Showing posts with label Computer. Show all posts
Showing posts with label Computer. Show all posts

Windows Vista Snapshot (Free Screen Capture Tool)

Windows Vista မှာပါတဲ့ Screen Capture Tool လေးဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီ Tool လေးကို သတိမထား မိခဲ့ပါဘူး၊ ကျွန်တော် ပိုစ့်တင်လို့ Screen Capture လုပ်မယ်ဆိုရင် Fast Stone Screen Capture Tool ကိုသုံးပါတယ် ၊ Windows ကနေ Capture ကို Paint ကနေတဆင့်လုပ်ပါတယ်။ အဆင်မပြေပါဘူး Fast Stone Screen Capture Tool က ရက်၃၀ ဘဲရတာလေ Serial Key လည်းမရှာချင်တော့ဘူး။ အခု Snipping tool လေးက Windows Vista မှာပါတဲ့ Tool ဖြစ်တဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ Start > Seach box မှာ Snip လို့ ရိုက်လိုက်ရင် Snipping tool ကိုတွေ့ ရမှာဖြစ်ပါတယ်။ သိပြီးတဲ့သူတွေ အတွက်ကတော့ Sorry ပါဗျာ။ ကျွန်တော့်လို သတိမထားခဲ့မှာ ဆိုးလို့ ပါ။

အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/01/2009 05:52:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Hide File Names in Windows Vista

ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် Folder တစ်ခုကို file names မပေါ်စေချင်ရင်တော့ ...အရင်ဆုံး Folder ကိုဖွင့်လိုက်ပါ။ ပြီးရင် Shift Key ကိုနှိပ်ထားပါ Views Tab ကို file names ပျောက်သွားတဲ့ အထိနှိပ်ပေးပါ။ file names ပျောက်သွားပါလိမ့်မယ်။ file names ပြန်ပေါ်စေချင်ရင်တော့ Shift Key ကိုနှိပ် Views ကို file names ပေါ်တဲ့အထိ ပြန်နှိပ်ပေးရင် ပြန်ပေါ်လာပါလိမ့်မယ်။
Before
After

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/31/2009 01:40:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Free Extended Task Manager 1.0 Software


Ctrl+Alt+Del ဆိုပြီး နှိပ်လိုက်ရင် တွေ့ နေကျ ဖြစ်နေတဲ့ Task Manager လေးကို ပုံစံတစ်မျိုးနဲ့  တွေ့ ချင်တယ်ဆိုရင်၊ အရင်ပုံစံ အဟောင်းကနေ ခွဲထွက်ပြီးတော့ ပုံစံတစ်မျိုးနဲ့  တွေ့ မြင်ရမှာပါ။ လုပ်ဆောင်ချက်တွေတူပေမယ့် Extended Task Manager 1.0 ကပိုပြီးအသုံးပြုရ လွယ်ကူစေမှာပါ။ ပိုလာတာကတော့ ports နဲ့ Summary ဆိုတဲ့ tab လေးပိုလာပါတယ်။ Perfommance မှာဆိုရင် Disk I/O History ဆိုတာပိုလာပါတယ်။ ကျွန်တော်အောက်မှာ Windows မှာပါတဲ့ Task Manager နဲ့ Extended Task Manager 1.0 တို့ ရဲ့ ကွဲပြားတဲ့ အချက်တွေကို တစ်ခုချင်း Screen Shots နဲ့ ယှဉ်ပြထားပါတယ်။ Extended Task Manager 1.0 Download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/19/2009 01:42:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Easily Re-Size Photos in Windows Vista or XP

ကိုယ့်မှာရှိတဲ့ ဓာတ်ပုံလေးတွေကို Re-Size လုပ်ချင်တဲ့ သူတွေ အတွက်ပါ။ အလွယ်ကူဆုံးလို့ ပြောရမှာပါ။ ကိုယ်ပြောင်းချင်တဲ့ Size ကို အချိန်ခဏ အတွင်းမှာ ပြောင်းလဲပေးနိုင်မဲ့ Software လေးတွေကို မျှဝေပေးတာပါ ခင်ဗျာ။ အရင်ဆုံး Image Resizer PowerToy ဆိုတာလေးရဲ့ ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။ Image Resizer PowerToy ကို ဒီမှာ Download ယူပါ။

နောက်ထပ်တစ်မျိုးကတော့ VSO Image Resizer ဖြစ်ပါတယ်။ Download အောက်ကပုံလေးတွေ ကတော့ VSO Image Resizer ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို Re-Size လုပ်တဲ့အဆင့်လေးတွေပါ။

Windows Live Photo Gallery ပါ Microsoft ကနေ Free ပေးထားတဲ့ Software ပေါ့။ Download 

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/14/2009 02:18:00 PMရေးသားသူ မိုးပြေး အညွှန်း , , | 0 အကြံပြုချက်များ »

Windows Media Player မှ Full-Screen Mode အား Lock ချခြင်ရင်...

Windows Media Player ကိုဖွင့်လိုက်လို့  Full-Screen ကို Lock ချထားတဲ့ ပုံစံလေးပါ။ ဘာမှတော့ မဟုတ်ပါဘူး Windows Media Player မှာပါတဲ့ feature တစ်ခုပါပဲ ။ Windows Media Player ရဲ့  Full-Screen ကို Lock ချထားချင်တယ်ဆိုရင်တော့ အောက်က အဆင့်လေးတွေ အတိုင်း လုပ်ကြည့်နိုင်ပါတယ်။ အရင်ဆုံး Windows Media Player ရဲ့ ညာဘက်ထောင့် အစွန်မှာ full-screen mode လေးရှိပါတယ်။



full-screen mode ကို Click လုပ်လိုက်ပြီး textbox လေးထဲမှာ PIN Code ၄လုံးရိုက်ထည့်ပြီးရင် အစိမ်ရောင် အမှတ်လေးပေါ် လာပါလိမ့်မယ်၊ Click ပေးလိုက်ပါ။

ဒါဆိုရင်တော့ Windows Media Player ရဲ့ full-screen mode ကို Lock ချပြီးသား ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/12/2009 01:50:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Windows 7 Beta Download


Windows 7 Beta ကိုစမ်းပြီး အသုံးပြုချင်သူတွေ အတွက်ပါ။ ဘာပဲ ဖြစ်ဖြစ် အသစ်အဆန်းဆို တာကိုလူတိုင်းက ပြောင်းလဲခြင်မှာပါ။Windows Vista ပြီးတော့ လာပြန်ပြီ Windows 7 တဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် သုံးဘူးတာပေါ့ဗျာ။ Download အတွက်ကတော့ အောက်မှာ ယူနိုင်ပါတယ်။
Windows 7 Beta (32 bit - x86) Direct Link (English)
Windows 7 Beta (64 bit - x64) Direct Link ((English)
 Windows 7 Guide Version 1.2 ကိုပါ Download ယူလိုက်ပါဦး။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/11/2009 02:05:00 AMရေးသားသူ မိုးပြေး အညွှန်း , | 1 အကြံပြုချက်များ »

Window Vista မှာCD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) နှင့် Eject လုပ်ခြင်း

Window Vista မှာ ကျွန်တော်တို့ CD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့  Eject လုပ်ကြည့်ရအောင်။ အရှင်းဆုံကတော့ Eject ဆိုတဲ့ ခလုတ်ကို မနှိပ်ရတော့ ဘူးပေါ့ဗျာ။ Shortcut လေးကို Desktop ပေါ်မှာတင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်တာပေါ့ဗျာ။ ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့ လည်း အဆင်ပြေသလို အသုံးပြုနိုင်မှာပါ။ အရင်ဆုံး Eject CD ဆိုတာကို Download လုပ်လိုက်ပါ။ Download ပြီးတာနဲ့  ejectcd.exe ဖိုင်လေးကို Right Click ထောက်ပြီး Send to ကနေပြီးတော့ Desktop (Create Shortcut) ဆိုတာကို Click ပေးလိုက်ပါ။ ဒါဆိုရင်တော့ Shortcut လေးကို နှိပ်ပြီ့း CD or DVD Drive တွေကို Eject လုပ်နိုင်ပါပြီ။ Shortcut ကို မကြိုက်ရင်တော့ Change Icon ကတဆင့် ကြိုက်တဲ့ Icon ပုံစံနဲ့ ထားလို့ ရပါတယ်။


နောက်တစ်ခုကတော့ Shortcut နဲ့ မသုံးချင်ဘူး Keyboard (Hot Key) နဲ့ Eject လုပ်မယ်ဆိုရင်လည်း ejectcd.exe Shortcut ကို Right Click ထောက်ပြီးတော့ Shortcut Tab အောက်မှာ Shortcut key ဆိုတာကို တွေ့ ပါလိမ့်မယ် ၊ဘေးက အကွက်မှာ ကိုယ်သုံးချင်တဲ့ အက္ခရာကို Ctrl နှိပ်ပြီးရွေးပေးပါ။ ဥပမာ -Ctrl+Alt +Q ဆိုတာကို ထားမယ်ဆိုရင် Ctrl နဲ့ Q လေးကို တွဲနှိပ်ပေးလိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/07/2009 01:51:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Change the border padding for windows in Vista Aero

Window Vista မှာ တစ်ချို့ ကတော့ border padding ကို ကြီးတာကြိုက်လို တစ်ချို့ ကတော့ ပါးပါးလွှာလွှာလေးကို ကြိုက်မယ်ထင်ပါတယ်။ Window Vista မှာပေးထားတဲ့ Defult border padding က 5 ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး မျက်စိအာရုံအတွက် ကြည့်ကောင်းအောင် ပြင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့အောက်က ပုံလေးအတိုင်း border padding ရဲ့ အထူကိုတွေ့ ရမှာပါ။ border padding ကို အနီရောင်နဲ့ ပြထားပါတယ်။


border padding ကို ပြောင်းလဲချင်ရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းလုပ် ကြည့်လိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 10:36:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Window Vista ရဲ့ Power Button ကို Shutdown အဖြစ်ပြောင်းခြင်း

Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲတာတွေပါ။ အလွယ်တကူ ကို Power Button ကိုနှိပ်တာနဲ့ Shutdown ဖြစ်စေချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ Window Vista ရဲ့ Tips တွေထဲက အသုံးဝင်မယ် ဟာတွေဖြစ်ပါတယ်။ အရင်ဆုံး Power Button ကို shutdown အဖြစ်ပြောင်းတာကို အောက်က အဆင့်လေးတွေ အတိုင်းလုပ်ကြည့်နိုင်ပါတယ်။
ပထမဆုံး Control Panel ကိုဝင်လိုက်ပါ။ System Maintenance ဆိုတာကို တွေ့ ပါလိမ့်မယ်။ အဲဒီကမှ Power Options ဆိုတာကို Click လုပ်လိုက်ပါ။ Power Options က Change what the power buttons do ကို Click လုပ်ပေးပါ။ When I press the power button ဆိုတာကိုတွေ့ ရင် Drop-Down arrow မှာ Sleep, Hibernate and Shut Down ဆိုတာတွေကို တွေ့ ပါလိမ့်မယ် Shutdown ဆိုတာကို ရွေးပေးလိုက်ရင် Window Vista ရဲ့ Power Button ကို shutdown အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။အောက်မှာ အဆင့်တွေကို Screen Shot နဲ့ ပြထားပါတယ်။



Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/03/2009 12:21:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

USB Drive များတွင် FAT Format မှ NTFS Format သို့ ပြောင်းခြင်း

USB Drive တွေကို FAT ကနေ NTFS Format ကိုပြောင်းတဲ့ ပုံစံလေးပါ။ ပြောင်းရတာကလည်း ရိုးရှင်းလွယ်ကူပါတယ် ။USB Drive အများစုကတော့ FAT Format နဲ့ ဖြစ်ပါတယ်။ ဘာလို့ FAT ကသုံးလို့ ရနေတာပဲ NTFS ကိုဘာလို့ ပြောင်းမှာလည်းလို့ မေးရင် နောက်ပိုင်းမှာ ကျွန်တော်တို့  DVD ,CD Drive တွေပျက်သွားခဲ့ရင်သော် လည်ကောင်း၊ Window Vista ကို Bootable Intaller အဖြစ် အသုံးပြုချင်ရင်လည်း အသုံးပြုလို့  ရအောင်ဖြစ်ပါတယ်။ USB Drive တွေကို FAT ကနေ NTFS Format ကိုပြောင်းမယ်ဆိုရင်..




My Computer ကို Right Click > Manage ကတဆင့် Device Manager ဆိုတာကို ရွေးပေးပါ။ Device Manager ကိုရောက်ပြီဆိုရင် ကိုယ့်ရဲ့ USB Drive ကိုရှာပါ။ ကိုယ့်ရဲ့ USB Drive ကဘယ်မှာရှိလဲဆိုတော့ Disk Drives ဆိုတာရဲ့ အောက်က generic storage device USB device မှာရှာပါ။ တွေ့ ပြီဆိုရင် Right Click > Properties > Policies Tab မှာ optimize for performance နေရာမှာ Click ပေးပြီး OK ဆိုရင် အဆင်ပြေပါပြီ။ My Computer ကို ပြန်ဖွင်ပြီး ကိုယ့်ရဲ့ USB Drive ရဲ့ Format ကို Properties ကပြန်ကြည့်ရင် NTFS Format နဲ့ တွေ့ ရမှာဖြစ်ပါတယ်။


အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 10:05:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

How to cool off an Overheating Laptop

ကိုယ့်ရဲ့ Laptop ကို Overheat မတက်စေချင်ရင် အောက်မှာပြထားတဲ့ ပုံလေးတွေ အတိုင်းသုံးရင် အဆင်ပြေမယ်ပေါ့ဗျာ။

 
 


Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 01:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Increase External USB Hard Drive Speed

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ Hard Drive နည်းနေတယ်ဆိုရင် USB External Hard Drive တွေကိုအသုံးပြုကြပါတယ်။ အလွယ်တကူ ယူဆောင်လို့ လည်းအဆင်ပြေတဲ့ အတွက် အသုံးများလာတဲ့ သဘောဖြစ်ပါတယ်။ အများအားဖြင့် Laptop တွေမှာ အသုံးပြုတာကို တွေ့ ရပါတယ်။ DATA တွေကိုအများအပြား သိမ်းဆည်းထားလိုခြင်း၊ အလွယ်တကူ မည်သည့် ကွန်ပျုတာနဲ့ မဆို ချိတ်ဆက်အသုံးပြုနိုင်ခြင်းတွေက USB External Hard Drive တွေကိုအသုံးများလာစေပါတယ်။ ကိုယ့်ရဲ့ ကွန်ပျုတာမှာ USB External Hard Drive ကို ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင် USB External HardDrive ရဲ့  Speedကို တိုးမြင်ချင်တယ်၊အရင်ကထက်ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။Window Vista မှာဆိုရင်လည်း အောက်မှာ ဖော်ပြထားတဲ့အဆင့်လေးတွေ အတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။


- My Computer ကို Right Click ပေးပြီးတော့ Manage ဆိုတာကို Click ပေးလိုက်ပါ။
-Device Manager ဆိုတာကို Click လုပ်ပါ။
-Device Manager ကို Click လုပ်ပြီးရင် ကိုယ့်ရဲ့ USB External Hard Drive ကို ရှာပါ။
-ကိုယ့်ရဲ့ USB External Hard Drive ကိုတွေ့ ပြီဆိုရင် Right Click နဲ့ Properties ကိုရွေးပေးပါ။
-Properties မှာရှိတဲ့ Policies Tab လေးကို Click ပေးလိုက်ပါ။ Optimize for performance ဆိုတာကို Select လုပ်ပေးပါ။
“Enable write caching on the disk” and “Enable advanced performance” ဆိုတဲ့ အကွက်လေးတွေကိုလည်း အမှန်ပေးလိုက်ပေါ့ဗျာ။

ပြီးပြီဆိုရင်တော့ Restart ပေးလိုက်ရင် မိမိ တပ်ဆင်ထားတဲ့ USB External Hard Drive ရဲ့ လုပ်ဆောင်ချက်တွေ အရင်ကထက် ပိုမို မြန်ဆန်လာမှာပါ။
အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 12:47:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Instant Messenger Chat on LAN

ကျွန်တော်စာမရေးတာလည်း ကြာပြီလေ...ကျောင်းတက်ရတာကို အကြောင်းပြပြီး၊အပျင်းထူနေတာလေဗျာ။ကျောင်းကလည်း တက်နေရတယ်လေ။မွေးတည်းကစပြီး၊အမေက သားရယ်ကျောင်းတက်ရတာ ပျော်စရာကောင်းပါတယ် ဆိုပြီးတက်ခိုင်းနေတာ အခုအချိန်ထိပေါ့။ကျောင်းရောက်ရင်လည်း မျက်လုံးလေးက အလိုလိုကိုမှေးပြီးအိပ်ချင်လာတာ(ဆရာမရှိရင် လုံးဝကိုမအိပ်ချင်ပါ) :P ။ကျွန်တော်တို့ ဆီမှာကတော့ အင်တာနက်ကို LAN ကနေယူတယ်လေ။LAN ဆိုတာကတော့ LOCAL AREA NETWORK ပေါ့ဗျာ။ LOCAL AREA NETWORK ကိုသုံးတဲ့ နေရာတွေ တော်တော်များပါတယ်။ အဲဒီတော့ ပြောချင်တာက အင်တာနက်ဆိုတာက အစိုးမရဘူးလေဗျာ။ကောင်းချင်ရင်ကောင်း မကောင်းချင်ရင်တော့ သုံးလို့ မရဘူးပေါ့ဗျာ။ကျွန်တော်တို့ တစ်ကျောင်းတည်း သူငယ်ချင်းတွေကို တွေ့ ချင်ရင်တော့ Gtalk လေးကနေ ဟေ့ကောင် ဘာလုပ်နေလည်း လာခဲ့ဦး စသည်ဖြင့်ပေါ့ဗျာ။ အခန်းအပြင်ကို ထွက်ရမှာကို ပျင်းတာလေ။ :D အင်တာနက်ကျနေရင် တော့ဘယ်လိုလုပ်မလည်း သွားခေါ်ရမှာကလည်း ပျင်းတယ်ဆိုရင် ဖုန်းဆက်မလား မဆက်ပါ ဘူးခင်ဗျာ။ကောင်မလေးဆီ ဆိုရင်တော့ဆက်တာပေါ့ဗျာ။ :D ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ၊လွယ်ပါတယ် LAN ထဲကနေ chatting လုပ်မယ်လေဗျာ။ ဒါဆိုရင်တော့ LAN CHAT ဆိုတဲ့ Software လေးတစ်ခုတော့ ရှိဖို့ လိုအပ်ပါတယ်။ Software လေးကို Run ပြီးသုံးကြည့်လိုက်ပါဗျာ။ Run ရတာလည်းလွယ်ပါတယ်။ အဲဒီ Software လေးကို Run ပြီးတဲ့ သူတွေကို LAN ထဲမှာတွေ့ ရမှာပါ။ အောက်က ပုံစံလေး အတိုင်းပေါ်လာမှာပါ ။

Software လေးကို ဒီနေရာကနေ ရယူပါ ခင်ဗျာ။
လွယ်ကူစွာ ဆက်သွယ်နိုင်ပါစေခင်ဗျာ။ :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:00:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့

မင်္ဂလာပါဗျာ...... ကိုယ့်ရဲ့ စက်မှာ USB PORT ကို အသုံးပြုလို့ မရရင်တော့ စမ်းကြည့်လိုက်ကြပါဦးဗျာ။ကျွန်တော် စမ်းတာတော့ရပါတယ်။ အခြားနည်းလမ်းတွေ ရှိရင်ဆွေးနွေးပေးကြပါဦး ခင်ဗျာ။ start >control panel >system >device manager ကိုရောက်ရင်တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial bus controller ဆိုတာကို Right Click လုပ်ပြီးတော့ enable လုပ်လိုက်ရင် ရပြီပေါ့ ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:51:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Recycle Bin ကို Desktop ပေါ်မှာမတွေ့ ချင်ရင်

ကျွန်တော်လည်း အလုပ်မရှိ အလုပ်ရှာရင်း ကွန်ပျုတာရှေ့ တွင် ခေါင်းစဉ်
ဖော်ပြ၍ မရသော အလုပ်များဖြင့် အချိန်ကုန်နေခိုက် Recycle Bin ကိုအ
မြင်ကတ်သဖြင့် Desktop ပေါ်မှနေ၍ မောင်းထုတ်ပြစ်ရန် စဉ်းစားမိသဖြင့်
ဒီ Post လေးကိုရေးမိပါတယ် ခင်ဗျာ။သိပြီးသားသူတွေ အတွက်ကတော့၊
ခလေးအထာလေးတွေပေါ့ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပြန်လုပ်
မယ်ဆိုရင် မှတ်မိအောင်လို့ ပါ။အရင်ဆုံး Start > run ထဲမှာ gpedit.msc
ဆိုတာလေးကို ရိုက်ထည့်ပြီး OK ပေးလိုက်ရင် Gruop Policy ဆိုတာလေး
ပေါ်လာပါလိမ့်မယ်။ User Configuration > Administrative Templates
> Desktop ကိုရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Remove Recycle Bin
icon from desktop ဆိုတာကို ရှာလိုက်ပါ။တွေ့ ရင် R-Click >Properties
> Enabed ကို Click လုပ်လိုက်ပါ Apply ,Ok ပေါ့။ ပြီးရင်Gruop Policy ကို
ပိတ်လိုက်ပါ။Desktop ပေါ်မှာ Recycle Bin ကိုတွေ့ ရတော့မှာမဟုတ်တော့
ပါဘူးခင်ဗျာ။ပြန်ပေါ်စေချင်ရင်တော့ Not Configured ဆိုတာကို ပြန် Click
ပေးလိုက်ရင်ရပါပြီ ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ :) :y :D ;) :L


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:48:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Set a Video as your Desktop background Wallpaper

ကိုယ်ကြည့်နေတဲ့ ရုပ်ရှင် ၊ဗီဒီယို၊ဒါမှမဟုတ် ဗီစီဒီ ကိုကြည့်နေတဲ့
အချိန်မှာ Desktop background Wallpaper လုပ်ကြည့်ချင်တယ်ဆိုရင်
တော့ စမ်းကြည့်လို့ ရပါပြီခင်ဗျာ။ ကျွန်တော်ကတော့ အတော်ကို ကြိုက်
တယ်။ ကိုယ်ကြည်နေတဲ့ ရုပ်ရှင်ကို Desktop background Wallpaper
အဖြစ် ကြည်နေရတာကိုဗျ။ ဆန်းဆန်း သစ်သစ်လေးကြည့်လို့ ရတာပေါ့
ကျွန်တော်က သိပ်ပြီးမရှင်းပြတက်လို့ ပါ၊စမ်းကြည့်လိုက်ပါ။
အရင်ဆုံး VLC Player လေးကို Download ဒီမှာ ယူလိုက်ပါခင်ဗျာ။
ကိုယ်ကြည့်မယ့် ရုပ်ရှင် ၊ဗီဒီယို၊ဒါမှမဟုတ် ဗီစီဒီကို VLC Player လေးနဲ့ 
အရင်ဆုံး ဖွင့်လိုက်။ ကြည့်နေတဲ့ ရုပ်ရှင် ကို R-Click လုပ်ပြီး Wallpaper
ဆိုတာကို ရွေးလိုက်ပါ။ :) :L
That's it! The video will now play in your desktop background as
a wallpaper.!!!!!!!!!!
VLC Player Download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:42:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Notepad မှာစာတွေရေးပြီးရင် အလိုအလျောက် အချိန်ပေါ်စေချင်ရင်...

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို

ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:41:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Block a website in your computer

ဒီတစ်ခါတော့ဗျာ ကိုယ်မဖွင့်ချင်တဲ့ Website တွေကို ဖွင့်လို့ မရအောင်

လုပ်ကြည့်ရအောင်ဗျာ။ကိုယ့်ရဲ့ ကွန်ပျုတာကနေ ဘယ် Website ကို

ပိတ်ထားချင်တယ် ၊ရပါတယ်ခင်ဗျာ ။Gtalk စကားနဲ့ ပြောရရင် Block

ထားတာပေါ့ဗျာ။ :P ပြန်ဖွင့်လို့ လဲရပါတယ် ခင်ဗျာ။ မိဘတွေကကိုယ့်

ရဲ့ သားသမီးတွေကို ဒီ Website ကမကောင်းဘူး၊ မကြည့်စေချင်ရင်

တော့ ပိတ်တားလိုက်ပေါ့ဗျာ။ :) လျှာရှည်နေတာနဲ့ လိုရင်းကိုမရောက်

တော့ဘူး၊လုပ်ကြည့်လိုက်ရအောင် ခင်ဗျာ။

လွယ်ပါတယ်ခင်ဗျာ....

C:\windows\system32\drivers\etc ဆိုတာထိကို သွားလိုက်ပါခင်ဗျာ၊

etc ဆိုတဲ့ folder ထဲမှာရှိတဲ့ hosts ဆိုတဲ့ file လေးကို Notepad နဲ့ ဖွင့်
လိုက်ပါ ခင်ဗျာ။
127.0.0.1 localhost ဆိုတဲ့ စာကြောင်းလေးကို တွေ့ ရပါလိမ့်မယ်။

တွေ့ ပြီဆိုရင် အဲဒီအောက်ကနေ 127.0.0.2 www.silver.com localhost

ဆိုတာလေးကို ကူးထည့်လိုက်ပါ။ silver ဆိုတဲ့နေရာမှာက ကိုယ်ပိတ်ချင်တဲ့

Website နာမည်လေးကို အစားတိုးပေးပါ ခင်ဗျာ။ Notepad လေးကို save

လိုက်ပါခင်ဗျာ။ restart ပေးလိုက်ပါ ။Windows တက်လာတာနဲ့ ကိုယ်မဖွင့်

ချင်တဲ့ Website လေးကို အခုလို တွေ့ ရပါမယ် ခင်ဗျာ။

ပြန်ဖွင့်ချင်တယ် တိုရင်တော့ ကျွန်တော်တို့ ကူးထည့်ထားတဲ့ စာကြောင်း

လေးကို ပြန်ဖျက်၊ file ကို Save ၊restart ပေးလိုက်ရင် ပြန်ပွင့်သွားပါလိမ့်

မယ်ခင်ဗျာ။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:14:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

How to find your IP Address?

ကိုယ့်ရဲ့ IP ADDRESS ကို အလွယ်တကူ ရှာတာလေးပါ။
သိပြီးတဲ့သူတွေအတွက်ကတော့ အတော်ကို လွယ်ပါတယ်။
ကျွန်တော် အရင်ကြုံဖူးတာပါခင်ဗျာ။ မင်းရဲ့IP ADDRESS
ကဘာလဲလို့ မေးတော့ ကျွန်တော် ယောင်ယောင်ဝါးဝါးနဲ့ ၊
ဘာပြောလို့ ပြောရမယ်ကို မသိဘူး။ ကိုယ့်စက်ရဲ့ IP ကို
ဘယ်နားက ဘယ်လိုရှာရမယ် မသိဘူးဗျာ။ ကျွန်တော့်လို
ယောင်ယောင်ဝါးဝါး မဖြစ်ရအောင်ပါခင်ဗျာ။သိပြီးတဲ့သူ ၊
တွေကတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ ခင်ဗျာ။
လွယ်လွယ်လေးပါခင်ဗျာ။

START > Run ထဲမှာ cmd လို့ ရိုက်လိုက်ပါ။ cmd ထဲမှာ
ipconfig /all ဆိုတာလေးကို ရိုက်ထည့်လိုက်ရုံပါ ခင်ဗျာ။
ဒါဆိုရင်တော့ ကိုယ့်စက်ရဲ့ IP ကိုတွေ့ ရပါမယ် ခင်ဗျာ။ ။
You will see your IP Address :) :) :)

>

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:06:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Remove MSN Messenger from the Windows XP

Window XP ကနေပြီးတော့ MSN Messenger ကိုမလိုချင်တော့ဘူး၊
ဖြုတ်ပစ်ချင်တယ်ဆိုရင်တော့ အလုပ်မရှုပ်ပါဘူးခင်ဗျာ။အောက်ကအ
ဆင့်လေးအတိုင်း အလွယ်တကူ ဖြုတ်ပစ်လို့ ရပါတယ် ခင်ဗျာ။MSN
Messenger က Window ကနေတခါတည်းပါလာပြီးသား Messenger
ပါ။Control panel မှာရှိတဲ့ Add and Remove Program ကနေဖြုတ်ရင်
မရပါဘူးခင်ဗျာ။ကျွန်တော်လုပ်ကြည့်လို့ မရတာကိုပြောတာပါခင်ဗျာ ။



Start ကနေ Run ကိုသွားပြီးတော့ အောက်မှာရေးထားတဲ့Codeလေးကို
Copy ကူးပြီးထည့်လိုက်ပါ။ ပြီးရင် OK ပေါ့ ။

rundll32 setupapi,InstallHinfSection BLC.Remove 128 %SystemRoot
%\INF\msmsgs.inf

ဒါဆိုရင်တော့ MSN Messenger ကို အလိုလျှောက် ဖယ်ရှားပေးသွားမှာ
ဖြစ်ပါတယ်။အဆင်ပြေချောမွေ့ ပါစေခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:05:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »