုက်ပြီး ညာဘက်အခြမ်းမှာ (Default) ဆိုတာကို တွေ့ ပါလိမ့်မယ်။တွေ့ ရင် Right Click > Modify လုပ်ပါ Data value ကို rundll32.exe shell32.dll,Control_RunDLL ဆိုပြီးထည့်ပေးပါ။

ပြီးရင် Registry Editor ကိုပိတ်လိုက်ပြီး Restart ပေးလိုက်ပါ။ Desktop Right-Click Menu မှာ Control Panel ကိုတွေ့ ရပါလိမ့်မယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/10/2009 11:42:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Customize Your Windows Vista Logon Screen

ကျွန်တော်တို့  ကွန်ပျူတာကို စပြီးဖွင့်တဲ့ အခါမှာ မျက်စိပသာဒ ဖြစ်စေတဲ့ Window Login Screen ကိုပြောင်းလဲပေး တာလေးကို ကျွန်တော် မျှဝေချင်ပါတယ်။ Window ကသတ်မှတ်ပေးလိုက်တဲ့ Logon Screen ကိုမကြိုက်ဘူးလား ရိုးနေပြီဆိုရင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အစားထိုးမလား ၊ ကိုယ့်ချစ်သူပုံလေးကို Logon Screen မှာထားချင်လား ? အဆင်ပြေစေမှာ ဖြစ်ပါတယ်။ လွယ်ကူပြီး ရိုးရှင်းစွာ အစားထိုးနိုင်ပါတယ်။ အရင်ဆုံး Windows Vista Logon Screen ဆိုတာလေးကို DOWNLOAD ယူလိုက်ပါ။ DOWNLOAD ပြီးပြီဆိုရင်........
Install လုပ်လိုက်ပါ ။ အောက်က ပုံစံလေးအတိုင်း တွေ့ ရပါလိမ့်မယ်။


ကိုယ်နှစ်သက်တဲ့ ပုံတွေကိုတော့ Creat ကတဆင့် ယူလိုက်ပါ။

Browse ကနေကိုယ် ကြိုက်တဲ့ ပုံလေးကို ယူပြီး Save လိုက်မယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့ ပုံလေးက Windows Vista Logon Screen မှာရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာပုံလေးတွေနဲ့ ပျော်ရွှင်ပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/10/2009 07:00:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Window Vista မှာCD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) နှင့် Eject လုပ်ခြင်း

Window Vista မှာ ကျွန်တော်တို့ CD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့  Eject လုပ်ကြည့်ရအောင်။ အရှင်းဆုံကတော့ Eject ဆိုတဲ့ ခလုတ်ကို မနှိပ်ရတော့ ဘူးပေါ့ဗျာ။ Shortcut လေးကို Desktop ပေါ်မှာတင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်တာပေါ့ဗျာ။ ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့ လည်း အဆင်ပြေသလို အသုံးပြုနိုင်မှာပါ။ အရင်ဆုံး Eject CD ဆိုတာကို Download လုပ်လိုက်ပါ။ Download ပြီးတာနဲ့  ejectcd.exe ဖိုင်လေးကို Right Click ထောက်ပြီး Send to ကနေပြီးတော့ Desktop (Create Shortcut) ဆိုတာကို Click ပေးလိုက်ပါ။ ဒါဆိုရင်တော့ Shortcut လေးကို နှိပ်ပြီ့း CD or DVD Drive တွေကို Eject လုပ်နိုင်ပါပြီ။ Shortcut ကို မကြိုက်ရင်တော့ Change Icon ကတဆင့် ကြိုက်တဲ့ Icon ပုံစံနဲ့ ထားလို့ ရပါတယ်။


နောက်တစ်ခုကတော့ Shortcut နဲ့ မသုံးချင်ဘူး Keyboard (Hot Key) နဲ့ Eject လုပ်မယ်ဆိုရင်လည်း ejectcd.exe Shortcut ကို Right Click ထောက်ပြီးတော့ Shortcut Tab အောက်မှာ Shortcut key ဆိုတာကို တွေ့ ပါလိမ့်မယ် ၊ဘေးက အကွက်မှာ ကိုယ်သုံးချင်တဲ့ အက္ခရာကို Ctrl နှိပ်ပြီးရွေးပေးပါ။ ဥပမာ -Ctrl+Alt +Q ဆိုတာကို ထားမယ်ဆိုရင် Ctrl နဲ့ Q လေးကို တွဲနှိပ်ပေးလိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/07/2009 01:51:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Add Defragment to the Right-Click Menu for a Drive

ကျွန်တော်တို့  ကွန်ပျူတာမှာရှိတဲ့ Drive တွေကို Defragment လုပ်မယ်ဆိုရင် Right Click> Properties > Tools > Defragment ဆိုပြီးအဆင့်ဆင့် သွားနေရတာပါ၊ ဒါကို Drive ကို Right-Click ပေးလိုက်တာနဲ့ Right-Click Menu မှာ Defragment ဆိုတာကို တစ်ခါတည်း ထည့်ထားလို့ ရပါတယ်။ Registry ကနေပြင်တာ ဖြစ်ပါတယ်။ HKEY_CLASSES_ROOT\Drive\shell ကနေ အဆင့်ဆင့် ပြင်ပေးရမှာပါ.. အချိန်ကုန်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Registry File လေးကို Download ယူပြီး Double Click ပေးလိုက်တာနဲ့ Right-Click Menu မှာ Defragment ဆိုတာကို ထည့်သွင်းပြီးသား ဖြစ်ပါလိမ့်မယ်...


Registry File ကို ဒီမှာ Download ယူပါခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/06/2009 12:14:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Change the border padding for windows in Vista Aero

Window Vista မှာ တစ်ချို့ ကတော့ border padding ကို ကြီးတာကြိုက်လို တစ်ချို့ ကတော့ ပါးပါးလွှာလွှာလေးကို ကြိုက်မယ်ထင်ပါတယ်။ Window Vista မှာပေးထားတဲ့ Defult border padding က 5 ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး မျက်စိအာရုံအတွက် ကြည့်ကောင်းအောင် ပြင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့အောက်က ပုံလေးအတိုင်း border padding ရဲ့ အထူကိုတွေ့ ရမှာပါ။ border padding ကို အနီရောင်နဲ့ ပြထားပါတယ်။


border padding ကို ပြောင်းလဲချင်ရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းလုပ် ကြည့်လိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 10:36:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Window Vista ရဲ့ Power Button ကို Shutdown အဖြစ်ပြောင်းခြင်း

Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲတာတွေပါ။ အလွယ်တကူ ကို Power Button ကိုနှိပ်တာနဲ့ Shutdown ဖြစ်စေချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ Window Vista ရဲ့ Tips တွေထဲက အသုံးဝင်မယ် ဟာတွေဖြစ်ပါတယ်။ အရင်ဆုံး Power Button ကို shutdown အဖြစ်ပြောင်းတာကို အောက်က အဆင့်လေးတွေ အတိုင်းလုပ်ကြည့်နိုင်ပါတယ်။
ပထမဆုံး Control Panel ကိုဝင်လိုက်ပါ။ System Maintenance ဆိုတာကို တွေ့ ပါလိမ့်မယ်။ အဲဒီကမှ Power Options ဆိုတာကို Click လုပ်လိုက်ပါ။ Power Options က Change what the power buttons do ကို Click လုပ်ပေးပါ။ When I press the power button ဆိုတာကိုတွေ့ ရင် Drop-Down arrow မှာ Sleep, Hibernate and Shut Down ဆိုတာတွေကို တွေ့ ပါလိမ့်မယ် Shutdown ဆိုတာကို ရွေးပေးလိုက်ရင် Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။အောက်မှာ အဆင့်တွေကို Screen Shot နဲ့ ပြထားပါတယ်။



Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 12:21:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Force Vista to Shutdown Faster

မင်္ဂလာပါခင်ဗျာ....နှစ်သစ် ၂၀၀၉ မှာစတင်တဲ့ ပိုစ့်လေးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လိုတိုင်းတပြီး ရနိုင်သော၊ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါ စေကြောင်း ဆုတောင်းပါတယ် ခင်ဗျာ။
ဒီပိုစ့်လေးကတော့ Window Vista သုံးတဲ့သူတွေ အတွက် Window Shutdown လုပ်တဲ့အချိန်ကို လျှော့ချပေးနိုင်မှာပါ။ အသုံးဝင်မယ့်သူတွေ အတွက်ဖြစ်ပါတယ်။ အချိန်တန်ရင် ပိတ်သွားမှာပေါ့ ဆိုရင်တော့ သိဘူးနော်။ Window Vista ရဲ့  Registry ကိုကလိချင်ရင်တော့ အဆင်ပြေတာပေါ့ဗျာ။ Window Vista မှာပေးထားတဲ့ Shutdown ကြာချိန်ကတော့ about 20 seconds ဖြစ်ပါတယ်။ ဒီထက်ပိုပြီး Shutdown ကြာချိန်ကို မြန်စေချင်ရင်တော့ အောက်ပါအတိုင်း လုပ်ပေးနိုင်းပါတယ်။

Start> Run > regedit > HKEY_LOCAL_MACHINE> SYSTEM> CurrentControlSet001> Control ကိုရောက်ရင် ညာဘက် Panel မှာ "WaitToKillServiceTimeout"="20000" ဆိုတာကို တွေ့ ရမှာပါ။ WaitToKillServiceTimeout ဆိုတာကို Right Click နဲ့ Modify လုပ်ပေးပါ။ Value data- 20000 ဆိုတာကို ပြောင်းပေးရမှာပါ။ 20000 ဆိုတာက စက္ကန့် ၂၀ ကိုဆိုလိုတာပါ။ ကျွန်တော်တို့ က ကြာချိန်ကို ၅ စက္ကန့် ထားချင်တယ် ဆိုရင်တော့ 5000 ကိုပြောင်းပေးပါ။ ၁၀ စက္ကန့် ဆိုရင်တော့ 10000 ပေါ့ဗျာ။ ၁ စက္ကန့် တော့မထားသင့်ပါဘူး။

 
 

why not set it to zero? If you set the time too short, there is a chance that a service might not shutdown properly, and could loose data. Of particular concern would be services that write to the registry (as I mentioned above, messing up the registry can make for a very bad day!). So, keep in mind that with this change comes the benefit of a faster shutdown, but also a degree of risk should you set the time to short.

ပြီးရင်တော့ restart ပေးလိုက်ပါ Shutdown ကြာချိန်ပြောင်းလဲသွား ပါလိမ့်မယ်။ restart မပေးမချင်းကတော့ ကျွန်တော်တို့  ပြောင်းလဲထားတဲ့ Shutdown ကြာချိန်ဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/02/2009 10:19:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Speed up Flip 3D Effect in WindowsVista

 

 

Window Vista မှာပါနေတဲ့ Flid 3D Effect တွေကို လက်ရှိသုံးနေကျထက် မြန်အောင်လုပ်နိုင်သလို နှေးအောင်လည်းပြင်ဆင်နိုင်ပါတယ်။Flid 3D Effect ဆိုတာကတော့ Alt +Tab , Window Key +Tab နဲ့ တွဲပြီးနှိပ်မယ်ဆိုရင် တွေ့ ရမယ့် Window Vista ရဲ့ Effect တွေဖြစ်ပါတယ်။ကျွန်တော် Vista အတွက် Registry Post ရေးတာနည်းပါတယ်။ ရေးမယ်လို့ လုပ်မှ ကွန်ပျုတာက မရှိ၊ InterNet ကမရနဲ့ လုံးထွေးနေတာပါ။အရေးထဲ ဘလောဂ့် အဟောင်းက Password Hack ခံရလို့  ရေးထားတဲ့ Post တွေကို Recover ပြန်လုပ်နေတာနဲ့ တော်တော်စိတ်ညစ်နေတာဗျာ။အခုတော့ စာပြန်ရေးတော့မယ်။ ဘလော့အသစ်တော့ လုပ်ပြီးပြီပေါ့ဗျာ ၊အရင်က peacefulforever.com ဆိုတော့ အခု အသစ်ပြန်လုပ်တော့ .net နဲ့ Domain ပြန်ယူထားတယ်၊မရသေးဘူးဗျာ ၃ရက်စောင့်ရဦးမယ်လေ။ Happy New Year အမှီတော့ Domain အသစ် ၊Template အထိုင်ကျမယ်ထင်တယ်ဗျာ။
လေရှည်နေတာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အသိတွေအားလုံးက အရင်ဘလော့ကိုပဲ သိကြတာလေ ။ Flid 3D Effect အတွက်Registry ကိုစပြီး ပြင်ကြည့်ရအောင်ရအောင်။

အရင်ဆုံး Start > Run > regedit >Ok ပေးလိုက်ပါ။ HKEY_CURRENT_USER>>Software>>Microsoft>>Windows>>DWM ကိုရောက်ရင်
ညာဘက် Panel မှာ R_Click >New > DWORD (32-Bit) ဒါမှမဟုတ် (64-Bit) ကိုယူလိုက်ပါ။ Name ကိုတော့ speedup3DWindows လို့ ပေးပြီး၊
Value Data ကိုတော့ 4 to 9 ကြားထဲက ကြိုက်သလို ထည့်ပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အမြန်ကို မှုတည်ပြီး ထည့်ပေးပါ။ စက်ကို Restart ပေးလိုက်ပါ။
 
 

အရင်သုံးနေကြထက် ပိုပြီးမြန်ဆန်လာခြင်း၊ပိုပြီးနှေးသွားတယ် ဆိုတာတွေကို တွေ့ ရမှာပါ။ ကိုယ်ထည့်တဲ့ Value Data ပေါ်မှုတည်ပါလိမ့်မယ်။
DWORD (32-Bit) ဒါမှမဟုတ် (64-Bit)  ဆိုတာကိုတော့ ဂရုစိုက်ပေးပါ။ကိုယ်စက်က 32 ဆိုရင် 32 ,64 ဆိုရင် 64 ရွေးပေးပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:15:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Window Vista Performance Analysis Tools Book


Window Vista နဲ့ ပတ်သတ်တဲ့ အသုံးဝင်မယ် အချက်အလက်လေးတွေကို ဖော်ပြပေးထားတဲ့ စာအုပ်လေးပါ။ စာမျက်နှာကတော့ မများပါဘူး၊ ဒါပေမယ့် သိသင့်တယ်ဆိုတာတွေကို ဒီစာအုပ်ထဲမှာပါရင် OK ပြီပေါ့ဗျာ။ Microsoft ကထုတ်တာဖြစ်ပါတယ်။ Window Vista ကိုအသုံးပြုနေတဲ့ သူတွေ အတွက်တော့ အဆင်ပြေစေမှာပါ...စာအုပ်လေးကို လိုအပ်တယ်ဆိုရင် ဒီမှာ DOWNLOAD လုပ်ယူနိုင်ပါတယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 11:35:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Window Vista Cleaner

Window Vista အတွက် Registy Cleaner လေးပါ။ အသုံးဝင်မယ် ထင်ပါတယ်။ Free Version ဖြစ်တဲ့အတွက် မိမိနှစ်သက်သလောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူပါတယ်။ Registry ကို ဘာလို့ ဒီလိုလုပ်တယ်ဆိုတာကို အရင်ပိုစ့်တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကျွန့် တော့်အရင်ရေးပြီး သွားပြီးဖြစ်ပါတယ် ခင်ဗျာ။ အသုံးပြုချင်တဲ့ သူတွေအတွက် တင်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော် အရင်သုံးပြီးသွားပါပြီ Window ကောင်းစွာ အလုပ်လုပ်ပါတယ်။ မကောင်းရင် ကျွန်တော် ဒီပိုစ့်ကိုရေးဖို့  Computer မရှိတော့မှာ ဖြစ်ပါတယ်။Smile

ဆော့ဝဲလေးကိုတော့ အောက်မှာ ယူနိုင်ပါတယ်။

http://www.free-windows-registry-cleaner.com/free_windows_registry_cleaner.html

WHY DO YOU NEED A REGISTRY CLEANER FOR WINDOWS?
* When the registry problems in a Windows Vista-based PC keeps on rising, the time to boot the system considerable increases and this situation sometimes doesn’t even support the best of hardware configurations.
* Erroneous registry can affect the most basic commands making them respond very slowly.
* If there are registry errors, you may find files, which were up to the mark a few days back, either not performing at all or behaving erratically. This, many a times, leads to unexpected crashing problems in your system.
* Registry problems can also sometimes make you lose control over your system. In such cases you have to take the help of a registry cleaner for recovery.
* The registry problems also affect Web-browsing as they hamper the Web-browser to get the desired system response.
* Registry problems also many times leads to unexpected closing of various software applications running in your system, as the applications start responding to your commands very slowly or stop responding at all.
However, there remains the question that how Windows Registry becomes erroneous. The primary reason for the errors in Windows Registry is the continuous use of it, which subsequently makes the growth of the registry uncontrollable and thereby slows down your system. Windows Registry also changes whenever you install new software in your system, uninstall existing software, create a new user or use the chat programs for communication. Thus, Windows Registry can encounter problems due to various incorrect entries, unused keys, adware or spyware keys, or inconsistent growth of the size of the registry. These problems affect the performance of your system and to recover from it you need a registry cleaner for the Windows.

အပေါ်က ရေးထားတာတွေကတော့ ကူးချထားခြင်းဖြစ်ပါတယ်။ Laughing

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 12:44:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »