ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

ကျွန်တော့် သူငယ်ချင်း ဂျပန်မလေး ဘလောဂ့်လေးတောင် ၅ လ တင်းတင်းပြည့်ပြီပဲလေ...အော် ဘာလိုလိုနဲ့  အချိန်တွေ အချိန်တွေ တော်တော်ကို အကုန်မြန်နေပါလား... သူရေးတဲ့  post တွေကလည်း ၂၀၀ ပြည့်ပြီလေ...တော်တော်ကို ကြိုးစားပန်းစား ရေးထားတာကို၊ သူ့ ကြိုက်တဲ့  Teddy Bear အရုပ်လေးနဲ့ အတူ သူ့ ရဲ့ ဓာတ်ပုံလေးကိုပါ တင်ပေးလိုက်ပါတယ်။ ဂျပန်မလေးရေ ကျောင်းသွားရင် တစ်ခါတည်း ယူသွားလို့ ရအောင် ကျောပိုးအိပ်လေးပါ လက်ဆောင်ပေးလိုက်တယ်နော်...သူငယ်ချင်း ဂျပန်မလေး အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးရင် ဒီထက်မက စာတွေ၊ အတွေ့ အကြုံတွေကို မျှဝေပေးနိုင်ပါစေ ခင်ဗျာ။
ဂျပန်မလေး ကျောင်းမသွားပဲ post ရေးအပြီး အပန်းဖြေနေစဉ်ပုံပါ... :P
ဒါကတော့ ကျွန်တော် လက်ဆောင်ပေးလိုက်မဲ့  ကျောပိုးအိပ်ပါ။ အရုပ်ပါပါသည်၊ကျောင်းရောက်ရင် ဆော့ဖို့  :D

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

No Title (ခေါင်းစဉ်မရှိ)

ချစ်သူရေ....ငါနင့်ကို စိတ်ပူတယ်ဟာ....ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စိုးရိမ်တဲ့ စိတ်လေးကိုတော့ အသိအမှတ်ပြုပေးပါ။ ငါကတော့ နင့်ကို အမြဲတမ်း ချစ်နေဦးမှာပါ။ နင့်ရဲ့ စိတ်ထဲမှာ တစ်ယောက်ထဲ ဆိုတဲ့စိတ်ကို မေ့ထားလိုက်ပါ။ နင်မိုးရေထဲမှာ တစ်ယောက်ထဲ ဖြစ်နေလို့  နင့်မှာ ထီးမရှိခဲ့ရင် ငါမှာရှိတဲ့ လက်ဝါးနှစ်ဖက်နဲ့  နင့်ကိုထီးအဖြစ် မိုးပေးပါရစေ။ အပြည့်အ၀ လုံခြုံမှုကို မပေးနိုင်ရင်တောင် ငါနင့်ကိုချစ်တဲ့ စိတ်ကြောင့် နင်နွေးထွေးနေမှာပါ။ နင့်ဘေးမှာ ငါနေချင်တဲ့ စိတ်ကိုတော့ ငါဘယ်တော့မှ ပြင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ်ရင် နင်အတွက် လုံခြုံမယ် ထင်တဲ့ ထီးတစ်လက်ကို ရှာလိုက်ပါ။ အခက်အခဲ ရှိလာရင်တော့ ငါ့ရဲ့ လက်ဝါးနှစ်ဖက်အောက်ကို ၀င်လာလည့်ပါ၊ ငါနင့်ကို နွေးထွေးစွာ ကြိုဆိုနေပါ့မယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:07:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

ရက်ပေါင်း ၇၁၄ ရက်

နင်နဲ့ စတွေ့ ခဲ့တဲ့ အချိန်လေးကို ပြန်ရောက်တော့မယ်... ဒါပေမယ့် အရင်ကလို ပျော်ရွှင်မှုတွေကို ပြန်လည်တမ်းတ လို့ မရတော့ဘူးလေ.....နင်နဲ့ ငါ အရမ်းကို ကွာဝေးစေခဲ့ပြီလေ ကံတရားဆိုတာကြီးက ကံကိုပဲ အပြစ်မပြောပါဘူး ငါတို့ နှစ်ယောက်ကိုက မထားသင့်တဲ့ ပြိုင်ဆိုင်မှုတွေကို ထားခဲ့တာကို ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုငါ အသက်လောက်ကို ချစ်ခဲ့တာပဲလေ ပိုပြောတယ်လို့  ဆိုရင်လည်း ငါနင့်ကို ပြန်လည်ငြင်းဆန် နေမှာမဟုတ်ဘူးနော်၊............

ငါဘယ်လောက်ချစ်ခဲ့တယ် ဆိုတာကို နင် ကငါ့ထက်ပိုပြီး သိမယ်ထင်တယ် ငါနင့်ကို
အခုချိန်မှာ ဘယ်လောက်ပဲ ချစ်ပါတယ် လို့ ပဲပြောပြော အရာရာက နောက်ကျနေခဲ့ပြီလေ ငါ နင့်ကို ချစ်တယ်ဆိုတာကတော့ ငါ့ကိုငါ ယုံမှားဖွယ် မရှိတာတော့ ငါသိတယ်...ထားလိုက်ပါတော့လေ..........
ရက်ပေါင်း ၇၁၄ ရက်အတွင်းမှာ ငါတို့ တွေ မထင်မှတ်တဲ့ ကိစ္စတွေ ပြဿနာတွေ အလွမ်းတွေ အဆွေးတွေနဲ့ ငါတို့ နှစ်ယောက်ကို ကံကြမ္မာက မျက်နှာသာပေးခဲ့တယ်လေ ...

နင်ပျော်ရွှင်ပါစေ လို့ ငါအမြဲတမ်း ဆုတောင်းနေမှာပါ ...ငါ နင့်ကို ဘယ်တော့မှ မမုန်းပါဘူး စိတ်သဘောထာခြင်း မတိုက်ဆိုင်လို့ သာ ငါတို့ တွေ ဝေးခဲ့ရတာပါ ငါ့ရင်ထဲမှာ နင့်အတွက် အမုန်းဆိုတာကို ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ပါဘူး ....ငါ နင်နဲ့ စတွေ့ တည်းက အချစ်တွေ နဲ့ စပြီး အချစ်တွေနဲ့ အဆုံးသတ်ချင်တယ် လို့ ပြောခဲ့တယ်နော်...ဘာတွေပဲ ဖြစ်ဖြစ်ငါနင့်ကို ချစ်ခဲ့ပါတယ်။.........ငါနင့်ကိုမေ့ဖို့ ဆိုတာ လည်း မဖြစ်နိုင်သေးလို့  ငါ့ကိုသတိရ ခွင့်လေးတော့ ပေးကွာ၊ ဒဏ်ရာဆိုတာ ပျောက်သွားမယ် ဆိုရင်တောင် အမာရွတ်လေးတော့ ထင်ကျန်နေခဲ့တယ်လေ...ငါရလိုက်တဲ့ ဒဏ်ရာက ရင်ထဲမှာပါ........
မိုးပြေး(၁၀.၁၀.၂၀၀၈)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:06:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

TAG ခေါင်းစဉ်က ဖြစ်သလို ၊ ကြုံသလိုစားခြင်းတဲ့....

ကျွန်တော်သည် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး အပျင်ထူ၍ နေစဉ် Cbox ထဲမှာ TAG ထားတယ်လို့  လာပြောမှပဲ သိတော့တယ်။ သူများတွေကရေးပြီးနေပါပြီ၊ အဲဒါကို ရွှေမင်းသမီး MEGUMI ကရုပ်ရှင်ရုံမှာ ရုပ်ရှင်ကောင်းသောကြောင့် ကြိတ်ကြိတ်တိုး အားပေးနေသရောင် ရေးပြီး ဆိုတာကို ကွင်းစကွင်းပိတ်နဲ့ တောင်ရေးလိုက်သေးတယ်။ မရှိတဲ့ဂုဏ်တွေကို မြင့်ပေးသေးတယ် အပေါ်ဆုံးကနေပြီး အပျင်းကြီးတဲ့ မိုးပြေးတဲ့ဗျာ.. ကဲဒါနဲ့ ပဲလိုရင်းကို မရောက်တော့ဘူး...TAG ထားတာကလည်း ကြုံသလိုစားခြင်းဆိုပဲ...
အရင်ဆုံးအနေနဲ့  ငယ်ငယ်တည်းက ကြိုက်တဲ့ ဟင်းမဟုတ်တဲ့ မပါမဖြစ်စားချင်တာကတော့ ငပိရည်ရယ် တို့ စရာရယ်ဆိုပါတော့ဗျာ.. ကြိုက်မှာပေါ့ဗျ ရွာသားကိုဗျာ... :D အသားဆိုရင်တော့ အမဲသားကိုတော့ မစားဖြစ်ဘူးဗျ ရှောင်ထားတယ် ထင်နေဦးမယ် မရှောင်ဘူးဗျ မစားချင်တာ ... ငါးဟင်းဆိုရင်တော့ ထုံးစံအတိုင်းမစားဘူးပေါ့ဗျာ ရွာသားဆိုတော့ နည်းနည်းတော့ဂျီးများတယ်.. ;) မစားတော့ အိမ်ကငါးကိုကြော်ကျွေးမလား မှတ်တယ်၊မထင်နဲ့ မကြော်ကျွေးပါဘူး.. :( မိန်းမရရင်တော့ ငါးကြော်ခိုင်းရမယ်..ဟီး :L ဟင်းသီးဟင်းရွက်ကတော့ ကြော်မလား ချက်မလား မကျက်တကျက်လား အကုန်ကြိုက်တယ်။ အထူးသဖြင့် ကန်စွန်းရွက်ကြော်ပေါ့ဗျာ။ သိကြတဲအတိုင်းပဲ ကန်စွန်းပလိန်းလေးနဲ့  Grand လေးနဲ့ ဆို မကောင်းပေဘူးလားဗျာ။ သူများတွေကတော့ ပြောကြပါတယ် ထမင်းစားရင် အရည်သောက်လေးပါမှ စာလို့ ဝင်တာဆိုပဲ။ ကျွန်တော်ကတော့ ဘာမှမရှိရင် ဆီနဲ့ ဆားနဲ့ ဆိုရင်လည်း စားလို့ ဝင်တယ်..စားပြီးရင် အချိုတည်းရအောင် ဆိုပြီးစဉ်းစားခဲ့ဘူးပါတယ်၊မဖြစ်သေးပါဘူးဗျာ၊ ဘာလို့ လည်းဆိုတော့ အဲဒီလောက်ကြီး ဇိမ်ခံနိုင်တဲ့ ဘ၀မျိုးကို မပိုင်ဆိုင်သေးဘူးလေ။ အသီးဆိုရင်တော့ ပန်းသီးအနီဆိုရင် မကြိုက်ဘူးဗျာ၊အစိမ်းရောင်မှ စားတယ်။ အခုတော့ အလကားရတဲ့ လမ်းဘေးက ပန်းသီးပင်ကနေပြီးတော့ ခူးစားပါတယ်။ :D လိမ္မော်သီးတော့ အရမ်းကြိုက်တယ်ဗျာ။ ဒါပေမယ် လက်ရှိမ၀ယ်စားနိုင်သေးပါ။ :L သောက်စရာဆိုရင်တော့ ကော်ဖီမချို မခါးလေးကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်ကြားဘူးတာကတော့" ဘ၀ဆိုတာ အချိုးကျကျ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်လိုပဲ"ဟုတ်တယ်လေဗျာ အမြဲတမ်းအဆင်ပြေတယ် ဆိုတာမရှိဘူးလေ။ နောက်ထပ် မကောင်းပါဘူး လို့ ပြောထားကာမှ သောက်ချင်နေတဲ့ ယမကာပေါ့ဗျာ။ နေ့ တိုင်းသောက်တယ် လို့ တော့မထင်ပါနဲ့  မသောက်နိုင်ပါဘူး ရံဖန်ရံခါပေါ့ဗျာ။ တီဗီတွေထဲမှာ မိုးလေ၀သသတင်း ကြေငြာသလိုပေါ့ မိုးသက်လေးပျင်းများ ကျရောက်စဉ် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင်တင့်ရှိပါမည် ဆိုသလို ရာသီဥတု အအေးလွန်ကဲလာလျှင် ကျွန်တော့်ရင်မှာ သူလေးက အသင့်အတင့် လိုအပ်လာပါတယ်။ မိန်းမရရင် အရက်ဖြတ်မည်ဟု စဉ်းစားထားပါသည်၊ :) အဘယ်ကြောင့်ဆိုသော် မိတ်ကပ်ဖိုးနဲ့ တင် မလောက်မှာသေချာနေ ပါပြီ။ အခုတော့ ကြုံရင် ကြုံသလို ကြက်ဥကြော်၊ ခေါက်ဆွဲခြောက်နှင့်သာ ဘ၀ကိုပျော်သလို ဖြတ်ကျော်နေပါသည်။ အဟာရဓတ် အပြည့်ပါသော ပဲမျိုးစုံကို 20 ရက်နောက်ပိုင်းမှစ၍ ကြော်၍တစ်မျိုး ချက်၍တဖုံ သုတ်၍တမျိုး မရိုးရအောင် စားဖြစ်ပါသည်။ ဤသည်ကား မိုးပြေးဟုခေါ်သော ကျွန်တော်၏ ကြုံသလို စားသောက်ခြင်းများပင် ဖြစ်ပေတော့သည်။ ရွှေမင်းသမီး MEGUMI ရေကျေနပ်ပေတော့ဗျို့ ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:03:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Vertical Menu တစ်ခု ဖန်တီးခြင်း....

မင်္ဂလာပါခင်ဗျာ....

ကျွန်တော် ကျောင်းပိတ်ရက်လေးမှာ အားလုံးအတွက် အဆင်ပြေမယ့် POST လေးတစ်ခု မျှဝေချင်ပါတယ်။Vertical Menu လုပ်တဲ့ပုံစံလေးပါ။ကိုယ့်ရဲ့  ဘလောဂ့်ကို အလှဆင်မယ်၊ သူများတွေနဲ့ မတူစေချင်ရင်တော့ စမ်းလုပ်ကြည့်ပါခင်ဗျာ။
အရင်ဆုံး ကိုယ့်ရဲ့ ဘလောဂ့်ကို Login ၀င်လိုက်ပါ ခင်ဗျာ။ Layout>>Edit HTML ကိုသွားပါ။ရောက်ပြီဆိုရင်တော့ Ctrl+F နဲ့  ]]></b:skin> ဆိုတာလေးကိုရှာလိုက်ပါ။ တွေ့ ပြီဆိုရင် အောက်က Script လေးကို ]]></b:skin>
အပေါ်ကနေ ထည့်ပေးပါ။
.glossymenu, .glossymenu li ul{
list-style-type: none;
margin: 0;
padding: 0;
width: 185px; /*WIDTH OF MAIN MENU ITEMS*/
border: 1px solid black;

.glossymenu li{
position: relative;

.glossymenu li a{
background: white url('http://blog.superinhost.com/vertical/blue1.gif') repeat-x bottom left;
font: bold 12px Verdana, Helvetica, sans-serif;
color: white;
display: block;
width: auto;
padding: 5px 0;
padding-left: 10px;
text-decoration: none;

.glossymenu li ul{
position: absolute;
width: 190px;
left: 0;
top: 0;
display: none;

.glossymenu li ul li{
float: left;

.glossymenu li ul a{
width: 180px;

.glossymenu li a:visited, .glossymenu li a:active{
color: white;

.glossymenu li a:hover{
background-image: url('http://blog.superinhost.com/vertical/blue2.gif');

* html .glossymenu li { float: left; height: 1%; }
* html .glossymenu li a { height: 1%; }

အနီရောင်နဲ့ ရေးထားတဲ့နေရာမှာ အောက်မှာပေးထားတဲ့ အထဲက ကိုယ်ကြိုက်ရာကို ပြောင်းပေးလို့ ရပါတယ်ခင်ဗျာ။ကြိုက်ပြီဆိုရင်တော့ ဘလောဂ့်ကို Save Template လုပ်လိုက်ပါ။

black1.gif
black2.gif

blue1.gif
blue2.gif

green1.gif

green2.gif

pink1.gif
pink2.gif

red1.gif
red2.gif

ပြီးတာနဲ့ "Page Elements" Menu ကိုသွားပါ။ "Add a Gadgetှ>>>HTML/JavaScript" မှာ အောက်က Code တွေ ထည့်ပေးပါ ခင်ဗျာ။

Home

Trik Blog

Free Template

Free Ebook

အနီရောင်နဲ့ ရေးတားတဲ့ Link နေရာမှာ ကိုယ်အသုံးပြုမယ့် Link တွေကိုထည့်ပေးပါ။
အပြာရောင်နဲ့ ရေးထားတဲ့ စာသားတွေနေရာမှာတော့ ကိုယ်ပေါ်စေချင်တဲ့ နာမည်ကိုရေးလိုက်ရင် ရပါပြီခင်ဗျာ။
ကျွန်တော် verticle menu Post လေးကို ဒီနေရာကနေ သင့်တော်သလို ပြန်ဆိုပါတယ်။
အဆင်ပြေပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:02:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

သူငယ်ချင်း ဂျပန်မလေး (megumi) အတွက်....

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:01:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

Instant Messenger Chat on LAN

ကျွန်တော်စာမရေးတာလည်း ကြာပြီလေ...ကျောင်းတက်ရတာကို အကြောင်းပြပြီး၊အပျင်းထူနေတာလေဗျာ။ကျောင်းကလည်း တက်နေရတယ်လေ။မွေးတည်းကစပြီး၊အမေက သားရယ်ကျောင်းတက်ရတာ ပျော်စရာကောင်းပါတယ် ဆိုပြီးတက်ခိုင်းနေတာ အခုအချိန်ထိပေါ့။ကျောင်းရောက်ရင်လည်း မျက်လုံးလေးက အလိုလိုကိုမှေးပြီးအိပ်ချင်လာတာ(ဆရာမရှိရင် လုံးဝကိုမအိပ်ချင်ပါ) :P ။ကျွန်တော်တို့ ဆီမှာကတော့ အင်တာနက်ကို LAN ကနေယူတယ်လေ။LAN ဆိုတာကတော့ LOCAL AREA NETWORK ပေါ့ဗျာ။ LOCAL AREA NETWORK ကိုသုံးတဲ့ နေရာတွေ တော်တော်များပါတယ်။ အဲဒီတော့ ပြောချင်တာက အင်တာနက်ဆိုတာက အစိုးမရဘူးလေဗျာ။ကောင်းချင်ရင်ကောင်း မကောင်းချင်ရင်တော့ သုံးလို့ မရဘူးပေါ့ဗျာ။ကျွန်တော်တို့ တစ်ကျောင်းတည်း သူငယ်ချင်းတွေကို တွေ့ ချင်ရင်တော့ Gtalk လေးကနေ ဟေ့ကောင် ဘာလုပ်နေလည်း လာခဲ့ဦး စသည်ဖြင့်ပေါ့ဗျာ။ အခန်းအပြင်ကို ထွက်ရမှာကို ပျင်းတာလေ။ :D အင်တာနက်ကျနေရင် တော့ဘယ်လိုလုပ်မလည်း သွားခေါ်ရမှာကလည်း ပျင်းတယ်ဆိုရင် ဖုန်းဆက်မလား မဆက်ပါ ဘူးခင်ဗျာ။ကောင်မလေးဆီ ဆိုရင်တော့ဆက်တာပေါ့ဗျာ။ :D ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ၊လွယ်ပါတယ် LAN ထဲကနေ chatting လုပ်မယ်လေဗျာ။ ဒါဆိုရင်တော့ LAN CHAT ဆိုတဲ့ Software လေးတစ်ခုတော့ ရှိဖို့ လိုအပ်ပါတယ်။ Software လေးကို Run ပြီးသုံးကြည့်လိုက်ပါဗျာ။ Run ရတာလည်းလွယ်ပါတယ်။ အဲဒီ Software လေးကို Run ပြီးတဲ့ သူတွေကို LAN ထဲမှာတွေ့ ရမှာပါ။ အောက်က ပုံစံလေး အတိုင်းပေါ်လာမှာပါ ။

Software လေးကို ဒီနေရာကနေ ရယူပါ ခင်ဗျာ။
လွယ်ကူစွာ ဆက်သွယ်နိုင်ပါစေခင်ဗျာ။ :D :L

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရေးသားချိန် 12/12/2008 02:00:00 PMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »