Showing posts with label For my lover. Show all posts
Showing posts with label For my lover. Show all posts

တမ်းတခြင်း

တစ်စုံတစ်ယောက်ကို ခွဲခွာရတော့မယ် ဆိုရင်... တစ်ခဏတာလား တစ်ဘ၀စာလား သိနိုင်ရင် သိပ်ကောင်းမှာပဲလေ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရင်ထဲမှာ မင်ထာဝရရှိနေပြီးသားပါ။ မင်းဆီမှာ တောင်ပံတစ်စုံလောက် ပါရင်သိပ်ကောင်းမှာပဲ....ဒီလိုပဲ ကိုယ့်ဆီမှာ မင်းတစ်ယောက်ဆီ ကိုသာပျံနိုင်တဲ့ အတောင်တစ်စုံ သာရှိရင်.....မင်းဆီကို ပျံလာပြီး မင်းနဲ့ အတူ...

မိုးပြာရောင် ကောင်းကင်.. စိမ်းလန်းတဲ့ တောအုပ်
မြင့်မားတဲ့ တောင်တန်း ပြန့် ပြူးနေတဲ့ လွင်ပြင်
ပြာလဲ့နေတဲ့ ရေပြင်တွေပေါ်မှာ
ညင်သာတဲ့ လေညှင်းလေးတွေနဲ့ အတူ ပျံသန်းချင်လိုက်တာ ....
မနက်ဖြန်ဆိုတာ ဒီနေ့ လောက် မသေချာပေမယ့်... မနက်ဖြန်ဆိုတာ ရှိနေသမျှ မင်းကို မေ့နိုင်မယ်လို့ မင်းထင်ရင် ထင်နိုင်ပါတယ်...
မိုးပြေး(၈.၆.၀၉ )

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 6/08/2009 01:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 1 အကြံပြုချက်များ »

ထာဝရရင်မှ....ချစ်သူအတွက်

ကျွန်တော်သိပ်ကို မြတ်နိုးရတဲ့ ချစ်တဲ့ ချစ်သူလေးအတွက်ပါ.......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 03:18:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ချစ်သူသိပါစေ(၂)

မြက်ရိုင်းပန်းနှယ်
မြေ၀ယ်ကပ်သလို
အချစ်ပင်နွယ်
ကို့နှလုံးသားထဲ တွယ်ငြိစွဲ။

မိုးနှောင်းရေနှယ်
တည်ငြိမ်သွဲ့ သလို
ချစ်မြစ်ပြင်မယ်
သွင်သွင်စီးတဲ့ ကို့အချစ်ကွယ်။

နေပူပြင်းကာ
ခြောက်သွေ့ စေကွယ်
မလျော့စီးဝင်
ပြည့်ဝလျှံကြွယ် ချစ်ပင်လယ်။
လှိုင်းခတ်သံလား
ရေစီးသံလား
ချစ်တေး ဆင့်မယ်
ချောင်းရိုးတေးနှယ် အချစ်မပြယ်။

ကိုယ့်ရင်တွင်းမယ်
ပဲ့ပင်သံလား
ရေစီးသံလား
တူညီပြောင်းလဲ ချစ်တေးရယ်။

ချစ်ရတဲ့သူ
ကိုယ့်ချစ်သူရယ်
မင်းတွက်တင်စား
ချစ်တေးများဖြင့်
အေးမြစေသား ဆုတောင်းတယ်။
အမကြီးဆောင်း ပြန်ပြင်ပေးထားတဲ့ ကဗျာပါခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:34:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ချစ်သူ့ နာမည်......

ချစ်သူရေ.......
မင်းရဲ့ နာမည်ကို ကောင်းကင်မှာရေးထိုးချင်တယ်၊
ဒါပေမယ့် လေနဲ့ အတူလွင့်မြောပျက်ပြယ်သွားမှာကို စိုးရိမ်မိတယ်......

ချစ်သူရေ........
မင်းရဲ့ နာမည်ကို ကမ်းစပ်က သဲပြင်မှာ ရေးထိုးချင်ပေမယ့်လည်း၊

ရေလှိုင်းတွေရဲ့ ရိုက်ခတ်ဆေးကြော အဝေးရောက်မှာ စိုးရိမ်မိတယ်.....

ချစ်သူရေ.......
မင်းရဲ့ နာမည်ကို ကိုယ့်ရင်ထဲကနှလုံးသားထက်မှာ ရေးထိုးချင်တယ်၊
ဒါဆိုရင်တော့ ကိုယ့်ရင်ထဲမှာ မပျောက်မပျက် ထာဝရ တည်မြဲနေမှာပါ.........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:23:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သူ့ ကို


ချစ်ခဲ့မိပါသည်.....သူ့ ကို
စွဲလမ်းမိပါသည်...သူ့ ကို
တွယ်တာမိပါသည်...သူ့ ကို
သူကလွဲပြီးဘယ်သူ့ ကိုမှ မချစ်ပါ.....
သူကလွဲပြီးဘယ်သူ့ ကိုမှလက်မထပ်ပါ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:11:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »