လောကကြီးတွင်လူတစ်မျိုးရှိသည်(၃)

လောကကြီးတွင်လူတစ်မျိုးရှိသည်.........
မတွေ့ မမြင်ရလျှင်လွမ်းနေတတ်ပြီး တွေ့ ပြန်ရင်လည် ရင်တွေခုန်ကာ ဆွံအနေတတ်သည်။
စိတ်ထဲ၊အတွေးထဲတွင် အမြဲလွမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း
အိမ်မက်ထဲထိ ကြီးစိုးနေတတ်သည်။ ကိုယ့်အတွက်အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလုမျိုးကို ချစ်သူ ဟုခေါ်သည်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.........
မိဘ၏ဆိုဆုံးမမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ဆရာများ၏ သွန်သင်ဆုံးမမှုနှင့်
အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေရယူတတ်လာခဲ့သည်။
ချစ်သူ၏ ကြင်နာယုယမှု အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမှုအောက်တွင် ဘ၀၏
တတ်လမ်းကို ရွှေးချယ်တတ်လာခဲ့သည်။ ထိုလူများသည် ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။
အချိန်တန်လျှင် ထွက်သွားကြသည်။ သူတို့ သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတကို တိုးပွားအောင် ကူညီပေးကြသည်။
ဘ၀ကို ပျော်ရွှင်မှုများဖြင့် စိုပြေစေခဲ့သည်။ ထိုလူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့  တစ်ခါတစ်ရံတွင်
မေ့နေတတ်သည်။ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်သည်။

ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 12/12/2008 02:16:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

0 ဝေဖန်အကြံပြုထားပါတယ်။:

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး