အိမ်မက်စိတ်ကူး

နှစ်လွှာပေါင်းယှက်၊စွယ်တော်ရွက်လို
လမင်းနဘေး၊ကြယ်စင်လေးလို
ရေပြင်ပေါ်တင့်၊ရွှေကြာပွင့်လို
သခင့်အဖော်၊၀င့်မော်ပျော်ပါး
နှလုံးသားနှင့်
တွဲထားမယ်နော်၊ဘယ်ကိုခေါ်မလဲ
သွားကြမယ်လေ၊ဘယ်ကိုစေမလဲ
နွေထဲဖြစ်ဖြစ်၊မိုးတွင်းဖြစ်စေ
ဆောင်းသစ်မနက်ဖြန်၊တစ်သက်ပန်ရည်စူး
ချစ်ရသူရဲ့ ၊ရင်ခွင်နွေးကြောင့်
အိမ်မက်လေးကို၊ပိုလှစေတယ်။ ။

ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 12/12/2008 02:05:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

0 ဝေဖန်အကြံပြုထားပါတယ်။:

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး