Happy Valentine's Day ( ချစ်သူများနေ့ )



ချစ်သူများနေ့ တဲ့ဗျာ...... ရောက်လာပြန်ပြီ။ ချစ်သူများနေ့ ဆိုတာကို အမိမြေရဲ့ အဝေးတစ်နေရာကနေ တမ်းတနေတာ အခုဆို တော်တော်ကြာပြီပဲလေ...... ဘာရယ်လို့ လည်းမဟုတ်ပါဘူး သတိရစရာ အမှတ်ရစရာလေးတွေ ရှိရင် တမ်းတတက်တာ လူ့ သဘာဝပဲလေ... လူတိုင်း လူတိုင်း ခံစားချက်ကိုယ်ဆီနဲ့ ဘ၀တစ်ခု ကိုကျော်ဖြတ်နေတာလေ၊ ကျော်ဖြတ်တဲ့ပုံစံကတော့ တူချင်မှ တူပါလိမ့်မယ်လေ။ ဒီလိုရက်တွေမှာ ကိုယ့်ဘ၀ကို နားလည်စွာနဲ့ အဖော်ပြုပေးမယ် ချစ်သူတစ်ယောက် ရှိစေချင်မှာပါ။

နှစ်လကြာညောင်း ခါနွေပြောင်းလည်း
တမ်းတမ်းတတ မေ့မရနှင့်....
ရင်မှချစ်သူ သူလေးကိုသာ
မျှော်မိပါသည်........

သို့ ပါသော်လည်း ကြင်သူနှစ်ယောက်
မိုင်းပေါင်းများစွာ ကားဆီးလို့ ထား
လွမ်းတသက်သက် ဆွေးတမြေ့မြေ့
ဝေးခဲ့လေပြီ........

ရင်မှာမမေ့ တမ်းတမိကာ
ချစ်ရှာလေသော် သောကခံစား
အပူမီးကို အသည်းခိုက်မျှ
အေးလှပါသည် မည်သောဆောင်းလည်း
လက်မှိုင်ချကာ နေရပေသည်......

ပျော်ရွှင်ဖွယ် ချစ်သူများနေ့ ဖြစ်ပါစေ.......


ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 2/13/2009 09:11:00 PMရေးသားသူ မိုးပြေး အညွှန်း | 3 အကြံပြုချက်များ »

3 ဝေဖန်အကြံပြုထားပါတယ်။:

စိုင်းစိုင်းလားရှိုး said... @ February 14, 2009 at 2:31 AM

ညီလေး မိုးပြေးရေ။ ဝေးနေရသူတွေအဖို့တော့ ။ ဒီရက်စွဲဟာ ပျော်စရာလား ? လွမ်းစရာလားတော့ မပြောတတ်တော့ပါဘူးကွာ။

ဝှိုက်ဝှိုက် said... @ February 14, 2009 at 11:49 AM

ချစ်သူများနေ့မှစပြီး အလွမ်းတွေလျှော့ပါးပြီး
ချစ်သူနဲ့အမြန်ဆုံးနီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်
Happy Valentine's Day

အရုပ်ကလေး said... @ February 15, 2009 at 9:39 AM

ချစ်သူများနေ့ကိုကျော်လွန်ပြီး ရောက်လာပေမယ့်လည်း ..
ကဗျာလေးကို ဖတ်သွားလို့ ဆုတောင်းပေးပါ၏..
နီးနီး ဝေးဝေး ကိုယ့်အပေါ်နားလည်ပေးနိုင်ဆုံး ချစ်သူနှင့် ပျော်ရွှင်ပါစေ ..။

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး