Vista Visual Master

Windows Vista ကိုအသုံးပြုနေတဲ့ သူတွေအတွက် အသုံးဝင်စေမယ် Software လေးဖြစ်ပါတယ်။ Vista Visual Master ဆိုတာပါပဲ။ Vista Visual Master မှာဘာတွေပါဝင်လည်း ဘာတွေကို ပြောင်းလဲပေးနိုင်လည်းကို ကျွန်တော် အသုံးပြုတက်သလောက် အောက်မှာဖော်ပြပေးထားပါတယ် ခင်ဗျာ။
အရင်ဆုံး ကျွန်တော်တို့ အသုံးပြုနေတဲ့ System Icon တွေကို ပြောင်းလည်းပေးနိုင်ပါတယ်။
File Type Icon တွေကိုလည်း ပြောင်းပေးနိုင်ပါတယ်။
Logon Picture ကို Control Panel ကိုမသွားပဲ ပြောင်းပေးနိုင်ပါတယ်။
နောက်ထပ် OEM Information ,Boot Screen ,Theme Patch တွေကိုလည်း ပြောင်းလည်းနိုင်ပါတယ်။
Free Fixer Software

ပိုစ့်မရေးတာလည်း ကြာနေတယ်ဗျာ။ ဘာလို့ လည်းဆိုတော့ ကျောင်းကလည်း မပိတ်၊စာမေးပွဲက မပြီးနဲ့ ဆိုတော့ ဘာမှကို မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေတုန်း Free Fixer ဆိုတဲ့ Software လေးကိုတွေ့ တာနဲ့ ပိုစ့်ရေးဖြစ်သွားတာပါ။ ကိုယ့်စက်ကို Scan လုပ်တာပါပဲ။ ဘာတွေကို Scan လုပ်ပေးလည်းဆိုတော့ processes, browser toolbars, homepage settings ,Registry Startups ,Autostart shortcuts, Drivers, စတာတွေကို Scan လုပ်ပေးတာပါ။ Software က Free Fixer ဆိုမှတော့ Free ပေါ့ဗျာ။ Software ကိုတော့ ဒီမှာ ယူလိုက်ပါ ခင်ဗျာ။ အပေါ်ကပုံကတော့ ကျွန်တော့် စက်ကို Scan လုပ်ပြီး Screenshot လုပ်ထားတာပါ။
Ad-Aware Anniversary Edition Download
နောက်ဆုံးထွက်လာတဲ့ Ad-Aware Edition ဖြစ်ပါတယ်။ အသုံးပြုချင်ရင်တော့ Download ရအောင်လို့ ရှယ်တာဖြစ်ပါတယ်။သူ့ မှာပါတဲ့ Features: တွေကတော့...
Integrated Ad-Watch Live! Expert
Real-time network protection
Behavior-based Heuristical Detection
Extensive Detection Database
Customizable Profile Scans
Lavasoft SmartSet
Lavasoft AutoStart Manager
Comprehensive Malware Protection
Process Watch
Hosts File Editor
External Drive Scanning
Command Line Support
Network Drive Scanning
အဆင်ပြေပါစေခင်ဗျာ။
Free Extended Task Manager 1.0 Software
Ctrl+Alt+Del ဆိုပြီး နှိပ်လိုက်ရင် တွေ့ နေကျ ဖြစ်နေတဲ့ Task Manager လေးကို ပုံစံတစ်မျိုးနဲ့  တွေ့ ချင်တယ်ဆိုရင်၊ အရင်ပုံစံ အဟောင်းကနေ ခွဲထွက်ပြီးတော့ ပုံစံတစ်မျိုးနဲ့  တွေ့ မြင်ရမှာပါ။ လုပ်ဆောင်ချက်တွေတူပေမယ့် Extended Task Manager 1.0 ကပိုပြီးအသုံးပြုရ လွယ်ကူစေမှာပါ။ ပိုလာတာကတော့ ports နဲ့ Summary ဆိုတဲ့ tab လေးပိုလာပါတယ်။ Perfommance မှာဆိုရင် Disk I/O History ဆိုတာပိုလာပါတယ်။ ကျွန်တော်အောက်မှာ Windows မှာပါတဲ့ Task Manager နဲ့ Extended Task Manager 1.0 တို့ ရဲ့ ကွဲပြားတဲ့ အချက်တွေကို တစ်ခုချင်း Screen Shots နဲ့ ယှဉ်ပြထားပါတယ်။ Extended Task Manager 1.0 Download
Intel Atom Processor with Intel board - D945GCL
Free Video Converter Software
ကျွန်တော်လည်း ဘာမဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ အတွက်ပိုစ့်တင်တာ နည်းနည်းကျဲသွားတယ်။ ဘာလုပ်လည်းလို့  မေးရင်ခေါင်းစဉ်မရှိပါဘူး။ ကျွန်တော့်ဆီကို လာလည်တဲ့ မိတ်ဆွေတွေကိုတော့ အားနာမိတယ်။ အဲဒါနဲ့ ဘာလုပ်မလည်းလို့  ကြံစည်နေတုန်း သူငယ်ချင်းတစ်ယောက်က သီချင်းတစ်ပုဒ်လောက် MP3 ပြောင်းပေးပါလားလို့ ဆိုတာနဲ့  အလကားရပြီး ကျွန်တော်တို့  အတွက်အဆင်ပြေမယ့် Video Converter Software ကိုသတိရတာနဲ့ တင်ပေးလိုက်တာပါ။ အလကားရတယ် ဆိုတာထက် သူ့ ပြောင်းပေးနိုင်တဲ့ Format တွေကတော့ ....
Video Converter Software ကိုတော့ ဒီမှာ Download ယူပါခင်ဗျာ။ အောက်မှာ Video Converter Software အသုံးပြုပုံလေးတွေပါ။
အဆင်ပြေပါစေ ခင်ဗျာ။

.jpg)










