လောကကြီးတွင်လူတစ်မျိုးရှိသည်(၂)
လောကကြီးတွင်လူတစ်မျိုးရှိသည်..........
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်းလုတတ်သေးသည်။
ကိုယ့်ဝေစုကိုလုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။
သို့ သော်ကိုယ့်ကိုတစ်ခြားသူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံက
သွေးနီးကြသည်။ ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
လောကကြီးတွင်လူတစ်မျိုးရှိသည်..........
တစ်ခြားသူမသိသော ကိုယ်၏လျှိုဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှရပ်တည် ၀န်ခံပေးတတ်သည်။
အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေနေလျှင် သူ့ ကိုမေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို
စိတ်ရှည်ရှည် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
0 ဝေဖန်အကြံပြုထားပါတယ်။:
Post a Comment
အဆွေတော်တို့ ၏ စကားသံများသည် ကျွန်တော့်အတွက်တော့ မည်သည့်အရာနှင့်မျှ မတူသော ခွန်အားဖြစ်စေပါတယ်။ ကျေးဇူးတင်စွာဖြင့် မိုးပြေး