သူနဲ့ အတူ


တိမ်နှင့်လိုက်ပါ၊တိမ်တိုက်ကြားမှာ
ပျော်ဖူးပါရဲ့ ၊သူနဲ့ အတူ။
လရောင်ဒန်းစီး၊တေးချင်းညည်းဆို
ခရီးတစ်ထောက်၊လျှောက်ဖူးပါရဲ့ 
သူနဲ့ အတူ။
တွယ်မက်ဆွတ်ပျံ့ ၊ပန်းရနံ့ ထဲ
တွဲဖက်ကြည်နူး၊နေပျော်ဖူးရဲ့ 
သူနဲ့ အတူ ။
နိုးနေသည်ဟု
မှောင်ရီညနက်၊အိမ်မက်မက်ဆဲ
အိမ်မက်ပဲကွယ်၊တကယ်ဆိုက
အိပ်မောကျသူ
ဘ၀မနက်၊နေအထွက်မှာ
ခွဲခွာချန်ရက်၊ထားခဲ့ရက်မည်
သိလျက်မေ့မှာစိုးပါသည်။ ။

ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 12/12/2008 02:14:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

0 ဝေဖန်အကြံပြုထားပါတယ်။:

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး