လောကကြီးတွင်လူတစ်မျိုးရှိသည်(၁)

လောကကြီးတွင်လူတစ်မျိုးရှိသည်....
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားသောက်ကောင်းများကို ကိုယ့်အတွက်
အမြဲချန်ထားတက်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့ အပြင်ထွက်လျှင် အစစအရာရာ
သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတက်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု
ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ကိုယ်မုန့် ဖိုးလိုသောအချိန်
လက်ဖြန့် တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှခက်ခဲကြောင်း ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတက်သည်။
ပါးစပ်က တပျစ်တောက်တောက် ရေရွက်နေသော်လည်း လက်ကပိုက်ဆံကမ်းပေးနေတက်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။

လောကကြီးတွင်လူတစ်မျိုးရှိသည်....
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတက်ပြီး သားသမီးရင်းခြာကဲ့သို့  ပဲ့ကိုင်လမ်းညွှန်တက်သည်။
စည်းကမ်းတွေကို ချမှတ်ပေးတက်ပြီး ဗဟုသုတများကို မျှဝေပေးတက်သည်။ဆူပူကြိမ်းမောင်းခြင်းမှာလည်း
စေတနာသာလျှင်ဖြစ်သည်။ ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။

ဒါတွေလည်းရေးထားသေးတယ်ဗျာ။



ရေးသားချိန် 12/12/2008 02:12:00 AMရေးသားသူ မိုးပြေး အညွှန်း | 0 အကြံပြုချက်များ »

0 ဝေဖန်အကြံပြုထားပါတယ်။:

Post a Comment

အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး