Showing posts with label REGISTRY(Computer). Show all posts
Showing posts with label REGISTRY(Computer). Show all posts

Add Control Panel to the Desktop Right-Click Menu in Vista

Control Panel ကို Window Vista မှာရှိတဲ့ Desktop Right-Click Menu မှာ ထည့်တာလေးပါ။ အလွယ်တကူနဲ့ Control Panel ကိုအသုံးပြုနိုင်စေမှာပါ။ Control Panel ကို Start Menu ကတဆင့် ၊ဒါမှမဟုတ် Window Key + R ကိုနှိပ်ပြီး control ဆိုရင်လည်း Control Panel ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Desktop Right-Click Menu မှာထည့်ထားတော့ ကျွန်တော့်အမြင်တော့ အဆင်ပြေပါတယ်။Registry ကနေတဆင့် Control Panel ကို ထည့်မှာဖြစ်ပါတယ်။ အရင်ဆုံး Window Key + R ကိုနှိပ်ပြီး regedit ဆိုတာကိုရေးပါ ၊ Registry Editor ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ Registry Editor ကိုရောက်ပြီဆိုရင် အောက်ကအဆင့်လေးတွေ အတိုင်းသွားလိုက်ပါ.....
HKEY_CLASSES_ROOT> Directory> Background> shell ကိုရောက်ရင် အောက်မှာပြထားတဲ့ အတိုင်း shell ကို Right Click> New ကတဆင့် Key ဆိုတာကိုရွေးပါ command လို့ နာမည်ပေးလိုက်ပါ။




command key ကို Click ပေးလိုက်ပြီး ညာဘက်အခြမ်းမှာ (Default) ဆိုတာကို တွေ့ ပါလိမ့်မယ်။တွေ့ ရင် Right Click > Modify လုပ်ပါ Data value ကို rundll32.exe shell32.dll,Control_RunDLL ဆိုပြီးထည့်ပေးပါ။

ပြီးရင် Registry Editor ကိုပိတ်လိုက်ပြီး Restart ပေးလိုက်ပါ။ Desktop Right-Click Menu မှာ Control Panel ကိုတွေ့ ရပါလိမ့်မယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/10/2009 11:42:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Add Defragment to the Right-Click Menu for a Drive

ကျွန်တော်တို့  ကွန်ပျူတာမှာရှိတဲ့ Drive တွေကို Defragment လုပ်မယ်ဆိုရင် Right Click> Properties > Tools > Defragment ဆိုပြီးအဆင့်ဆင့် သွားနေရတာပါ၊ ဒါကို Drive ကို Right-Click ပေးလိုက်တာနဲ့ Right-Click Menu မှာ Defragment ဆိုတာကို တစ်ခါတည်း ထည့်ထားလို့ ရပါတယ်။ Registry ကနေပြင်တာ ဖြစ်ပါတယ်။ HKEY_CLASSES_ROOT\Drive\shell ကနေ အဆင့်ဆင့် ပြင်ပေးရမှာပါ.. အချိန်ကုန်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Registry File လေးကို Download ယူပြီး Double Click ပေးလိုက်တာနဲ့ Right-Click Menu မှာ Defragment ဆိုတာကို ထည့်သွင်းပြီးသား ဖြစ်ပါလိမ့်မယ်...


Registry File ကို ဒီမှာ Download ယူပါခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/06/2009 12:14:00 AMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Force Vista to Shutdown Faster

မင်္ဂလာပါခင်ဗျာ....နှစ်သစ် ၂၀၀၉ မှာစတင်တဲ့ ပိုစ့်လေးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လိုတိုင်းတပြီး ရနိုင်သော၊ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါ စေကြောင်း ဆုတောင်းပါတယ် ခင်ဗျာ။
ဒီပိုစ့်လေးကတော့ Window Vista သုံးတဲ့သူတွေ အတွက် Window Shutdown လုပ်တဲ့အချိန်ကို လျှော့ချပေးနိုင်မှာပါ။ အသုံးဝင်မယ့်သူတွေ အတွက်ဖြစ်ပါတယ်။ အချိန်တန်ရင် ပိတ်သွားမှာပေါ့ ဆိုရင်တော့ သိဘူးနော်။ Window Vista ရဲ့  Registry ကိုကလိချင်ရင်တော့ အဆင်ပြေတာပေါ့ဗျာ။ Window Vista မှာပေးထားတဲ့ Shutdown ကြာချိန်ကတော့ about 20 seconds ဖြစ်ပါတယ်။ ဒီထက်ပိုပြီး Shutdown ကြာချိန်ကို မြန်စေချင်ရင်တော့ အောက်ပါအတိုင်း လုပ်ပေးနိုင်းပါတယ်။

Start> Run > regedit > HKEY_LOCAL_MACHINE> SYSTEM> CurrentControlSet001> Control ကိုရောက်ရင် ညာဘက် Panel မှာ "WaitToKillServiceTimeout"="20000" ဆိုတာကို တွေ့ ရမှာပါ။ WaitToKillServiceTimeout ဆိုတာကို Right Click နဲ့ Modify လုပ်ပေးပါ။ Value data- 20000 ဆိုတာကို ပြောင်းပေးရမှာပါ။ 20000 ဆိုတာက စက္ကန့် ၂၀ ကိုဆိုလိုတာပါ။ ကျွန်တော်တို့ က ကြာချိန်ကို ၅ စက္ကန့် ထားချင်တယ် ဆိုရင်တော့ 5000 ကိုပြောင်းပေးပါ။ ၁၀ စက္ကန့် ဆိုရင်တော့ 10000 ပေါ့ဗျာ။ ၁ စက္ကန့် တော့မထားသင့်ပါဘူး။

 
 

why not set it to zero? If you set the time too short, there is a chance that a service might not shutdown properly, and could loose data. Of particular concern would be services that write to the registry (as I mentioned above, messing up the registry can make for a very bad day!). So, keep in mind that with this change comes the benefit of a faster shutdown, but also a degree of risk should you set the time to short.

ပြီးရင်တော့ restart ပေးလိုက်ပါ Shutdown ကြာချိန်ပြောင်းလဲသွား ပါလိမ့်မယ်။ restart မပေးမချင်းကတော့ ကျွန်တော်တို့  ပြောင်းလဲထားတဲ့ Shutdown ကြာချိန်ဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 1/02/2009 10:19:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

Speed up Flip 3D Effect in WindowsVista

 

 

Window Vista မှာပါနေတဲ့ Flid 3D Effect တွေကို လက်ရှိသုံးနေကျထက် မြန်အောင်လုပ်နိုင်သလို နှေးအောင်လည်းပြင်ဆင်နိုင်ပါတယ်။Flid 3D Effect ဆိုတာကတော့ Alt +Tab , Window Key +Tab နဲ့ တွဲပြီးနှိပ်မယ်ဆိုရင် တွေ့ ရမယ့် Window Vista ရဲ့ Effect တွေဖြစ်ပါတယ်။ကျွန်တော် Vista အတွက် Registry Post ရေးတာနည်းပါတယ်။ ရေးမယ်လို့ လုပ်မှ ကွန်ပျုတာက မရှိ၊ InterNet ကမရနဲ့ လုံးထွေးနေတာပါ။အရေးထဲ ဘလောဂ့် အဟောင်းက Password Hack ခံရလို့  ရေးထားတဲ့ Post တွေကို Recover ပြန်လုပ်နေတာနဲ့ တော်တော်စိတ်ညစ်နေတာဗျာ။အခုတော့ စာပြန်ရေးတော့မယ်။ ဘလော့အသစ်တော့ လုပ်ပြီးပြီပေါ့ဗျာ ၊အရင်က peacefulforever.com ဆိုတော့ အခု အသစ်ပြန်လုပ်တော့ .net နဲ့ Domain ပြန်ယူထားတယ်၊မရသေးဘူးဗျာ ၃ရက်စောင့်ရဦးမယ်လေ။ Happy New Year အမှီတော့ Domain အသစ် ၊Template အထိုင်ကျမယ်ထင်တယ်ဗျာ။
လေရှည်နေတာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အသိတွေအားလုံးက အရင်ဘလော့ကိုပဲ သိကြတာလေ ။ Flid 3D Effect အတွက်Registry ကိုစပြီး ပြင်ကြည့်ရအောင်ရအောင်။

အရင်ဆုံး Start > Run > regedit >Ok ပေးလိုက်ပါ။ HKEY_CURRENT_USER>>Software>>Microsoft>>Windows>>DWM ကိုရောက်ရင်
ညာဘက် Panel မှာ R_Click >New > DWORD (32-Bit) ဒါမှမဟုတ် (64-Bit) ကိုယူလိုက်ပါ။ Name ကိုတော့ speedup3DWindows လို့ ပေးပြီး၊
Value Data ကိုတော့ 4 to 9 ကြားထဲက ကြိုက်သလို ထည့်ပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အမြန်ကို မှုတည်ပြီး ထည့်ပေးပါ။ စက်ကို Restart ပေးလိုက်ပါ။
 
 

အရင်သုံးနေကြထက် ပိုပြီးမြန်ဆန်လာခြင်း၊ပိုပြီးနှေးသွားတယ် ဆိုတာတွေကို တွေ့ ရမှာပါ။ ကိုယ်ထည့်တဲ့ Value Data ပေါ်မှုတည်ပါလိမ့်မယ်။
DWORD (32-Bit) ဒါမှမဟုတ် (64-Bit)  ဆိုတာကိုတော့ ဂရုစိုက်ပေးပါ။ကိုယ်စက်က 32 ဆိုရင် 32 ,64 ဆိုရင် 64 ရွေးပေးပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/28/2008 07:15:00 PMရေးသားသူ မိုးပြေး အညွှန်း , | 0 အကြံပြုချက်များ »

My Computer ထဲမှာရှိတဲ့ Drives တွေကို Disable/Enable လုပ်ခြင်း

ကျွန်တော်တို့  My Computer ထဲမှာရှိတဲ့ Drive အားလုံးကို Disable လုပ်ခြင်းပါ။
Disable လုပ်ပြီးတော့ Enable လုပ်မယ်ဆိုရင်လည်း ပြန်လုပ်လို့ ရပါတယ်။ ကျွန်
တော်ကတော့ ကျွန်တော့် သူငယ်ချင်းတွေကို စရင်ဒီ Post လေးကိုအသုံးချပါတယ်၊
ဟဲဟဲ ။ရုတ်တရတ် ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို စိတ်ညစ်သွားပါလိမ့်
မယ် ။ ကိုယ်အဆင်ပြေသလိုသာ သုံးနိုင်ပါတယ်၊ ကိုယ့်ကွန်ပျူတာထဲက အရေးကြီး
တာလေးတွေ ပါသွားမှာဆိုးတဲ့သူတွေ အတွက်တော့ အဆင်ပြေမှာပါ။

Run >regedit >HKEY_CURRENT_USER >Software >Microsoft >Windows >
Current Version >Polices > Explorer ရောက်ရင် ညာဘက် panel မှာ R -Click >
New >DWORD Value > name ကိုတော့ Nodrives ၊ Value Data ကို ffffff လို့ ရိုက်
လိုက်ပြီး Registry Editor ကိုပိတ်လိုက်ပါ။ Restart ပေးလိုက်ပါ။ Windows ပြန်တက်
လာတဲ့ အချိန်မှာ C,D,E,F အစရှိတဲ့ ဘာညာသလကာ Drives တွေကို တွေ့ ရတော့မှာမ
ဟုတ်ပါဘူးခင်ဗျာ။ ပြန်ပေါ်စေချင်တယ် ဆိုရင်တော့ ခုနကယူထားတဲ့ DWORD Value
လေးကို ဖျက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

နောက်ပုံစံလေး တစ်ခုကတော့ Drives တွေထဲက ကိုယ်မပေါ်စေချင်တဲ့ Drive ကိုရွေးပြီး
ဖျောက်တဲ့ပုံစံလေးပါ။ အသုံးမလိုတဲ့ Floppy Drive ကိုဘဲ ဖျောက်ထားဦးမလား မျက်စိ
နောက် သက်သာတာပေါ့ဗျာ။ အရင်ဆုံး Run> regedit> HKEY_CURRENT_USER >
Microsoft >Windows > Current Version >Policies > Explorer > ကိုရောက်ရင်
NoDrive TypeAutoRun ဆိုတာ ကို ရှာပြီးတော့ Delete လုပ်လိုက်ပါ။
R_Click >New >DWORD Value ကိုရွေးပါ။ name ကို NoDrives ၊ Value data ကို 1
လို့ ပေးလိုက်ပါ။ Decimal ကိုတော့ Check လုပ်ပေးဖို့ မမေ့ပါနဲ့ ခင်ဗျာ။
ဘာဖြစ်လို့ 1 ပေးလိုက်ရတာလဲလို့  မေးရင် 1 ဆိုတာ (A)Floppy Drives ကို ကိုယ်စားပြု
လို့ ပါဘဲ။
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048,
M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288,
U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432,
ALL: 67108863
အပေါ်က ပေးထားတာတွေကတော့ A ကနေ Z ထိတန်ဖိုးတွေပါ။ ကျွန်တော်တို့ က Drive (A) ကို
ဖျောက်ချင်လို့  1 ကို ထည့်တယ်ဆိုတာ ကိုသိရင် ။ Drive ၂ ခုကိုဖျောက်ချင်တယ် ဆိုရင်ကော
ကွာလို့ မေးရင် ဥပမာ* Drive D နဲ့ E ကိုဖျောက်မယ်ဆိုရင် D က 8 ၊E က 16 နှစ်ခုပေါင်းပြီး 24
ဆိုပြီး ထည့်ပေးလိုက်ရင် D , E နှစ်ခုလုံး ပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်စေချင်ရင်တော့ Run မှာ
A ကိုပေါ်စေချင်ရင် A:\\ လို့ ရိုက်ထည့်ပေးလိုက်ပါ။

အဆင်ပြေပါစေ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:59:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

WINDOWS VISTA ရဲ့ START MENU အားပိုမိုမြန်ဆန်စေခြင်း

ကျွန်တော်တို့ WINDOWS VISTA မှာ START MENU ရဲ့ Delay Time ကိုလျှော့ချ
တဲ့ပုံစံလေးပါ။ WINDOWS VISTA မှာ Default က 400 milliseconds ဖြစ်ပါတယ်၊
သူပေးထားတဲ့ Default Time လေးကို ပြင်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ 
အရင်သုံးနေတာထက် ပိုပြီး START MENU ကမြန်ဆန်လာမှာ။ 400 milliseconds
ကို 50milliseconds ပြောင်းပေးလိုက်ရင် ရပါပြီ။ဘာလို့ 50milliseconds ကိုပြောင်း
ပေးရလဲဆိုတော့ 50milliseconds အောက်နည်းသွားပြီဆိုရင် START MENUကအ
ရမ်းကိုမြန်နေပြီး အသုံးပြုရတာ အဆင်မပြေ တော့လို့ ပါ။ 50milliseconds ဆိုတာ
ကလည်း ပုံသေမဟုတ်ပါဘူး၊ကိုယ်အဆင်ပြေသလို ပြောင်းလို့ ရပါတယ်။
Start Menu > Run > regedit > HKEY_CURRENT_USER> Control Panel >
Desktop ကိုရောက်တာနဲ့ ညာဘက် အခြမ်းမှာ MenuShowDelay ဆိုတာကိုရှာလိုက်
ပါ။တွေ့ ပြီဆိုရင် Modify လုပ်ပါ Value dataကို 400 ကနေ 50 ကိုပြောင်းပေးလိုက်ပါ၊
Registry Editor ကိုပြန်ပိတ်ပြီးတော့ Restart ပေးလိုက်ပါ။ WINDOWS ပြန်တက်လာ
တာနဲ့ START MENU ဟာသိသာစွာ မြန်ဆန်လာမှာပါ။



အဆင်ပြေပါစေ ခင်ဗျာ။ :) :y :L


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:50:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Remove Recent Documents From Windows Start Menu

အခုတလောဗျာ Connection ကလည်း တော်တော်ကို မကောင်းတာဗျာ။
စိတ်တွေလည်း ညစ်ပဗျာ။ စာကိုကောင်းကောင်း မရေးရပါဘူး။ အဲဒါနဲ့ ပဲ
ကျွန်တော့်ညီလေး သံလုံငယ် ဘလော့(၁)လပြည့်ဆိုလို့ ယာမကာလေးမှီ
ဝဲပြီးစည်းစိမ်ယစ်နေတာပေါ့ဗျာ။ နည်းနည်း လျှာရှည်သွားပါတယ် ခင်ဗျာ။
Start Menu မှာပေါ်နေတဲ့ Recent Documents လေးကို မတွေ့ ချင်ဘူး
ဆိုရင်တော့ ရှင်းလိုက်တာပေါ့။ ကိုယ်ဖွင့်ကြည့်ထားတဲ့ ဟာလေးတွေကိုမ
တွေ့ စေချင်ရင်တော့ အဆင်ပြေမှာပါ။ကျွန်တော်တို့  Recent Documents
ကိုနေရာ(၂)နေရာကနေ ဖြုတ်လို့ ရပါတယ်ဗျာ။ကျွန်တော်သိသလောက်ကို
ပြောတာနော်၊ပထမနည်းကတော့ Registry Editor ကနေဖြုတ်တဲ့ပုံစံလေး
ကိုမျှဝေချင်ပါတယ်။ အရင်ဆုံးကတော့ Start > Run > regedit > OKပေါ့၊
HKEY_CURRENT_USER > Software > Microsoft > Windows >Curr
ent Version > policies > Explorer ကိုရောက်ရင် ညာဘက်အခြမ်းမှာ
R-Click > New > DWORD Value ကိုယူလိုက်ပါ။ Value name ကိုတော့
NoRecentDocsMenu ၊Value Data ကို 1လို့ ပေးလိုက်ပါ။Registry Editor
ကိုပိတ်ပြီးတော့ Restart ပေးလိုက်ရင် Start Menu မှာပေါ်နေတဲ့ Recent
Documents ကိုမတွေ့ ရတော့ပါဘူး။ ပြန်ပေါ်စေချင်ရင်တော့ အရင်ယူထား
တဲ့ DWORD Value လေးကို Delete လုပ်လိုက်ရင် ပြန်ပေါ်လာမှာပါ။

ုဒုတိယပုံစံ Group Policy ကနေဖြုတ်တာကိုတော့ မနက်ဖြန်ပေါ့ ခင်ဗျာ :) :)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 01:49:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Disable Right Click on the Desktop

Desktop ပေါ်မှာ Right Click ပေးလို့ မရအာင် လုပ်ကြည့်ချင်တယ်
ဆိုရင်တော့ လုပ်ကြည့်နိုင်အောင်ပါခင်ဗျာ၊စမ်းကြည့်ချင်တယ်ဆိုရင်
ပေါ့၊ ကိုယ့်ရဲ့  Computer ကိုတော့ လုပ်မယ် မထင်ပါဘူး ခင်ဗျာ ။
အခြားသူတစ်ယောက်ကို ထိခိုက်ပါစေ ဆိုတဲ့ရည်ရွယ်ချက်လည်းမရှိ
ပါဘူးခင်ဗျာ။

အရင်ဆုံး Run > regedit > HKEY_CURRENT_USER > Software
Microsoft > Windows > CurrentVersion > Policies > Explorer
ရောက်ပြီဆိုတာနဲ့ ညာဘက်အခြမ်းမှာ R- Click > New > DWORD
Valueလိုက်ပါ Name ကိုတော့ NoViewContextMenu ၊DWORD value
ကို 1ပေးလိုက်ပါခင်ဗျာ။ ပြီးရင် Restart ပေးလိုက်ပါ ။ဒါဆိုရင်တော့
Desktop ပေါ်မှာ R- Click ပေးလို့ မရတော့ပါဘူးခင်ဗျာ။

R- Click ကို Enable ပြန်လုပ်မယ် ဆိုရင် တော့ လွယ်ပါတယ် ခုနက New
ကနေယူထားတဲ့ DWORD Value ကို Delete လုပ်လိုက်ပါ Restart လုပ်ပြီး
ရင် Enable Right Click on the Desktop ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။

အနီနဲ့ ပြထားတဲ့ ဟာလေးကို Delete လုပ်ရမှာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 04:04:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

AUTO WINDOW REFRESH

ကျွန်တော်တို့ Window ကို Refresh လုပ်မယ်ဆိုရင်တော့
Desktop ပေါ်မှာ R-Click ပေးပြီးတော့ Refresh လုပ်တာရှိ
သလို F5 ကိုနှိပ်ပြီး Refresh လုပ်တာလည်းရှိပါတယ်ခင်ဗျာ၊
အဲဒါကတော့ Menual refresh ပါခင်ဗျာ။ AUTO REFRESH
လုပ်မယ်ဆိုရင်တော့ အောက်မှာရေးပြထားတဲ့ အဆင့်လေး
အတိုင်းလုပ်ကြည့်လို့ ရပါတယ်ခင်ဗျာ။

Window Key+R > Run ပေါ်လာတာနဲ့ regedit > OK
HKEY_LOCAL_MACHINE > SYSTEM > Current Control
Set > Control > Update ရောက်ပြီဆိုတာနဲ့ ညာဘက်ကလွတ်
နေတဲ့နေရာမှာ R-Click လုပ်ပြီးတော့ new > Dword value ကို
ရွေးလိုက်ပါခင်ဗျာ၊ DWORD ကို modify လုပ်ပါ။DWORD Name
ကိုတော့ UpdateMode ၊Value ကိုတော့ 0 ပေးလိုက်ပါ။ Registry
Editor ကိုပိတ်လိုက်ပြီး Restart လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွား
ပါပြီခင်ဗျာ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:49:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »