Window Vista မှာCD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) နှင့် Eject လုပ်ခြင်း
Window Vista မှာ ကျွန်တော်တို့ CD or DVD Drive တွေကို Shortcut ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့  Eject လုပ်ကြည့်ရအောင်။ အရှင်းဆုံကတော့ Eject ဆိုတဲ့ ခလုတ်ကို မနှိပ်ရတော့ ဘူးပေါ့ဗျာ။ Shortcut လေးကို Desktop ပေါ်မှာတင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်တာပေါ့ဗျာ။ ဒါမှမဟုတ် Keyboard (Hot Key) လေးတွေနဲ့ လည်း အဆင်ပြေသလို အသုံးပြုနိုင်မှာပါ။ အရင်ဆုံး Eject CD ဆိုတာကို Download လုပ်လိုက်ပါ။ Download ပြီးတာနဲ့  ejectcd.exe ဖိုင်လေးကို Right Click ထောက်ပြီး Send to ကနေပြီးတော့ Desktop (Create Shortcut) ဆိုတာကို Click ပေးလိုက်ပါ။ ဒါဆိုရင်တော့ Shortcut လေးကို နှိပ်ပြီ့း CD or DVD Drive တွေကို Eject လုပ်နိုင်ပါပြီ။ Shortcut ကို မကြိုက်ရင်တော့ Change Icon ကတဆင့် ကြိုက်တဲ့ Icon ပုံစံနဲ့ ထားလို့ ရပါတယ်။
နောက်တစ်ခုကတော့ Shortcut နဲ့ မသုံးချင်ဘူး Keyboard (Hot Key) နဲ့ Eject လုပ်မယ်ဆိုရင်လည်း ejectcd.exe Shortcut ကို Right Click ထောက်ပြီးတော့ Shortcut Tab အောက်မှာ Shortcut key ဆိုတာကို တွေ့ ပါလိမ့်မယ် ၊ဘေးက အကွက်မှာ ကိုယ်သုံးချင်တဲ့ အက္ခရာကို Ctrl နှိပ်ပြီးရွေးပေးပါ။ ဥပမာ -Ctrl+Alt +Q ဆိုတာကို ထားမယ်ဆိုရင် Ctrl နဲ့ Q လေးကို တွဲနှိပ်ပေးလိုက်ပါ။
0 ဝေဖန်အကြံပြုထားပါတယ်။:
Post a Comment
အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး