ကြိုလင့်နေတယ်ချစ်သူရယ်
ချစ်သူရယ်
ကိုယ့်ဥယာဉ်ကိုလာ
လမ်းလျှောက်လှည့်ပါ။
မင်းရှေ့ မှောက်မှာ
ကိုယ့်ကိုကိုင်းညွှတ်နေကြတဲ့
နုနုထွေးထွေး ပန်းကလေးတွေ အနားက
ဖြတ်လျှောက်သွားစမ်းပါ။
ဆည်းဆာချိန် တိမ်တောက်တယ်ဆိုတာ
ခဏပန်းသာဖြစ်ပေမယ့်
လတ်တလော အံ့သြစရာဖြစ်သလို
သူတို့ ကိုလည်း
ခဏတစ်ဖြုတ်ရပ်ပြီး
ပျော်ခွင့်လေးပေးလိုက်ပါ
ချစ်သူရယ်...........


