Add your Photos in My Computer Properties
ဒီတစ်ခါတော့ My Computer Properties မှာ ကိုယ့်ရဲ့ 
ဓာတ်ပုံ ၊Phone Number ၊Address လေးတွေထည့်
ကြည့်ရအောင်ဗျာ၊ပေါ်လာမယ့်နေရာကတော့ SYSTEM
ဆိုတာမှာပါ ၊Manufacture ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ 
နာမည်ပေါ့ဗျာ၊ဘာရယ်၊ညာရယ်တော့မဟုတ်ဘူးလူရှိန်
တာပေါ့ဗျာ..:) :P Model ဆိုတဲ့နေရာမှာတော့ ကျွန်တော့်
ရဲ့ Computer ကအစုပ်ဖြစ်နေပေမယ့်လည်း ကျွန်တော်
လိုချင်တဲ့ Computer အမျိုးအစားကိုရေးပါတယ်ခင်ဗျာ၊
ဥပမာ-SONY VIAO ပေါ့ ၊[Support Information]ဆိုတဲ့
နေရာလေးမှာကတော့ Phone Number ၊Address လေး
တွေရေးလို့ ရပါတယ်ခင်ဗျာ။ ကဲ လုပ်ကြည့်လိုက်ရအောင်။
ကျွန်တော်အောက်မှာပေးထားတဲ့ စာသားလေးတွေကိုအရင်
ဆုံး Notepad လေးနဲ့ ကူးလိုက်ပါ။
[General]
Manufacturer="MOE PYAY"
Model=SONY, VIAO
[Support Information]
Line1= Your Ph No
Line2= Your Address
အစိမ်းရောင်နဲ့ ရေးထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်
ကိုရေးနိုင်ပါတယ်။ ကဲ စိတ်ကြိုက်ရေးပြီးရင်တော့ Notepad
ကို သိမ်းပါမယ်၊ File name ကို "oeminfo.ini" နဲ့ System32
မှာ Save ပါခင်ဗျာ။ သိမ်းပြီးရင်တော့ ကိုယ်တင်ချင်တဲ့ Photo
က Bitmap (.bmp)၊ Size ကို100 x 150 ရအောင်ပြင်ပြီးတော့
File name ကို "oemlogo.bmp" နဲ့ System32 မှာပဲ Save ပါ
ခင်ဗျာ။ သိပြီးတဲ့သူတွေ အတွက်တော့ ခွင့်လွှတ်ပါခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ......မိုးပြေး
0 ဝေဖန်အကြံပြုထားပါတယ်။:
Post a Comment
အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး