Showing posts with label My feeling. Show all posts
Showing posts with label My feeling. Show all posts

Happy Valentine's Day ( ချစ်သူများနေ့ )



ချစ်သူများနေ့ တဲ့ဗျာ...... ရောက်လာပြန်ပြီ။ ချစ်သူများနေ့ ဆိုတာကို အမိမြေရဲ့ အဝေးတစ်နေရာကနေ တမ်းတနေတာ အခုဆို တော်တော်ကြာပြီပဲလေ...... ဘာရယ်လို့ လည်းမဟုတ်ပါဘူး သတိရစရာ အမှတ်ရစရာလေးတွေ ရှိရင် တမ်းတတက်တာ လူ့ သဘာဝပဲလေ... လူတိုင်း လူတိုင်း ခံစားချက်ကိုယ်ဆီနဲ့ ဘ၀တစ်ခု ကိုကျော်ဖြတ်နေတာလေ၊ ကျော်ဖြတ်တဲ့ပုံစံကတော့ တူချင်မှ တူပါလိမ့်မယ်လေ။ ဒီလိုရက်တွေမှာ ကိုယ့်ဘ၀ကို နားလည်စွာနဲ့ အဖော်ပြုပေးမယ် ချစ်သူတစ်ယောက် ရှိစေချင်မှာပါ။

နှစ်လကြာညောင်း ခါနွေပြောင်းလည်း
တမ်းတမ်းတတ မေ့မရနှင့်....
ရင်မှချစ်သူ သူလေးကိုသာ
မျှော်မိပါသည်........

သို့ ပါသော်လည်း ကြင်သူနှစ်ယောက်
မိုင်းပေါင်းများစွာ ကားဆီးလို့ ထား
လွမ်းတသက်သက် ဆွေးတမြေ့မြေ့
ဝေးခဲ့လေပြီ........

ရင်မှာမမေ့ တမ်းတမိကာ
ချစ်ရှာလေသော် သောကခံစား
အပူမီးကို အသည်းခိုက်မျှ
အေးလှပါသည် မည်သောဆောင်းလည်း
လက်မှိုင်ချကာ နေရပေသည်......

ပျော်ရွှင်ဖွယ် ချစ်သူများနေ့ ဖြစ်ပါစေ.......


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 2/13/2009 09:11:00 PMရေးသားသူ မိုးပြေး အညွှန်း | 3 အကြံပြုချက်များ »

အလွမ်းတွေနဲ့ ဆောင်တစ်ည

သူပျော်နေတာကို ၊ငါဝမ်းသာပါတယ်....
သူဝမ်းနည်း နေရင်တော့ ငါမပျော်နိုင်ဘူး....
ဘာတွေပဲ ဖြစ်ဖြစ် သူပျော်နေတာကို မြင်ချင်တယ်.....
ပျော်ရွှင်မှုတွေဆိုတာကလည်း လိုချင်းတိုင်းရတဲ့ အရာမှ မဟုတ်တာကို ....
ငါကတော့ ပျော်ရွှင်မှုဆိုတာကို မျက်ကွယ်ပြုရင် ဒီနေ့ ရက်တွေဆို ကြောက်နေခဲ့မိတယ်.....
ငါဆိုတာကတော့ ရှင်ပါတယ် အေးစက်မာကျောနေတဲ့ သံမဏိမဟုတ်တာတော့ သေချာတယ်.....
အလွမ်းဆွေတွေ၊ အမှတ်တရတွေကို မမေ့နိုင်သမျှတော့ ငါက အေးစက်စက် ထမင်းကြမ်းခဲကတောင်... ငါ့ထက်ပိုပြီး ပြည့်စုံနေဦးမယ်......ဒါပေမယ့် ငါတက်နိုင်သလောက် ပြုံးနေဦးမှာပါ....သူပျော်နေတာကို.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/26/2008 10:21:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ချစ်ခဲ့ဖူးသည်.....

တစ်သက်တစ်ခါ ရင်မှပေါက်ဖွား
မေတ္တာများဖြင့် ရည်ရွယ်မြတ်နိုး
ချစ်ခဲ့ဖူးသည်......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်ဝယ်မမေ့ တမ်းတစွဲကာ
သစ္စာတည်ကြည် ချစ်ခဲ့ဖူးသည်....
သို့ ပါသော်လည်း ကျွန်တော့်ချစ်ခြင်း
အပြစ်ကင်းစွာ ချစ်ပါသော်လည်း
သူ့ ရင်ခွင်၌ ကျွန်တော်မရှိ.....
သူပြောစကား ထပ်ကာကြားသည်
နင့်ကိုမချစ် မုန်းလည်းမမုန်း
သံယောဇဉ်သာ ရှိပါသည်တဲ့.......



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ပန်းတစ်ပွင့်ရဲ့ ရပ်တည်မှုများ

အလွမ်းဆိုတာ.......
ပန်းတစ်ပွင်ဖြစ်ရင်
ဒီပန်းကို ချစ်လေးမပန်စေချင်ဘူး။
ကိုယ့်ချစ်သူဟာ....
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာ ထာဝရတစ်ပွင့်တည်းပါ။
သတိရခြင်းဟာ......
ပန်းတစ်ပွင့်ဖြစ်ရင်
အမြဲ ကိုယ်မင်းအတွက်သိမ်းထားမယ်။
ဆုံဆည်းမှုဟာ.......
ပန်းတစ်ပွင့်ဖြစ်ရင်
ဒီပန်းဟာ ကိုယ်တို့ အတွက်ဖြစ်ပါစေ။
ခွဲခွာခြင်းဟာ.......
ပန်းတစ်ပွင့်ဖြစ်ရင်
နွမ်းသွားမယ့် အချိန်ကို စောင့်နေမိတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:22:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

အရိပ်.....

နေရောင်အောက်မှာလည်း
အရိပ်ရှိတတ်တယ်။
လရောင်အောက်မှာလည်း
အရိပ်ရှိတတ်တယ်။
အလင်းရောင် ကွယ်ဆိတ်တော့
အရိပ်လည်းပျောက်ပြန်တယ်။
ကိုယ့် ရင်ထဲမှာလည်း
အရိပ် ထင်နေတယ်။
နေ လရောင် ကွယ်ဆိတ်ပေမယ့်
သည်အရိပ် မပျက်ပြယ်။
မေတ္တာဆိုတဲ့ အလင်းနဲ့ 
" သတိရခြင်း" ဆိုတဲ့ အရိပ်ပါ ချစ်သူရယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:18:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

မြတ်နိုးရသူ




မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေမိသည်။
အလွန်ဝေးကွာသော အရပ်သို့ ရောက်နေသော်လည်း
ပင်လယ်ပြာကို စဉ်းစားမိလျှင်
လှိုင်းပုတ်သံကို ကြားယောင်နေမိတယ်။
အခန်းကျဉ်းထဲမှာ အိပ်ပျော်နေသော်လည်း
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆိရနံ့ ကိုခံစားနေမိတယ်။
(ငါ့)ဘ၀သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်စေမည့်အရာမှာ
(ငါ့)မြတ်နိုးရသူသာဖြစ်၏။ ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:10:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သြော် ... ငါ့ဘဝ


နေ့ ဆိုလည်းသူ

ညဆိုလည်းသူ

အချိန်တိုင်းမှာသူ

အိမ်မက်ထဲထိတောင်

စိုးမိုးနေပါလား သူရယ်

သြော် ... ငါ့ဘဝ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:02:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

လွမ်းရသူ၏ခံစားချက်

အလင်းရောင်မရှိ ...မှောင်မည်းမည်း

တစ်ယောက်တည်းပေမဲ့
အတွေးတွေက မိုးပေါက်ကျသံထက်တောင်
ကျယ်လောင်လွန်းလှတယ် ...

ရင်ထဲမှာ ဘာများ လွမ်းစရာကျန်သေးလဲလို့
စစ်ထုတ်ကြည့်လိုက်တော့ ...
သူ့ အသံကို လွမ်းတယ် ...
သူ့ ရယ်သံကို လွမ်းတယ် ...
သူ့ နှလုံးသားကို လွမ်းတယ် ...
အကြိမ်အခါခါ လွမ်းခွင့်ရနေတော့ ...
အသက်ရှုသံကိုတောင် လွမ်းနေမိတယ် ...
မျက်လုံးက
မှောင်ရိပ်ထဲမှာ
ကျင့်သားရနေပြီမို့
သူ့နှလုံးသားရှိတဲ့
နေရာမှာပဲ ...
ခေါင်းအုံးအိပ်စက်မိတယ် ...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:00:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ငါ့ဘ၀ရဲ့  ကြယ်စင်လေး

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သံယောဇဉ်

သံယောဇဉ်နွံထဲကို
မရည်ရွယ်ဘဲ
မမျှော်လင့်ဘဲ
တရှိုက်မက်မက်
နူးညံ့သက်ဝင်စွာနဲ့
ကို...လှလှလေးပြုံးပြီး
ကျရှုံးနေပြီလေ။
တစ်ခါတစ်လေတော့
မျက်စိကိုမှိတ်
နားကိုပိတ်ပြီး
ကို.....ဖွဖွလေးတွေးမိတယ်
သံယောဇဉ်နွံ အကြောင်းပေါ့
ကို...နွံနစ်နေပြီလေ။
နစ်သထက်နစ်
အဆုံးစွန်းတစ်နေရာထိပေါ့...
ဘ၀ကို အလိုက်သင့်လေး
မျောလိုက်တာလဲ
ကောင်မလေးတစ်ယောက်ကို ချစ်မိလို့ ပေါ့.......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:56:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »