Showing posts with label Microsoft Office. Show all posts
Showing posts with label Microsoft Office. Show all posts

Microsoft Office 2007 မှ PDF Format သို့ ပြောင်းခြင်း

ကျွန်တော်တို့ Microsoft Office 2007 ကို အသုံးပြုပြီး Word ,Excel,Power Point အစရှိတဲ့ Microsoft Office 2007 မှာပါဝင်တဲ့ အရာအားလုံးကို PDF Format အဖြစ်ပြောင်းလဲ ချင်တယ်ဆိုရင်တော့ ဒီပိုစ့်လေးက အထောက်ကူ ဖြစ်စေမှာပါ။ အဲလိုပြောင်းချင်တယ်ဆိုရင် အရင်ဆုံး Microsoft Save As PDF Add-In ဆိုတာကို အရင်ဆုံး Download လုပ်လိုက်ပါ။ အောက်ကပုံတွေ ကတော့ Microsoft Save As PDF Add-In ကို Install မလုပ်ခင်နဲ့ လုပ်ပြီးပြောင်းလဲသွားတဲ့ ပုံစံတွေ၊ပြီးတော့ Install လုပ်ပုံ အဆင့်ဆင့်တွေ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ Microsoft Office 2007 မှ PDF Format သို့ ပြောင်းလဲပေးနိုင်မှာပါ။

Install လုပ်ပုံ အဆင့်ဆင့်တွေ ဖြစ်ပါတယ်။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/14/2009 04:04:00 PMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

Microsoft Office ကို Password နဲ့ သိမ်းမယ်.....

အခုကျွန်တော်ပြောပြမယ့် အကြောင်းအရာကို သိပြီးတဲ့
သူတွေ ရှိပါလိမ့်မယ် ခင်ဗျာ၊ကျွန်တော်က သိပြီးနေရင်
လည်း ပြန်မှတ်မိစေချင်လို့ ပါ ခင်ဗျာ။ကျွန်တော်ကတော့
အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ပါခင်ဗျာ။
MICROSOFT OFFICE မှာကိုယ်က Word နဲ့ စာတွေရေး
မလား ၊ Excel နဲ့ စာရင်းဇယားတွေ လုပ်မလား ၊Power
Point နဲ့ Presentation တွေလုပ်မလား၊Microsoft Office
မှာ ကိုယ်လုပ်တဲ့ အကြောင်းအရာလေးတွေကို Password
နဲ့ သိမ်းတဲ့ အကြောင်းလေးပါ ခင်ဗျာ။ကိုယ်ပိုင်ကွန်ပျုတာ
ဆိုရင်လည်း ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာ တွေကိုသိမ်းထား
လို့ ရတာပေါ့၊ အများနဲ့ အသုံးပြုရတဲ့ ကွန်ပျုတာတွေမှာဆို
ပိုပြီး လိုအပ်မယ်ထင်ပါတယ်။လွယ်ကူပါတယ်ခင်ဗျာ။

ဥပမာ Microsoft Word နဲ့ စာတစ်မျက်နှာရေးပြီးတော့သိမ်း
မယ်ဆိုပါတော့ Tools > Options > Security > Password
to Open ဆိုတာရဲ့ ဘေးက အကွက်ထဲမှာ ကိုယ်ပေးချင်တဲ့
Password ကိုပေးလိုက်ပြီး OK ဆိုရင်တော့ နောက်တစ်ခါပြန်
ဖွင့်ချင်တယ်ဆိုရင် ကိုယ်ပေးထားတဲ့ Password နဲ့ မှ ပြန်ဖွင့်
လို့ ရပါတော့မယ်။

ဒီထက်ပိုပြီး လုံခြုံချင်တယ် ဆိုရင်တော့
Macro Security ဆိုတာရှိပါတယ်ခင်ဗျာ Low,Medium,Hight
Very hight ဆိုတဲ့ နေရာလေးမှာ ကိုယ်ထားချင်တဲ့ လုံခြုံမှုအဆင့်
အတန်းနဲ့ သိမ်းလို့ လည်းရပါတယ်ခင်ဗျာ။

ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:52:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »